သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရား႐ံုးခ်ဳပ္ တရားသူႀကီးသစ္ခန္႔အပ္ေရး တတိယေျမာက္ေန႔ အေမရိကန္ လႊတ္ေတာ္ၾကားနာပြဲ


(Zawgyi/Unicode)

တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ အဆိုျပဳခံထားရသူ Amy Coney Barrett ဟာဗုဒၶဟူးေန႔မွာလည္း အထက္ လႊတ္ေတာ္ တရားေရး ေကာ္မတီ ေရွ႕ေမွာက္ ၾကားနာ စစ္ေဆးပြဲမွာ အေမရိကန္ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္နဲ႔ ပတ္သက္ၿပီး သူ႔ရဲ့ အယူအဆ ထပ္ၿပီး ေမးျမန္းခံခဲ့ရပါတယ္။

အေမရိကန္အမ်ိဳးသားက်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္နဲ႔ ပတ္သက္ၿပီး နိုဝင္ဘာလ ၁၀ ရက္ေန႔မွာ တရား႐ုံးခ်ဳပ္မွာ ေဆြးေႏြးဖို႔ ရွိေနတာ ျဖစ္ ပါတယ္။ Obamacare လို႔လည္း လူသိမ်ားတဲ့ လက္ရွိ အမ်ိဳးသား က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္အေပၚ သူ႔အေနနဲ႔ ျပင္းျပင္းထန္ထန္ဆန္႔က်င္ျခင္း မရွိဘူးလို႔ Barrett က တတိယေျမာက္ေန႔ ၾကားနာစစ္ေဆးပြဲမွာ ေျပာပါတယ္။

တရားသူႀကီး တစ္ေယာက္အေနနဲ႔ အယူအဆေတြကို လက္ခံ ႀကိဳဆိုတဲ့ ပြင့္လင္းတဲ့ စိတ္ထားရွိရမွာ ျဖစ္တယ္လို႔လည္း အထက္ လႊတ္ေတာ္ အမတ္ေတြကို Barrett က ေျပာပါတယ္။

အဂၤါေန႔က ၁၂ နာရီၾကာ ျပဳလုပ္ခဲ့တဲ့ ၾကားနာ စစ္ေဆးပြဲမွာေတာ့ တရားသူႀကီး Barrett က တရား႐ုံးခ်ဳပ္မွာ ၾကားနာ ေဆြးေႏြး လာနိုင္ တဲ့ အမႈႀကီးေတြအေပၚထားရွိတဲ့ သူ႔ရဲ့ အယူအဆေတြကို အတိအလင္း ေျဖဆိုေျပာၾကားျခင္း မျပဳဘဲေနခဲ့ပါတယ္။ အမႈေတြကိုဆုံးျဖတ္ တဲ့အခါ သူ႔ရဲ့ ပုဂၢိဳလ္ ေရးနဲ႔ ဘာသာေရး အယူအဆေတြကို လႊမ္းမိုးခံမွာ မဟုတ္ေၾကာင္းသာ ေျပာပါတယ္။

ဒါ့အျပင္ သူ႔ရဲ့ ေနာက္ကြယ္မွာ ဖုန္းကြယ္ထားတဲ့ အႀကံအစည္ မရွိေၾကာင္းနဲ႔ ဥပေဒေၾကာင္းအရသာ လိုက္နာ လုပ္ေဆာင္သြားမယ္ လို႔ လည္း ေျပာပါတယ္။

အသက္ ၄၈ ႏွစ္အရြယ္Barrett ကို တရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ ခန္႔အပ္ျဖစ္မယ္ဆိုရင္ တရား႐ုံးခ်ဳပ္က ေရွးရိုးဆန္ ကြန္ဆား ေဗးတစ္ တရားသူႀကီးေတြအၾကား ဆဌမ ေျမာက္ ကြန္ဆားေဗးတစ္ တရားသူႀကီး ျဖစ္လာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဖြဲ႕ဝင္ ၉ ေယာက္ရွိတဲ့ တရား႐ုံးခ်ဳပ္မွာ ၆ မဲ ၃ မဲနဲ႔ လစ္ဘရယ္ တရားသူႀကီးေတြ အေပၚ ျပတ္ျပတ္သားသား အသာစီး ရသြားေစမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

တရားရုံးချုပ် တရားသူကြီးသစ်ခန့်အပ်ရေး တတိယမြောက်နေ့ အမေရိကန် လွှတ်တော်ကြားနာပွဲ

(Unicode)

တရားရုံးချုပ် တရားသူကြီးအဖြစ် အဆိုပြုခံထားရသူ Amy Coney Barrett ဟာဗုဒ္ဓဟူးနေ့မှာလည်း အထက် လွှတ်တော် တရားရေး ကော်မတီ ရှေ့မှောက် ကြားနာ စစ်ဆေးပွဲမှာ အမေရိကန် ကျန်းမာရေး စောင့်ရှောက်မှု စနစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အယူအဆ ထပ်ပြီး မေးမြန်းခံခဲ့ရပါတယ်။

အမေရိကန်အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု စနစ်နဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှာ တရားရုံးချုပ်မှာ ဆွေးနွေးဖို့ ရှိနေတာ ဖြစ် ပါတယ်။ Obamacare လို့လည်း လူသိများတဲ့ လက်ရှိ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု စနစ်အပေါ် သူ့အနေနဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ခြင်း မရှိဘူးလို့ Barrett က တတိယမြောက်နေ့ ကြားနာစစ်ဆေးပွဲမှာ ပြောပါတယ်။

တရားသူကြီး တစ်ယောက်အနေနဲ့ အယူအဆတွေကို လက်ခံ ကြိုဆိုတဲ့ ပွင့်လင်းတဲ့ စိတ်ထားရှိရမှာ ဖြစ်တယ်လို့လည်း အထက် လွှတ်တော် အမတ်တွေကို Barrett က ပြောပါတယ်။

အင်္ဂါနေ့က ၁၂ နာရီကြာ ပြုလုပ်ခဲ့တဲ့ ကြားနာ စစ်ဆေးပွဲမှာတော့ တရားသူကြီး Barrett က တရားရုံးချုပ်မှာ ကြားနာ ဆွေးနွေး လာနိုင် တဲ့ အမှုကြီးတွေအပေါ်ထားရှိတဲ့ သူ့ရဲ့ အယူအဆတွေကို အတိအလင်း ဖြေဆိုပြောကြားခြင်း မပြုဘဲနေခဲ့ပါတယ်။ အမှုတွေကိုဆုံးဖြတ် တဲ့အခါ သူ့ရဲ့ ပုဂ္ဂိုလ် ရေးနဲ့ ဘာသာရေး အယူအဆတွေကို လွှမ်းမိုးခံမှာ မဟုတ်ကြောင်းသာ ပြောပါတယ်။

ဒါ့အပြင် သူ့ရဲ့ နောက်ကွယ်မှာ ဖုန်းကွယ်ထားတဲ့ အကြံအစည် မရှိကြောင်းနဲ့ ဥပဒေကြောင်းအရသာ လိုက်နာ လုပ်ဆောင်သွားမယ် လို့ လည်း ပြောပါတယ်။

အသက် ၄၈ နှစ်အရွယ်Barrett ကို တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ဖြစ်မယ်ဆိုရင် တရားရုံးချုပ်က ရှေးရိုးဆန် ကွန်ဆား ဗေးတစ် တရားသူကြီးတွေအကြား ဆဌမ မြောက် ကွန်ဆားဗေးတစ် တရားသူကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့ဝင် ၉ ယောက်ရှိတဲ့ တရားရုံးချုပ်မှာ ၆ မဲ ၃ မဲနဲ့ လစ်ဘရယ် တရားသူကြီးတွေ အပေါ် ပြတ်ပြတ်သားသား အသာစီး ရသွားစေမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG