သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥပေဒအျငင္းပြားမႈအေပၚရပ္တည္ခ်က္ကို အဆိုျပဳခံတရား႐ံုးခ်ဳပ္ တရားသူႀကီး Barrett ေျဖၾကားဖို႔ျငင္းဆန္


တရားသူႀကီး Barrett

(Zawgyi/Unicode)

အေမရိကန္ တရား႐ုံးခ်ဳပ္ တရားသူႀကီး အျဖစ္ အဆိုျပဳခံထားရသူ Amy Coney Barrett က တရား႐ုံးခ်ဳပ္မွာ ၾကားနာ ေဆြးေႏြး လာနိုင္ တဲ့ အမႈႀကီးေတြအေပၚထားရွိတဲ့ သူ႔ရဲ့ အယူအဆေတြကို အတိအလင္း ေျဖဆိုေျပာၾကားျခင္း မရွိဘဲ အမႈေတြကို ဆုံးျဖတ္တဲ့အခါ သူ႔ရဲ႕ပုဂၢိဳလ္ ေရးနဲ႔ ဘာသာေရး အယူအဆေတြကို လႊမ္းမိုးခံမွာ မဟုတ္ဘူးလို႔ပဲ ေျပာပါတယ္။ တရား႐ုံးခ်ဳပ္ တရားသူႀကီး အျဖစ္ သမၼတ ေဒၚနယ္ ထရမ့္ အဆိုျပဳထားသူ Barrett က အဂၤါေန႔က က်င္းပတဲ့ ဒုတိယေျမာက္ရက္ အထက္လႊတ္ေတာ္ ၾကားနာ စစ္ေဆးပြဲ မွာ အထက္ လႊတ္ေတာ္ အမတ္ေတြရဲ႕ ေမးျမန္းခ်က္ေတြကို တိုက္ရိုက္ ေျဖၾကားျခင္း မျပဳဘဲ ေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ သူ႔ရဲ့ ေနာက္ကြယ္မွာ ဖုန္းကြယ္ထားတဲ့ အႀကံအစည္ မရွိေၾကာင္းနဲ႔ ဥပေဒေၾကာင္းအရသာ လိုက္နာ လုပ္ေဆာင္သြားမွာ ျဖစ္ တယ္လို႔ လည္း ေျပာပါတယ္။

အထက္လႊတ္ေတာ္ ရစ္ပတ္ဘလင္ကန္အမတ္ေတြျဖစ္တဲ့ တရားေရးေကာ္မတီ ဥကၠဌ Lindsey Graham နဲ႔ Chuck Grassley တို႔နဲ႔ အတူ ဒီမိုကရက္ အမတ္ Dianne Feinstein နဲ႔ Patrick Leahy တို႔က ကိုယ္ဝန္ ဖ်က္ခ်မႈကိစၥ၊ ေသနတ္လက္နက္ ပိုင္ဆိုင္မႈကိစၥ နဲ႔ ေနာက္လမွာ တရား႐ုံးခ်ဳပ္မွာ ၾကားနာေဆြးေႏြးမယ့္ အမ်ိဳးသား က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္ကိစၥေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းခ်က္ေတြ အေပၚ အတိအလင္း ေျဖၾကားမေျဖၾကားဘဲ ေနခဲ့တာ ျဖစ္ပါတယ္။

သမၼတ ထရမ့္က ေရြးခ်ယ္ၿပီး အထက္လႊတ္ေတာ္က အပူတျပင္း ခန္႔အပ္ခဲ့သူ သူ႔အေနနဲ႔ နိုဝင္ဘာလ သမၼတ ေရြးေကာက္ပြဲအၿပီး ျဖစ္ေပၚလာနိုင္တဲ့ ေရြးေကာက္ပြဲဆိုင္ရာ အမႈအခင္းေတြကို ဆုံးျဖတ္တဲ့အခါမွာ ပါဝင္ ပတ္သက္မႈ မရွိဘဲ ေနနိုင္မလားဆိုတဲ့ ေမးခြန္း အေပၚမွာေတာ့ သူ ဘယ္လို ဆုံးျဖတ္မလဲ ဆိုတာကို သမၼတ ထရမ့္နဲ႔ေကာ သူ႔ အဖြဲ႕ေတြနဲ႔ပါ ေဆြးေႏြးထားတာ မရွိဘူးလို႔ ေျပာ ပါတယ္။

နိုဝင္ဘာလ ေရြးေကာက္ပြဲမွာ စာတိုက္ကတဆင့္ အေျမာက္အျမား မဲေပးတဲ့အေပၚ သမၼတ ထရမ့္က ေရြးေကာက္ပြဲ မသမာမႈေတြ ရွိမွာျဖစ္ေၾကာင္းေျပာၿပီး တရား႐ုံးခ်ဳပ္က ဒီကိစၥကို အဆုံးအျဖတ္ ေပးသင့္တယ္လို႔ ေျပာေနခဲ့တာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာ သူ႔ရဲ့ ၿပိဳင္ဘက္ Joe Biden က လူထု သေဘာထား စစ္တမ္းေတြမွာ ဦးေဆာင္ေနတာပါ။

အသက္ ၄၈ ႏွစ္အရြယ္ Barrett ကို ခန္႔အပ္မယ္ဆိုရင္ တရား႐ုံးခ်ဳပ္ကေရွးရိုးဆန္ ကြန္ဆား ေဗးတစ္ တရားသူႀကီးေတြအၾကား ဆဌမ ေျမာက္ ကြန္ဆားေဗးတစ္ တရားသူႀကီး ျဖစ္လာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဖြဲ႕ဝင္ ၉ ေယာက္ရွိတဲ့ တရား႐ုံးခ်ဳပ္မွာ ၆ မဲ ၃ မဲနဲ႔ လစ္ဘရယ္ တရားသူႀကီးေတြ အေပၚ ျပတ္ျပတ္သားသား အသာစီး ရသြားေစမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဥပဒေအငြင်းပွားမှုအပေါ်ရပ်တည်ချက်ကို အဆိုပြုခံတရားရုံးချုပ် တရားသူကြီး Barrett ဖြေကြားဖို့ငြင်းဆန်

(Unicode)

အမေရိကန် တရားရုံးချုပ် တရားသူကြီး အဖြစ် အဆိုပြုခံထားရသူ Amy Coney Barrett က တရားရုံးချုပ်မှာ ကြားနာ ဆွေးနွေး လာနိုင် တဲ့ အမှုကြီးတွေအပေါ်ထားရှိတဲ့ သူ့ရဲ့ အယူအဆတွေကို အတိအလင်း ဖြေဆိုပြောကြားခြင်း မရှိဘဲ အမှုတွေကို ဆုံးဖြတ်တဲ့အခါ သူ့ရဲ့ပုဂ္ဂိုလ် ရေးနဲ့ ဘာသာရေး အယူအဆတွေကို လွှမ်းမိုးခံမှာ မဟုတ်ဘူးလို့ပဲ ပြောပါတယ်။ တရားရုံးချုပ် တရားသူကြီး အဖြစ် သမ္မတ ဒေါ်နယ် ထရမ့် အဆိုပြုထားသူ Barrett က အင်္ဂါနေ့က ကျင်းပတဲ့ ဒုတိယမြောက်ရက် အထက်လွှတ်တော် ကြားနာ စစ်ဆေးပွဲ မှာ အထက် လွှတ်တော် အမတ်တွေရဲ့ မေးမြန်းချက်တွေကို တိုက်ရိုက် ဖြေကြားခြင်း မပြုဘဲ နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ နောက်ကွယ်မှာ ဖုန်းကွယ်ထားတဲ့ အကြံအစည် မရှိကြောင်းနဲ့ ဥပဒေကြောင်းအရသာ လိုက်နာ လုပ်ဆောင်သွားမှာ ဖြစ် တယ်လို့ လည်း ပြောပါတယ်။

အထက်လွှတ်တော် ရစ်ပတ်ဘလင်ကန်အမတ်တွေဖြစ်တဲ့ တရားရေးကော်မတီ ဥက္ကဌ Lindsey Graham နဲ့ Chuck Grassley တို့နဲ့ အတူ ဒီမိုကရက် အမတ် Dianne Feinstein နဲ့ Patrick Leahy တို့က ကိုယ်ဝန် ဖျက်ချမှုကိစ္စ၊ သေနတ်လက်နက် ပိုင်ဆိုင်မှုကိစ္စ နဲ့ နောက်လမှာ တရားရုံးချုပ်မှာ ကြားနာဆွေးနွေးမယ့် အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းချက်တွေ အပေါ် အတိအလင်း ဖြေကြားမဖြေကြားဘဲ နေခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်က ရွေးချယ်ပြီး အထက်လွှတ်တော်က အပူတပြင်း ခန့်အပ်ခဲ့သူ သူ့အနေနဲ့ နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာနိုင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အမှုအခင်းတွေကို ဆုံးဖြတ်တဲ့အခါမှာ ပါဝင် ပတ်သက်မှု မရှိဘဲ နေနိုင်မလားဆိုတဲ့ မေးခွန်း အပေါ်မှာတော့ သူ ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို သမ္မတ ထရမ့်နဲ့ကော သူ့ အဖွဲ့တွေနဲ့ပါ ဆွေးနွေးထားတာ မရှိဘူးလို့ ပြော ပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ စာတိုက်ကတဆင့် အမြောက်အမြား မဲပေးတဲ့အပေါ် သမ္မတ ထရမ့်က ရွေးကောက်ပွဲ မသမာမှုတွေ ရှိမှာဖြစ်ကြောင်းပြောပြီး တရားရုံးချုပ်က ဒီကိစ္စကို အဆုံးအဖြတ် ပေးသင့်တယ်လို့ ပြောနေခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ သူ့ရဲ့ ပြိုင်ဘက် Joe Biden က လူထု သဘောထား စစ်တမ်းတွေမှာ ဦးဆောင်နေတာပါ။

အသက် ၄၈ နှစ်အရွယ် Barrett ကို ခန့်အပ်မယ်ဆိုရင် တရားရုံးချုပ်ကရှေးရိုးဆန် ကွန်ဆား ဗေးတစ် တရားသူကြီးတွေအကြား ဆဌမ မြောက် ကွန်ဆားဗေးတစ် တရားသူကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့ဝင် ၉ ယောက်ရှိတဲ့ တရားရုံးချုပ်မှာ ၆ မဲ ၃ မဲနဲ့ လစ်ဘရယ် တရားသူကြီးတွေ အပေါ် ပြတ်ပြတ်သားသား အသာစီး ရသွားစေမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG