သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ တရား႐ံုးခ်ဳပ္ တရားသူႀကီးသစ္ခန္႔အပ္ေရး ပထမေန႔ လႊတ္ေတာ္ ၾကားနာပြဲ


လစ္လပ္ေနတဲ့ တရားရံုးခ်ဳပ္ တရားသူႀကီး ေနရာမွာ ခန္႔အပ္ဖို႔ သမၼတေဒၚနယ္ထရမ့္ အမည္စာရင္း တင္သြင္းထားတဲ့ Amy Coney Barrett

(Zawgyi/Unicode)

လစ္လပ္ေနတဲ့ တရားရံုးခ်ဳပ္ တရားသူႀကီး ေနရာမွာ ခန္႔အပ္ဖို႔ သမၼတေဒၚနယ္ထရမ့္ အမည္စာရင္း တင္သြင္းထားတဲ့ Amy Coney Barrett ကို အတည္ျပဳႏိုင္ေရးအတြက္ တနလၤာေန႔က ဝါရွင္တန္မွာ စတင္တဲ့ ေလးရက္ၾကာျပဳလုပ္မယ့္ ၾကားနာပြဲမွာ Barrett က တရားရံုးေတြ အေနနဲ႔ မူဝါဒခ်မွတ္ဖို႔ မႀကိဳးစားသင့္ေၾကာင္းနဲ႔ ဒါဟာ အေမရိကန္ သမၼတနဲ႔ လႊတ္ေတာ္က လုပ္ေဆာင္ရမယ့္ ကိစၥျဖစ္ေၾကာင္း အထက္လႊတ္ေတာ္အမတ္ေတြကို ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ တရားရံုးခ်ဳပ္ဟာ ျပည္သူေတြရဲ့ လူေနမႈဘဝဆိုင္ရာ အမွားအယြင္းတိုင္းကို ျပင္ဖို႔မဟုတ္သလို ျပႆနာရပ္တိုင္းကိုလည္း ေျဖရွင္းဖို႔ အတြက္ ထားတာ မဟုတ္ေၾကာင္း ေျပာၾကားရင္း တရားရံုးခ်ဳပ္ ရဲ့ အခန္းက႑နဲ႔ ပတ္သက္တဲ့ ျပတ္သားတဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြကို ခ်ျပခဲ့ပါတယ္။

ၾကားနာပြဲ စတင္ခ်ိန္မွာပဲ ပါတီႀကီး ၂ ရပ္ၾကား မူဝါဒပိုင္းဆိုင္ရာ အျငင္းပြါးေနတဲ့ ျပႆနာတခုျဖစ္တဲ့ Affordable Care Act (ACA) ေခၚ အမ်ားတတ္ႏိုင္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ ဆိုင္ရာ ဥပေဒ အတည္ျပဳေရး နဲ႔ပတ္သက္ၿပီး အထက္လႊတ္ေတာ္ တရားေရးေကာ္မတီက ဦးေဆာင္ ဒီမိုကရက္တဦးျဖစ္တဲ့ အထက္လႊတ္ေတာ္အမတ္ Dianne Feinstein က ေမးခြန္းထုတ္ ခဲ့တာပါ။ အေမရိကန္ႏုိင္ငံသား သန္းေပါင္းမ်ားစြာအတြက္ သက္ေရာက္မႈရွိတဲ့ ဒီဥပေဒကို အတည္ျပဳေပးေရး ဆိုင္းငံ့ထားဖို႔ ၂၀၁၂ တုန္းက တရားရံုးခ်ဳပ္ရဲ့ ဆံုးျဖတ္ခ်က္ဟာ မွားယြင္းေၾကာင္း အထက္လႊတ္ေတာ္အမတ္က ရႈျမင္ပါတယ္။

ဒီဥပေဒနဲ႔ပတ္သက္ၿပီး တရားရံုးခ်ဳပ္မွာ ႏိုဝင္ဘာလ ၁၀ ရက္ေန႔က်ရင္ အေျခအတင္ ေျပာၾကားဖုိ႔ ရွိၿပီး ဒီအခ်ိန္မွာ တရားရံုးခ်ဳပ္တရားသူႀကီး ၉ ဦးထဲမွာ Barrett လည္း ပါေနႏိုင္တာေၾကာင့္ ဒီဥပေဒ အတည္ျပဳေရး မျပဳေရးဟာ သူမအေပၚမွာလည္း မူတည္ လာႏိုင္တာ ျဖစ္ပါတယ္။

လက္ရွိမွာ တရားသူႀကီး ၈ ဦးပဲ ရွိေနတဲ့ တရားရံုးခ်ဳပ္ အတြက္ သူမကို ခန္႔ေရး မခန္႔ေရးဟာ သိပ္ကို အေရးပါေနတာပါ။ ရီပတ္ဘလစ္ကင္ေတြ ႀကီးစိုးတဲ့ အထက္လႊတ္ေတာ္က ႏိုဝင္ဘာ ၃ ရက္ သမၼတ ေရြးေကာက္ပြဲမတိုင္ခင္ လက္ရွိသမၼတ ေဒၚနယ္ထရမ့္ လက္ထက္မွာ သူမကို ခန္႔အပ္ေရး အတည္ျပဳႏိုင္ဖုိ႔ ႀကိဳးစားေနတာ ျဖစ္ၿပီး ဒီလိုခန္႔အပ္ႏိုင္ရင္ တရားရံုးခ်ဳပ္မွာ လစ္ဘရယ္တရားသူႀကီးထက္ ကြန္ဆာေဗးတစ္ တရားသူႀကီးအေရ အတြက္က ၆ ေယာက္ ၃ ေယာက္နဲ႔ သာသြားမွာ ျဖစ္ပါတယ္။

ေရြးေကာက္ပြဲမွာ သမၼတထရမ့္နဲ႔ ယွဥ္ၿပိဳင္မယ့္ ဒီမိုကရက္တစ္ပါတီက ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္ ကေတာ့ ေရြးေကာက္ပြဲ အၿပီး တက္လာတဲ့ သမၼတကသာ လစ္လပ္ေနတဲ့ တရားရံုးခ်ဳပ္တရားသူႀကီးေနရာ အတြက္ အသစ္ခန္႔အပ္ဖို႔ လုပ္ေဆာင္ေစခ်င္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အမေရိကန် တရားရုံးချုပ် တရားသူကြီးသစ်ခန့်အပ်ရေး ပထမနေ့ လွှတ်တော် ကြားနာပွဲ

(Unicode)

လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီး နေရာမှာ ခန့်အပ်ဖို့ သမ္မတဒေါ်နယ်ထရမ့် အမည်စာရင်း တင်သွင်းထားတဲ့ Amy Coney Barrett ကို အတည်ပြုနိုင်ရေးအတွက် တနင်္လာနေ့က ဝါရှင်တန်မှာ စတင်တဲ့ လေးရက်ကြာပြုလုပ်မယ့် ကြားနာပွဲမှာ Barrett က တရားရုံးတွေ အနေနဲ့ မူဝါဒချမှတ်ဖို့ မကြိုးစားသင့်ကြောင်းနဲ့ ဒါဟာ အမေရိကန် သမ္မတနဲ့ လွှတ်တော်က လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ကြောင်း အထက်လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရားရုံးချုပ်ဟာ ပြည်သူတွေရဲ့ လူနေမှုဘဝဆိုင်ရာ အမှားအယွင်းတိုင်းကို ပြင်ဖို့မဟုတ်သလို ပြဿနာရပ်တိုင်းကိုလည်း ဖြေရှင်းဖို့ အတွက် ထားတာ မဟုတ်ကြောင်း ပြောကြားရင်း တရားရုံးချုပ် ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ပြတ်သားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ချပြခဲ့ပါတယ်။

ကြားနာပွဲ စတင်ချိန်မှာပဲ ပါတီကြီး ၂ ရပ်ကြား မူဝါဒပိုင်းဆိုင်ရာ အငြင်းပွါးနေတဲ့ ပြဿနာတခုဖြစ်တဲ့ Affordable Care Act (ACA) ခေါ် အများတတ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ဥပဒေ အတည်ပြုရေး နဲ့ပတ်သက်ပြီး အထက်လွှတ်တော် တရားရေးကော်မတီက ဦးဆောင် ဒီမိုကရက်တဦးဖြစ်တဲ့ အထက်လွှတ်တော်အမတ် Dianne Feinstein က မေးခွန်းထုတ် ခဲ့တာပါ။ အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာအတွက် သက်ရောက်မှုရှိတဲ့ ဒီဥပဒေကို အတည်ပြုပေးရေး ဆိုင်းငံ့ထားဖို့ ၂၀၁၂ တုန်းက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်း အထက်လွှတ်တော်အမတ်က ရှုမြင်ပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး တရားရုံးချုပ်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ကျရင် အခြေအတင် ပြောကြားဖို့ ရှိပြီး ဒီအချိန်မှာ တရားရုံးချုပ်တရားသူကြီး ၉ ဦးထဲမှာ Barrett လည်း ပါနေနိုင်တာကြောင့် ဒီဥပဒေ အတည်ပြုရေး မပြုရေးဟာ သူမအပေါ်မှာလည်း မူတည် လာနိုင်တာ ဖြစ်ပါတယ်။

လက်ရှိမှာ တရားသူကြီး ၈ ဦးပဲ ရှိနေတဲ့ တရားရုံးချုပ် အတွက် သူမကို ခန့်ရေး မခန့်ရေးဟာ သိပ်ကို အရေးပါနေတာပါ။ ရီပတ်ဘလစ်ကင်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်က နိုဝင်ဘာ ၃ ရက် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ သူမကို ခန့်အပ်ရေး အတည်ပြုနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဒီလိုခန့်အပ်နိုင်ရင် တရားရုံးချုပ်မှာ လစ်ဘရယ်တရားသူကြီးထက် ကွန်ဆာဗေးတစ် တရားသူကြီးအရေ အတွက်က ၆ ယောက် ၃ ယောက်နဲ့ သာသွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ သမ္မတထရမ့်နဲ့ ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီက ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင် ကတော့ ရွေးကောက်ပွဲ အပြီး တက်လာတဲ့ သမ္မတကသာ လစ်လပ်နေတဲ့ တရားရုံးချုပ်တရားသူကြီးနေရာ အတွက် အသစ်ခန့်အပ်ဖို့ လုပ်ဆောင်စေချင်တာ ဖြစ်ပါတယ်။

XS
SM
MD
LG