ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ တို့ဟာ ဒီကနေ့မှာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ပြီး ဖြစ်ပေမယ့် ရခိုင်အမျိုးသားကောင်စီANC ကတော့ လက်မှတ် မရေးထိုးနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။ ရခိုင်အမျိုး သားကောင်စီANCဟာ ဖေဖေါ်ဝါရီ(၉)ရက်နေ့ကတည်းက အစိုးရငြိမ်းချမ်း ရေးကော်မရှင်အဖွဲ့နဲ့ညှိနှိုင်းမှုအပြီး NCAအပစ်ရပ်လက်မှတ်ရေးထိုးဖို့ကြေညာထားပြီးမှ တပ်မတော်ဘက်နဲ့ညှိနှိုင်းရာမှာ အဆင်မပြေခဲ့တဲ့အတွက် NCA လက်မှတ်မရေးထိုးနိုင်သေးဘူးလို့ ANCခေါင်းဆောင်တွေကပြောပါတယ်။ ရခိုင်အမျိုးသားကောင်စီကနေ NCA လက်မှတ်ရေးထိုးဖို့အတွက် ကန့်သတ်ခံနေရတဲ့အခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကပြောပြပေးမှာပါ။
ရခိုင်အမျိုးသားကောင်စီANCအနေနဲ့ ဖေဖေါ်ဝါရီ(၁၃)ရက်နေ့မှာ NCAအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးပွဲ အခန်း အနားကိုတက်ရောက်မှာမဟုတ်သလို လက်မှတ်ရေးထိုးဖို့အတွက် ကန့်သတ်ခံနေရတယ်လို့ ရခိုင်အမျိုးသား ကောင်စီအတွင်းရေးမှူးဦးထွန်းဇော်ကပြောပါတယ်။
အဓိကတော့ တန်းတူရေး အားလုံးပါဝင်မှုမရှိတဲ့အခြေအနေအတွက် ဖြစ်ပွါးရတယ်လို့ဘဲပြောရမှာဖြစ်ပါတယ်။ အဲတာ ကြောင့်မို့လို့ ကျွန်တော်တို့က ဒီနေ့ကျင်းပပြုလုပ်တဲ့ NCAလက်မှတ်ရေးထိုးတဲ့အခန်းအနားမှာ ကျွန်တော်တို့ပါဝင် ဖို့အတွက် အနေအထားမဖြစ်တော့ဘူးဆိုတဲ့ အခြေအနေကိုရောက်သွားပါပြီး။
ရခိုင်အမျိုးသားကောင်စီANCဟာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးအပြီး NCAအပစ်ရပ် လက်မှတ်ရေးထိုးဖို့ပြီးခဲ့တဲ့ရက်တွေတုန်းက ဆုံဖြတ်ခဲ့တာပါ။
ANCအနေနဲ့ ဒီလ(၉)ရက်နေ့ကတည်းက အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ချိတ်ဆက်လုပ်ဆောင်ခဲ့ပေမဲ့ တပ်မ တော်ဘက်နဲ့ညှိနှိုင်းရာမှာအဆင်မပြေခဲ့လို့ NCAလက်မှတ်မထိုးဖြစ်တာဖြစ်ကြောင်း ဦးထွန်းဇော်ကဆက်ပြောပါ တယ်။
ပြီးခဲ့တဲ့(၉)ရက်နေ့မှာ အစိုးရဘက်ကိုကမ်းလှမ်းတယ်။ ဒါကကျွန်တော်တို့ ANCရဲ့ Capacity အနေနဲ့ကြိုးပမ်း တာ ဖြစ်တယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်ဦးနိုင်ငံလင်းကို ကျွန်တော်တို့ ဒီ UNFC ကောင်စီအစည်း အဝေး ကာလအတွင်းမှာဘဲ စေလွှတ်ပါတယ်။ (၁၀)ရက်နေ့တနေကုန်နီးပါးကျွန်တော်တို့ဆွေးနွေးပါတယ်။ ညှိနှိုင်း အဖြေရှာပါတယ်။ အဖြေရှာပြီးတော့မှပေါ့နော် ရလုနီးပါးအခြေအနေမှာဘဲ ကျွန်တော်တို့ANCအနေနဲ့ဆိုလို့ရှိရင် အစိုးရဘက်ကအဖြေရှာပေးတဲ့ သူတို့ရဲ့ (Condition)တွေကတော့ ကျွန်တော်တို့လက်ခံနိုင်တဲ့အနေအထားရှိ ပါ တယ်။ ဒါပေမဲ့အစိုးရကတပ်ဖက်နဲ့ညှိတဲ့အချိန်မှာ အဆင်မပြေဘူးဖြစ်တယ်။ အစိုးရနဲ့တပ်နဲ့ပြေလည်မှုမရှိတာ ကတော့ အစိုးရတရပ်လုံးရဲ့သဘောထားဖြစ်တယ်လို့ဘဲကျွန်တော်တို့မှတ်ယူပါတယ်။ အဲဒီအခြေခံအောက်မှာ နောက်ဆုံးကျွန်တော်တို့လိုက်ပါဖို့အတွက်အဆင်မပြေဘူးဖြစ်ပါတယ်။
ရခိုင်အမျိုးသားကောင်စီ ANCဟာ မွန်ုပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ NCAလက်မှတ်ထိုးဖို့ ရက်နီးကပ်လာတော့မှ NCAထိုးဖို့ဆုံးဖြတ်လာတာပါ။
ပြီးခဲ့တဲ့စနေနေ့နဲ့တနင်္ဂနွေနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ UNFC ကောင်စီအစည်းအဝေးမှာ ရခိုင်အမျိုး သားကောင်စီ ANC ကနေ NCA အပစ်ရပ်လက်မှတ်ရေးထိုးဖို့ဆုံးဖြတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPဗဟိုကော်မီတီဝင် ဦးအောင်ဆန်းမြင့်ကပြောပါတယ်။
မွန်နဲ့လားဟူကထိုးသွားတော့ ကျွန်တော်တို့ KNPPနဲ့သူတို့ဘဲကျန်တယ်လေ။ သူတို့အပြောအရကတော့ ကျွန်တော် တို့က bilateral ရှိတယ်ပေါ့။ အချိန်မရွေးကျွန်တော်တို့ကအစိုးရနဲ့ညှိနှိုင်းနိုင်တယ်။ သူတို့ကဘာမှမရှိဘူးပေါ့။ သူ တို့ ဆုံးဖြတ်တာဘဲ။ ဆုံးဖြတ်ပြီးမှသူတို့ထွက်သွားကြတာဘဲအစည်းဝေးခန်းမကနေ။
KNPPအနေနဲ့ကတော့NCAလက်မှတ်ရေးထိုးဖို့အဆင်သင့်မဖြစ်သေးဘူးလို့သူကဆိုပါတယ်။
NCAလက်မှတ်ရေးထိုးရေးအတွက်ဆွေးနွေးရာမှာ တပ်အင်အားရှိခြင်းမရိြုခင်းနဲ့စပ်လျင်းပြီး ကန့်သတ် ချက်တွေ ကြောင့် ANCအနေနဲ့လက်မှတ်ရေးထိုးဖို့ပျက်ပြယ်ခဲ့ရတာပါ။
ရခိုင်အမျိုးသားကောင်စီANCအပေါ် NCAလက်မှတ်ထိုးရေးကန့်သတ်ထားတဲ့ဖြစ်စဉ်အပေါ်ဦးထွန်းဇော်ကအခုလိုပြော ပါတယ်။
ကျွန်တော်တို့ဒါကိုလဲညှိနှိုင်းဖို့ကြိုးစားပါတယ်။ ဒါပေမဲ့အဆင်မပြေပါဘူး။ အဓိကအကြောင်းတရားကတော့ ဘာလဲ ဆိုတော့ ကျွန်တော်တို့ရခိုင်ပြည်မှာရှုပ်ထွေးမှုဖြစ်တယ်။ အဲတာကြောင့် ကျွန်တော်တို့နောက်ထပ်လက်မှတ်ရေးထိုး တဲ့အခါမှာ EAO နောက်တဖွဲ့တိုးလာလို့ရှိရင် သူတို့အတွက်ပိုရှုပ်ထွေးမှုတွေဖြစ်မယ်ဆိုတဲ့စိုးရိမ်ချက်တွေရှိတယ်။ အဲဒီစိုးရိမ်မှုအခြေခံအောက်မှာ သူတို့ဘက်ကပေါ့နော် ပကတိအခြေအနေကို မျက်ကွယ်ပြုဖို့ကြိုးစားတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။
အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်ဦးအောင်စိုးအနေနဲ့က ဒီညှိနှိုင်းမှုအခြေအနေကိုမသိရှိဘူးလို့ဆိုပါတယ်။
သူလဲပါဝင်ထိုးချင်တယ်ဆိုပြီးတော့။ ညှိနှိုင်းနေတယ်လို့ကြားပါတယ်။ ဘယ်လိုညှိနေတယ်ဆိုတော့ကျွန်တော်လဲ မသိဘူး။
လက်မှတ်ရေးထိုးနိုင်ရေးအတွက်ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နဲ့ချိတ်ဆက်ညှိနှိုင်းရာမှာDPNနဲ့PCနှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံညှိနှိင်းဖို့အခွင့်အလန်းမပေးတော့ဘဲUNFCရဲ့အဆိုပြုချက်(၈)ချက်ကို နိဂုံးချုပ်နိုင်ဖို့ အခြေအနေမပေးတဲ့အပေါ် တန်းတူရေးကို အခြေခံ ပြီး အားလုံးလိုက်ပါနိုင်ဖို့ အခင်းအကျင်းမရှိတဲ့အခြေအနေ တွေ ကြောင့် NCAလက်မှတ်ထိုးပွဲမတက်ဖို့ ရခိုင်အမျိုးသားကောင်စီကနေ မနေ့ကကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီနေ့မှာတော့ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊တို့ NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့စနေနေ့နဲ့တနင်္ဂနွေနေ့က ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ရဲ့ အစည်း အဝေးဆုံးဖြတ်ချက်အရ လက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ဖွဲ့စည်ပုံကိုနဂိုမူလအတိုင်း ဆက်လက်ထား ရှိမှာဖြစ်ပါတယ်။