သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Angelina Jolie ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း သွားရောက်


 Angelina Jolie ဘင်္ဂလားဒေ့ရှ်ကို ရောက်လာစဉ်
Angelina Jolie ဘင်္ဂလားဒေ့ရှ်ကို ရောက်လာစဉ်

ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ရဲ့ အထူးသံတမန် Angelina Jolie ဟာ သြဂုတ်လ ၂၀၁၇ ကစပြီး မြန်မာနိုင်ငံကနေ အစုလိုက်အပြုံလိုက် ဝင်ရောက်ခိုလံှုှုလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၃၀,၀၀၀ ကျော်နေထိုင်ရာ Bangladesh ကို ဒီအပတ်မှာ သွားရောက်ခဲ့ပါတယ်။

ဂျိုလီဟာ Cox's Bazar မှာ ရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေကို သွားရောက် အကဲဖြတ်လေ့လာမှာဖြစ်ပြီးတော့ အိမ်ရှင် Bangladesh အနေနဲ့ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ အကဲစမ်းမှှုတွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဒက်ကာ မှာ ဝန်ကြီးချုပ် Sheikh Hasina နဲ့ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen တို့နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ဒီဆွေးနွေးမှှုမှာ ရိုဟင်ဂျာတွေကို ဘယ်လို အကောင်းဆုံး အထောက်အကူပေးနိုင်မလဲဆိုတာတွေ၊ ရိုဟင်ဂျာတွေရဲ့ ဘေးကင်းလုံခြုံဖို့နဲ့ သူတို့ ရည်ရှည်တည်တန့်နိုင်မှု အဖြေတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Bangladesh မှာလူသားချင်းစာနာမှုအတွက် ၂၀၁၉ ခုနှစ်၊ ပူးတွဲ အစီစဉ် ဖြစ်တဲ့ အလှုငွေ ကောက်ခံမှုအသစ် မပြုလုပ်ခင် Angelina Jolie အခုလိုသွားရောက်တာဖြစ်ပါတယ်။ ဒီအလှုငွေ ကောက်ခံမှုမှာ အမေရိကန် ဒေါ်လာသန်း ၉၂၀ ရရှိနိုင်ဖို့ မျှော်လင့်ပြီးတော့ ဒါဟာ ရိုဟင်ဂျာ ဒူက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ သူတို့တွေကို လက်ခံထားတဲ့ Bangladesh ဒေသခံ အဖွဲ့စည်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG