သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းေရးေန႔ ကုလအတြင္းေရးမွဴးခ်ဳပ္ မိန္႔ခြန္း


ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres. (စက္တင္ဘာ ၁၈၊ ၂၀၁၉)

စက္တင္ဘာလ ၂၁ ရက္ေန႔၊ ဒီကေန႔က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔အတြက္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ဗြီဒီယိုကေနတဆင့္ သ၀ဏ္လႊာစကား ေပးပို႔ထားပါတယ္။

ကုလသမဂၢ အဖြဲ႔အစည္းေတြရဲ႕ လုပ္ငန္းေဆာင္ရြက္ခ်က္ေတြမွာ ၿငိမ္းခ်မ္းေရးကို ႏွလုံးသြင္းၿပီး လုပ္ကိုင္ေနသလို “ၿငိမ္းခ်မ္းေရး” ဆိုတဲ့သေဘာက စစ္မဲ့ကမၻာေျမႀကီး ျဖစ္လာေရးဆိုတဲ့ အခ်က္တခုတည္းမဟုတ္ဘဲ အလြန္က်ယ္ျပန္႔တယ္လို႔လည္း Guterres က ေျပာဆိုထားပါတယ္။

ၿငိမ္းခ်မ္းေရးဆိုတဲ့ အဓိပၸာယ္ဟာ အေျခခံလြတ္လပ္ခြင့္ေတြကို လူတိုင္းခံစားႏုိ္င္ခြင့္ရွိတဲ့ ခိုင္မာတည္ၿငိမ္တဲ့ လူ႔အဖြဲ႔အစည္းရွိျခင္းကို ဆိုလိုပါတယ္လို႔လည္း ေျပာဆိုထားပါတယ္။ ဒါေပမယ့္လည္း ဒီကေန႔ရင္ဆုိင္ေနရတဲ့ ဥတုရာသီ ေျပာင္းလဲမႈဟာ လူသားထုရဲ႕ လံုၿခံဳေရး၊ အသက္ေမြးဝမ္းေက်ာင္းမႈနဲ႔ အသက္အႏၱရာယ္ကိုပါ ၿခိမ္းေျခာက္လာေနတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ သက္ဆုိင္တဲ့ စိန္ေခၚခ်က္ ျဖစ္တယ္လို႔လည္း သတိေပးထားပါတယ္။ ဒါေၾကာင့္လည္း ဥတုရာသီ ေျပာင္းလဲေဖာက္ျပန္မႈကို ဒီႏွစ္ အျပည္ျပည္္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔မွာ အဓိက အာ႐ုံစိုက္ထားတယ္လို႔လည္း Antonio Guterres က ေျပာပါတယ္။

ဥတုရာသီ ေဖာက္ျပန္မႈဟာ တကမၻာလံုးနဲ႔သက္ဆုိင္တဲ့ အေရးေပၚ အေျခအေနတရပ္ျဖစ္ၿပီး အားလုံး အတူတကြ ပူးေပါင္းေဆာင္ရြက္မွသာ ခုမ်ိဳးဆက္အတြက္ေရာ ေနာင္မ်ိဳးဆက္ေတြအတြက္ပါ ၿငိမ္းခ်မ္းသာယာတဲ့ ကမၻာႀကီး ျဖစ္လာႏုိင္မယ္လို႔လည္း ေျပာသြားပါတယ္။

ဥတုရာသီ ေဖာက္ျပန္မႈ တားဆီးေရးအတြက္ လူသားအားလုံး ခုိင္မာစြာ ပါ၀င္လုပ္ကိုင္ၾကဖို႔၊ သက္ဆုိင္ရာ ႏုိင္ငံေခါင္းေဆာင္ေတြကို ေတာင္းဆိုၾကဖို႔ ဒီကေန႔က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔မွာ ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တိုက္တြန္းသြားပါတယ္။

-------------------------

(Unicode)

ငြိမ်းချမ်းရေးနေ့ ကုလအတွင်းရေးမှူးချုပ် မိန့်ခွန်း

စက်တင်ဘာလ ၂၁ ရက်နေ့၊ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဗွီဒီယိုကနေတဆင့် သဝဏ်လွှာစကား ပေးပို့ထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ငြိမ်းချမ်းရေးကို နှလုံးသွင်းပြီး လုပ်ကိုင်နေသလို “ငြိမ်းချမ်းရေး” ဆိုတဲ့သဘောက စစ်မဲ့ကမ္ဘာမြေကြီး ဖြစ်လာရေးဆိုတဲ့ အချက်တခုတည်းမဟုတ်ဘဲ အလွန်ကျယ်ပြန့်တယ်လို့လည်း Guterres က ပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပာယ်ဟာ အခြေခံလွတ်လပ်ခွင့်တွေကို လူတိုင်းခံစားနိုင်ခွင့်ရှိတဲ့ ခိုင်မာတည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းရှိခြင်းကို ဆိုလိုပါတယ်လို့လည်း ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ရင်ဆိုင်နေရတဲ့ ဥတုရာသီ ပြောင်းလဲမှုဟာ လူသားထုရဲ့ လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနေတဲ့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ စိန်ခေါ်ချက် ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါကြောင့်လည်း ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုကို ဒီနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ အဓိက အာရုံစိုက်ထားတယ်လို့လည်း Antonio Guterres က ပြောပါတယ်။

ဥတုရာသီ ဖောက်ပြန်မှုဟာ တကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ အရေးပေါ် အခြေအနေတရပ်ဖြစ်ပြီး အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခုမျိုးဆက်အတွက်ရော နောင်မျိုးဆက်တွေအတွက်ပါ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီး ဖြစ်လာနိုင်မယ်လို့လည်း ပြောသွားပါတယ်။

ဥတုရာသီ ဖောက်ပြန်မှု တားဆီးရေးအတွက် လူသားအားလုံး ခိုင်မာစွာ ပါဝင်လုပ်ကိုင်ကြဖို့၊ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေကို တောင်းဆိုကြဖို့ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းသွားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG