သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲ အာဏာသိ္မ္း ျမန္မာစစ္တပ္ကို ဖိအားတိုးေပးဖို႔ APHR တိုက္တြန္း


ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈ္င္ ၇၂ ႀကိမ္ေျမာက္တပ္မေတာ္ေန႔ ေနျပည္ေတာ္မွာ  ေစစ္ေရးျပအခမ္းအနား ဗိုလ္႐ႈခံထြက္စဥ္။ (မတ္ ၂၇၊ ၂၀၁၇)

[[Zawgyi/Unicode]]

ဒီသီတင္းပတ္ထဲ က်င္းပမယ့္ အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမွာ အာဏာသိ္မ္းထားတဲ့ ျမန္မာစစ္တပ္ကို ဖိအားတိုးျမွင့္ေပးဖို႔ လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံ လႊတ္ေတာ္အမတ္မ်ားအဖြဲ႔ APHR က ဒီကေန႔ တိုက္တြန္းလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ အာဆီယံႏိုင္ငံေတြက ျပည္သူေတြရဲ႕အက်ိဳးကို ေရွ႕ရႈၿပီး မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမွင့္သြားဖို႔ ရည္ရြယ္တယ္ဆိုၿပီး ဒီႏိုင္ငံေတြက ေခါင္းေဆာင္ေတြ ေျပာဆိုထားၾကတဲ့အတိုင္း ျမန္မာပဋိပကၡေၾကာင့္ အာဆီယံေဒသတြင္း ၾကံဳေနရတဲ့ ၿငိမ္းခ်မ္းေရး၊ စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္မႈနဲ႔ လံုျခံဳေရးဆိုင္ရာ ၿခိမ္းေျခာက္မႈေတြကို လစ္လ်ဴမရႈဘဲ ထိထိေရာက္ေရာက္ ကိုင္တြယ္ ေျဖရွင္းသင့္တဲ့အေၾကာင္း APHR က ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္ တိုက္တြန္းလိုက္တာပါ။

ျမန္မာႏိုင္ငံတြင္း ျပႆနာအားလံုးရဲ႕ တရားခံဟာ ေရြးေကာက္ခံအစိုးရကို အာဏာသိမ္းယူခဲ့တဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ေၾကာင့္ျဖစ္ၿပီး ျမန္မာစစ္တပ္ဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြကို ႏိုင္ငံတဝန္း က်ယ္က်ယ္ျပန္႔ျပန္႔ က်ဴးလြန္ေနတယ္လို႔လည္း APHR က ေျပာပါတယ္။ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြဟာ စစ္ရာဇဝတ္မႈနဲ႔ လူသားထုအေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈ ေျမာက္ႏိုင္တယ္ဆိုတာကို လူ႔အခြင့္အေရး ဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ံုးကလည္း UNHCR ေျပာဆိုထားတဲ့အေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ဟာ သူကိုယ္တိုင္ ပါဝင္သေဘာတူထားတဲ့ အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို လံုးဝ လစ္လ်ဴရႈၿပီး အၾကမ္းဖက္မႈေတြ ဆက္လက္ က်ဴးလြန္ေနတာေၾကာင့္ အခုလာမယ့္ အေမရိကန္နဲ႔ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမွာ ဗိ္ုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ ျမန္မာစစ္တပ္အေပၚ ထိေရာက္တဲ့ ဖိအားေပးမႈေတြ ပူးေပါင္းခ်မွတ္သြားဖို႔ APHR အဖြဲ႔က တိုက္တြန္း ပါတယ္။

ဒီအေတာအတြင္း မေလးရွားႏိုင္ငံကလည္း အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ခ်က္ထဲက တခုျဖစ္တဲ့ ျမန္မာႏိုင္ငံထဲ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးႏိုင္ေရး ႀကိဳးပမ္းတဲ့ေနရာမွာ အတိုက္အခံ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ပါ ညွိႏိႈင္းေဆြးေႏြးဖို႔ တိုက္တြန္း ေတာင္းဆိုထားပါတယ္။ လက္ရွိ အခ်ိန္ထိကေတာ့ စာနာမႈ အကူအညီေတြ ေပးႏိုင္ေရးကိစၥမွာ အာဏာသိမ္း စစ္ေကာင္စီနဲ႔သာ အာဆီယံက ထိေတြ႔ဆက္ဆံေနတာျဖစ္ပါတယ္။ ျမန္မာစစ္ေကာင္စီကေတာ့ မေလးရွားရဲ႕ ေတာင္းဆိုခ်က္ကို ရႈတ္ခ်ကန္႔ကြက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲ အာဏာသိမ်းမြန်မာစစ်တပ်ကို ဖိအားတိုး‌ပေးဖို့ APHR တိုက်တွန်း

ဒီသီတင်းပတ်ထဲ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို ဖိအားတိုးမြှင့်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံနိုင်ငံတွေက ပြည်သူတွေရဲ့အကျိုးကို ရှေ့ရှုပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ရည်ရွယ်တယ်ဆိုပြီး ဒီနိုင်ငံတွေက ခေါင်းဆောင်တွေ ပြောဆိုထားကြတဲ့အတိုင်း မြန်မာပဋိပက္ခကြောင့် အာဆီယံဒေသတွင်း ကြုံနေရတဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို လစ်လျူမရှုဘဲ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းသင့်တဲ့အကြောင်း APHR က ဒီကနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံတွင်း ပြဿနာအားလုံးရဲ့ တရားခံဟာ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြောင့်ဖြစ်ပြီး မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်လို့လည်း APHR က ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်ဆိုတာကို လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးကလည်း UNHCR ပြောဆိုထားတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူကိုယ်တိုင် ပါဝင်သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လုံးဝ လစ်လျူရှုပြီး အကြမ်းဖက်မှုတွေ ဆက်လက် ကျူးလွန်နေတာကြောင့် အခုလာမယ့် အမေရိကန်နဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေ ပူးပေါင်းချမှတ်သွားဖို့ APHR အဖွဲ့က တိုက်တွန်း ပါတယ်။

ဒီအတောအတွင်း မလေးရှားနိုင်ငံကလည်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲက တခုဖြစ်တဲ့ မြန်မာနိုင်ငံထဲ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး ကြိုးပမ်းတဲ့နေရာမှာ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပါ ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။ လက်ရှိ အချိန်ထိကတော့ စာနာမှု အကူအညီတွေ ပေးနိုင်ရေးကိစ္စမှာ အာဏာသိမ်း စစ်ကောင်စီနဲ့သာ အာဆီယံက ထိတွေ့ဆက်ဆံနေတာဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီကတော့ မလေးရှားရဲ့ တောင်းဆိုချက်ကို ရှုတ်ချကန့်ကွက်ထားပါတယ်။
==============

XS
SM
MD
LG