သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ် မြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ဆုံ


မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဒီနေ့ မြန်မာနိုင်ငံကို ၃ ရက်ခရီးစဉ်ရောက်လာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်။ (မတ်လ ၂၁၊ ၂၀၂၂)
မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဒီနေ့ မြန်မာနိုင်ငံကို ၃ ရက်ခရီးစဉ်ရောက်လာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်။ (မတ်လ ၂၁၊ ၂၀၂၂)


[[Zawgyi/Unicode]]

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဟာ ဒီနေ့ တနင်္လာနေ့ မှာ နေပြည်‌တော်ကို ရောက်ရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သုံးရက်ကြာခရီးစဉ်မှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi လည်း လိုက်ပါလာခဲ့ပါတယ်။

အာဆီယံကချမှတ်ထားတဲ့ သဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော် ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက်လိုအပ်တဲ့ အခြေအနေတွေ နဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ “ယခု ခရီးစဉ်သည် ပထမဆုံး ခြေလှမ်း” လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်ဟာ ပါဝင်ပတ်သက်သူတွေက အသီးသီးထိန်းချုပ်ကြပြီး အကြမ်းဖက်တာတွေ အဆုံးသတ်သွားစေဖို့ အ‌ခြေအနေတွေကို ဖန်တီးဖို့ ရည်ရွယ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် လူသားချင်း စာနာထောက် ထားရေး အကူအညီပေးရေးနဲ့ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့တွေကြား နိုင်ငံရေး အရ ဆွေးနွေးရေးကို အားပေးဖို့လည်း ဖြစ်ပါတယ်လို့ ကြေညာချက်က ပြောခဲ့ပါတယ်။ သူဟာ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေကြားမှာ တံတားဖြစ်ပေမယ့် စစ်ကောင်စီနဲ့ သူ့ကြား ပွတ်တိုက်မှုတွေ မဖြစ်စေတဲ့နည်းလမ်းနဲ့ပဲ သူ့လုပ်ငန်းတွေကို ဆောင် ရွက်မယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ် ကတော့ အကြမ်းဖက်တာတွေ ချက်ချင်း ရပ်ဆိုင်းဖို့၊ ပတ်သက်နေကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကြား ဆွေးနွေးညှိုနှိုင်းကြဖို့၊ အာဆီယန် အထူးကိုယ်စားလှယ်က ကြားဝင်ဖျန်ဖြေညှိုနှိုင်းပေးဖို့ အာဆီယံ လမ်းကြောင်းကနေ လူသားချင်းစာနာထောက်ထားမှု အကူအညီအညီပေးဖို့၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အာဆီယံ အထူးကိုယ်စားလှယ်ကို လာရောက်ခွင့်ပေးဖို့ ဆိုတဲ့ အချက် ၅ ချက် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






XS
SM
MD
LG