သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

PDF အဖဲြ႕ေတြ ေထာက္ပံ့မႈ စြပ္စဲြခ်က္နဲ႔ ရခိုင္ျပည္နယ္မွာ ဖမ္းဆီးမႈေတြရွိေန


ေဒသကာကြယ္ေရးတပ္ဖြဲ႔မ်ား တူမီးေသနတ္မ်ားျပဳလုပ္ေနၾကစဥ္ (ယခင္မွတ္တမ္းဓါတ္ပုံ). (Photo by STR / AFP)

PDF အဖဲြ႕ေတြ ေထာက္ပံ့မႈ စြပ္စဲြခ်က္နဲ႔ ရခိုင္ျပည္နယ္မွာ ဖမ္းဆီးမႈေတြရွိေန

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္တစ္ခ်ို႕မွာ ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ PDFကို ေငြေထာက္ပံ့တယ္ဆိုိၿပီးေတာ့ ဖမ္းဆီးခံရသူေတြတိုးလာေနပါတယ္။ မေန႔က ညေနကလည္း ေက်ာက္ျဖဴၿမိဳ႕ေပၚက အသက္ ၂၁နွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးကို PDFကို ေငြေထာက္ပံ့တယ္ ဆိုၿပီးေတာ့ အာဏာပိုင္ေတြက ဖမ္းဆီးသြားတယ္လို႔ ဖမ္းဆီးခံရသူရဲ႕ အေဒၚျဖစ္သူက ေျပာပါ တယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္က လာတဲ့ သတင္းကို ကိုခင္ေမာင္စုိးမင္း က တင္ျပ ေပးပါမယ္။

ရခိုင္ျပည္နယ္ေတာင္ပိုင္း ေက်ာက္ျဖဴၿမိဳ႕ အစိုးရရပ္ကြက္က အသက္၂၁နွစ္အရြယ္ အမ်ိဳးသမီးတဦးကို မေန႔က ည ၁၂နာရီေလာက္က PDF ကို ေငြေထာက္ပန္႔တယ္ ဆိုၿပီးေတာ့ အာဏာပိုင္ေတြက ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ဖမ္းဆီးခံရသူ အမ်ိဳးသမီးရဲ႕ အေဒၚျဖစ္သူကေျပာပါတယ္။

“ ညဖက္ ၁၂နာရီေလာက္ အိမ္တံခါးကို လာေခါက္ၿပီးေတာ့ ဧည့္စာရင္းစစ္တဲ့ ပံုစံမ်ိဳးနဲ႔ေလ။ စစ္တပ္ေတြပါတယ္။ ရပ္ကြက္လူႀကီးေတြလည္းပါတယ္။ ရဲေမေတြလည္းပါတယ္။ ရဲစခန္းလည္းပါတယ္။ ဒီနာမည္နဲ႔ PDFကို ေငြေထာက္ပံ့တယ္လို႔ ေျပာလို႔တဲ့ သူတို႔လာဖမ္းတာျဖစ္တယ္လို႔ အဲလိုေျပာတယ္။ ၿပီးေတာ့ သူ႔ဆီက ဖုန္းေတြဘာေတြ အကုန္လံုးသိမ္းသြားတယ္။”

ဖမ္းဆီးခံရသူဟာ အသက္ ၂၁နွစ္အရြယ္ တကၠသလိုယ္ေက်ာင္းသူ မေအးျမင့္ျမတ္ေအာင္ ျဖစ္ၿပီး လက္ရွိမွာ ေက်ာင္းေတြမဖြင့္ေသးတာေၾကာင့္ စက္ခ်ုပ္သင္ေနသူ တဦးျဖစ္တယ္လို႔လည္း သူ႔အေဒၚက ေျပာပါတယ္။

လက္ရွိမွာေတာ့ သူ႔ကို ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းမွာထားၿပီး ခ်ဳပ္ရက္ရမန္ နွစ္ပတ္ ယူထားတယ္လို႔လည္း ဖမ္းဆီးခံရသူရဲ႕ အေဒၚျဖစ္သူကေျပာပါတယ္။

“ ဒီေန႔ မနက္က ရဲစခန္းကို သြားေတာ့ သမီးနဲ႔လည္း ေတြ႔ခြင့္ရခဲ့ပါတယ္။ သူတို႔က စစ္ေဆးစရာရွိတဲ့အတြက္ ခ်ဳပ္ရက္ ရမန္ နွစ္ပတ္ယူထားတယ္လို႔ေျပာတယ္။ အခုကေတာ့ ရဲစခန္း မွာပဲ ထားပါတယ္ဟုတ္။”

မေအးျမင့္ျမတ္ေက်ာ္ ဖမ္းဆီးခံရတဲ့ ကိစၥနဲ႔ပတ္သတ္ၿပီး ေမးျမန္းဖို႕ ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းကို ဆက္သြယ္ခဲ့ေပမယ့္လည္း ဖုန္းလက္ခံ ေျပာဆိုခဲ့ျခင္းမရွိပါဘူး။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ရခိုင္ျပည္နယ္ သံတြဲ၊ ေတာင္ကုတ္ နဲ႔ ေက်ာက္ျဖဴၿမိဳ႕ နယ္ေတြမွာ PDFကို ေငြေထာက္ပံ့တယ္ဆိုတဲ့ စြပ္စြခ်က္နဲ႔ ေဒသခံေတြကို မၾကာခဏဆိုသလို အာဏာပိုင္ေတြဖက္က ဖမ္းဆီးစစ္ေဆးတာေတြရွိပါတယ္။ လက္ရွိ အခ်ိန္ထိ PDFကို ေငြေထာက္ပ့ံတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းဆီးခံထား တရားစြဲဆိုခံထားရသူ ၈ဦးထက္မနည္းရွိေနတာလည္းျဖစ္ပါတယ္။
....................................

တိုက္႐ိုက္ လင့္ခ္

PDF အဖွဲ့တွေ ထောက်ပံ့မှု စွပ်စွဲချက်နဲ့ ရခိုင်ပြည်နယ်မှာ ဖမ်းဆီးမှုတွေရှိနေ

{{Unicode}}

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တစ်ချို့မှာ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFကို ငွေထောက်ပံ့တယ်ဆိုပြီးတော့ ဖမ်းဆီးခံရသူတွေတိုးလာနေပါတယ်။ မနေ့က ညနေကလည်း ကျောက်
ဖြူမြို့ပေါ်က အသက် ၂၁နှစ်အရွယ် အမျိုးသမီးတစ်ဦးကို PDFကို ငွေထောက်ပံ့တယ် ဆိုပြီးတော့ အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူရဲ့ အဒေါ်ဖြစ်သူက ပြောပါ တယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြ ပေးပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့ အစိုးရရပ်ကွက်က အသက်၂၁နှစ်အရွယ် အမျိုးသမီးတဦးကို မနေ့က ည ၁၂နာရီလောက်က PDF ကို ငွေထောက်ပန့်တယ် ဆိုပြီးတော့ အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရသူ အမျိုးသမီးရဲ့ အဒေါ်ဖြစ်သူကပြောပါတယ်။

“ ညဖက် ၁၂နာရီလောက် အိမ်တံခါးကို လာခေါက်ပြီးတော့ ဧည့်စာရင်းစစ်တဲ့ ပုံစံမျိုးနဲ့လေ။ စစ်တပ်တွေပါတယ်။ ရပ်ကွက်လူကြီးတွေလည်းပါတယ်။ ရဲမေတွေလည်းပါတယ်။ ရဲစခန်းလည်းပါတယ်။ ဒီနာမည်နဲ့ PDFကို ငွေထောက်ပံ့တယ်လို့ ပြောလို့တဲ့ သူတို့လာဖမ်းတာဖြစ်တယ်လို့ အဲလိုပြောတယ်။ ပြီးတော့ သူ့ဆီက ဖုန်းတွေဘာတွေ အကုန်လုံးသိမ်းသွားတယ်။”

ဖမ်းဆီးခံရသူဟာ အသက် ၂၁နှစ်အရွယ် တက္ကသလိုယ်ကျောင်းသူ မအေးမြင့်မြတ်အောင် ဖြစ်ပြီး လက်ရှိမှာ ကျောင်းတွေမဖွင့်သေးတာကြောင့် စက်ချုပ်သင်နေသူ တဦးဖြစ်တယ်လို့လည်း သူ့အဒေါ်က ပြောပါတယ်။

လက်ရှိမှာတော့ သူ့ကို ကျောက်ဖြူမြို့မရဲစခန်းမှာထားပြီး ချုပ်ရက်ရမန် နှစ်ပတ် ယူထားတယ်လို့လည်း ဖမ်းဆီးခံရသူရဲ့ အဒေါ်ဖြစ်သူကပြောပါတယ်။

“ ဒီနေ့ မနက်က ရဲစခန်းကို သွားတော့ သမီးနဲ့လည်း တွေ့ခွင့်ရခဲ့ပါတယ်။ သူတို့က စစ်ဆေးစရာရှိတဲ့အတွက် ချုပ်ရက် ရမန် နှစ်ပတ်ယူထားတယ်လို့ပြောတယ်။ အခုကတော့ ရဲစခန်း မှာပဲ ထားပါတယ်ဟုတ်။”

မအေးမြင့်မြတ်ကျော် ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မေးမြန်းဖို့ ကျောက်ဖြူမြို့မ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ် နဲ့ ကျောက်ဖြူမြို့ နယ်တွေမှာ PDFကို ငွေထောက်ပံ့တယ်ဆိုတဲ့ စွပ်စွချက်နဲ့ ဒေသခံတွေကို မကြာခဏဆိုသလို အာဏာပိုင်တွေဖက်က ဖမ်းဆီးစစ်ဆေးတာတွေရှိပါတယ်။ လက်ရှိ အချိန်ထိ PDFကို ငွေထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထား တရားစွဲဆိုခံထားရသူ ၈ဦးထက်မနည်းရှိနေတာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG