သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီပြောတဲ့ မန္တလေးဖမ်းဆီးသူ အရေအတွက် PDF ပယ်ချ


Mandaly fighting - PDF and SAC troops 22 June 2021
မန္တလေးမြို့တွင်း PDFတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဇွန်လအတွင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သည် အဆောက်အအုံ (ယခင်မှတ်တမ်းဓါတ်ပုံ)
Mandaly fighting - PDF and SAC troops 22 June 2021 မန္တလေးမြို့တွင်း PDFတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဇွန်လအတွင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သည် အဆောက်အအုံ (ယခင်မှတ်တမ်းဓါတ်ပုံ)

{{Zawgyi/Unicode}}

မန္တလေးမြို့က မြို့ပြပျောက်ကျား တပ်ဖွဲ့ဝင် ၃၃ ယောက်ကို လက်နက်တွေ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ ဒီဖမ်းဆီးခံရသူတွေဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ဖမ်းခံထားရသူတွေဖြစ်ပြီး မနေ့က စစ်ကောင်စီ ထုတ်ပြန်တဲ့ ဖမ်းဆီးရမိသူတွေ စာရင်းထဲမှာ လက်ရှိ အဖမ်းမခံရဘဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်နေသူတွေပါ ပါဝင်နေတယ်လို့ မန္တလေးမြို့ပြ ပျောက်ကြားတပ်ဖွဲ့က ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပါလိမ့်မယ်။

နိုဝင်ဘာလအတွင်း မန္တလေးမြို့မှာ စစ်ကောင်စီက ဖမ်းဆီးရမိသူတွေရဲ့ ထုတ်ဖော်ပြောပြချက်တွေအရ မန္တလေးမြို့ မြို့ပြပျောက်ကြားအဖွဲ့ဝင် ၃၃ ယောက်ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ခု ထုတ်ပြန်ထားတဲ့ ဖမ်းဆီးရမိသူတွေထဲမှာ တစ်ဝက်လောက်သာ အမှန်တကယ် ဖမ်းဆီးခံရသူဖြစ်ပြီး ဒီစာရင်းထဲမှာ ပါနေသူတစ်ချို့ဟာ လက်ရှိ မြေပြင်မှာ လှုပ်ရှားမှုတွေလုပ်နေဆဲ သူတွေ ဖြစ်တယ်လို့ မန္တလေးမြို့ပြ ပျောက်ကြားတပ်ဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက VOA ကို ပြောပါတယ်။

“ကျွန်တော်တို့က အဲ့ဒီသတင်း တက်လာတော့ တွေ့ကြတယ်၊ ကာယကံရှင်တွေကိုယ်တိုင်တွေ့ ကြတယ်။ ကာယကံရှင်တွေကိုယ်တိုင် သတင်းတွေ့ကြတဲ့အခါ ဘာသွားတွေ့လဲဆိုတော့ ထက်ဝက်ကျော်လောက်က တကယ် အဖမ်းခံရတဲ့သူတွေ မဟုတ်ဘူး။ အခု ဖမ်းခံရတယ်ဆိုတဲ့ ကလေးတွေသည် နောင်ရိုး ပျောက်ကြားဆိုတဲ့ အဖွဲ့ပါ။ Local အဖွဲ့တစ်ဖွဲ့ပါ။ ဒီနောင်ရိုးပျောက်ကြားဆိုတဲ့အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ပြည်ကြီးတံခွန်ဖက်မှာ အဖမ်းခံရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ သူတို့က ဘယ်ဝန်ကြီးဌာန အောက်ကနေမှ ချိတ်ဆက်ပြီး ဆောင်ရွက်တဲ့ အဖွဲ့တွေလဲ မဟုတ်ဘူး။ အာဏာရှင်တော်လှန်ရေးကို သူတို့ တတ်နိုင်ရာနဲ့ တော်လှန်နေတဲ့ အဖွဲ့ဖြစ်တယ်။ ၁၄ ယောက်အဖမ်းခံရတာဖြစ်တယ်။ စကစက ခွင်ဆင်ပြီးတော့ ဖမ်းခံရတဲ့ကလေးတွေပေ့ါ။ အဲ့ဒီကလေးတွေကို ဒုတိယအကြိမ်၊ တတိယအကြိမ် ထုတ်ပြန်ရင်းနဲ့ အခု တကယ် အထင်ကရ ရှိနိုင်တယ်ဆိုတဲ့ သူတွေအပါအဝင် ဒီ EAO နယ်မြေမှာ ကျင်လည်လှုပ်ရှားနေတဲ့ ပြည်သူလွတ်တော်ကိုယ်စားလှယ် NLD ပါတီက ကိုကျော်စောလင်းရဲ့ ပုံကို ထိပ်ကနေ တည်ပြီးတော့ သတင်းထုတ်ပြန်တယ်။ ဆိုတော့ ဒါက စကစ ဖက်က အင်မတန်မရိုးသားတဲ့ လုပ်ကြံဖန်တီးတဲ့ သတင်း ဖြစ်တယ်။ အခု သူတို့က ဖမ်းခံရတဲ့သူတွေကို ကြေညာရင်းန့ အဖမ်းမခံရသေးတဲ့သူတွေကို ဖမ်းခံရပါတယ်ဆိုပြီး ကြေညာချက်ထုတ်လိုက်တာပေါ့။ ဒါကို ကျွန်တော်ထင်ပါတယ်၊ စိတ်ဓာတ်စစ် ဆင်ရေးအရ ကျွန်တော်တို့ မန္တလေးကို အဲ့ဒီလို ပြုမူတယ်လို့ သုံးသပ်မိပါတယ်။”

မန္တလေးမြို့မှာ နေ့စဉ် ပစ်ခတ်မှု ပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေတာကြောင့်ရော၊ မြို့ပြ ပျောက်ကြားတပ်ဖွဲ့တွေဖမ်းဆီးရမိမှုတွေ ရှိနေတာကြောင့်ပါ စစ်ကောင်စီက မန္တလေး မြို့အနှံ့ နေရာတိုင်းမှာ လုံခြုံရေးတိုးမြင့်ပြီး စစ်ဆေးမှုတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီရက်ပိုင်းမှာတော့ မန္တလေးမှာက သာမန်ထက်စာရင် ခုရက်ပိုင်းမှာ ခပ်စိတ်စိတ်နဲ့ မြေအောက်တော်လှန်ရေးသမားတွေရဲ့ ဖောက်ခွဲမှုတွေ၊ စကစဖက်ကို ပျောက်ကြားစစ်ဆင်ရေးနဲ့ လုပ်လာတာတွေရှိတဲ့အခါ စစ်ဆေးရေးက အင်မတန်ကြပ်တယ်။ တရစပ်စစ်နေတာရှိတယ် ပိုက်စိတ်တိုက်စစ်နေတာရှိတယ်။”

ဒီကနေ့မှာလည်း စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ မြို့အနှံ့နေရာအတော်များများမှာ တင်းကြပ်စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ ကြားကပဲ ပစ်ခတ်မှု ပေါက်ကွဲမှုတွေ ဆက်ရှိပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အကြမ်းမဖက် ဆန္ဒပြ လှုပ်ရှားမှုတွေကလဲ ဆက်ရှိနေပါတယ်။

.......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}









XS
SM
MD
LG