သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်သယ်ယူမှု ကန့်သတ်ချက်ကြောင့် အမ်းမြို့နယ်ကျေးရွာ ရိက္ခာအခက်ကြုံ

ရခိုင် ဒုက္ခသည်များ။ (ဓာတ်ပုံ - Rakhine Ethnics Congress)

{{Zawgyi/Unicode}}

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းက ဒလက်ချောင်းကျေးရွာအုပ်စု အတွင်းသို့ ဆန်တင်သွင်းမှုတွေကိုကန့်သတ်ထားတာကြောင့် ဆန်ရိက္ခာတင်ယူဖို့ ခက်ခဲနေကြနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ယာလုပ်ငန်းနဲ့ သစ်ခုတ်၊ဝါးခုတ် လုပ်ငန်းကို လုပ်ငန်းတွေနဲ့ အသက် မွေးဝမ်းကြောင်းရတဲ့ ဒလက်ချောင်းကျေးရွာအုပ်စု တခုလုံးအတွက် ဆန်တွေကို တစ်ခြားမြို့ နယ်တွေက အဓိက ဝယ်ယူရတာဖြစ်ပြီး အခုလို ဆန်တင်သွင်းတာကို ကန့်သတ်ထားတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် အမ်းမြို့ နယ်က ဒလက်ချောင်းကျေးရွာအုပ်စုအတွင်းသို့ ကုန်းလမ်းကြောင်းအတိုင်း ဆန်တင် ယူတာတွေက လမ်းမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးဂိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ၃ ရက်နေ့ ကတည်းကကန့်သတ်ထားတယ်လို့ အမ်းဒေသခံ လူမှုရေး တက်ကြွလုှပ်ရှားသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စုထဲမှာပေါ့နော်၊ အမ်းဖက် ကဇုကိုင်းဖက်က ဒလက်ချောင်းကျေးရွာအုပ်စုကို သွားတဲ့ လိုင်းကားတွေရှိတယ်ပေါ့နော်၊ အဲဒီကားတွေကို ဒေသခံတွေအတွက် ဆန်တွေ ဆီတေ သယ်ယူတာကို ပိတ်ထားတယ်ပေါ့နော်၊ ပိတ်ထားတာက ဒီလ ဇန်နဝါရီ ၃ရက်နေ့ ကတည်းက ပိတ်ထားတယ်ပေါ့နော်၊ နောက်တခုက ရေကြောင်းဆိုရင် ကမ်းထောင်းကြီးကနေ စက်လှေတွေရှိတယ်၊ အဲဒီစက်လှေတွေမှာ ဆန်တွေ တင်ယူမယ်ဆိုလို့ရှိရင် ဒလက်ချောင်းကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံချက်ယူရတယ်။ အဲဒီထောက်ခံချက်နဲ့မှသာ ဆန်လေးတောင်းလောက်သယ်ယူလို့ရတယ်၊ အဲဒီလို သယ်တာကို ကဇုကိုင်းတံတားပေါ်မှာ စစ်ဆေးနေတဲ့ ရဲစခန်းမှာ ထောက်ခံချက်တွေကို ပြရတယ်ပေါ့နော် ။ဒါမှ သယ်ယူလို့ရတာ”

တောင်ပေါ်ဒေသဖြစ်တဲ့ ဒလက်အုပ်စုမှာ လူဦးရေ တသောင်းကျော်လောက် နေထိုင်ကြတာဖြစ်ပြီး သစ်ခုတ်၊ဝါးခုတ်နဲ့ တောင်ယာစိုက်ခင်းလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်း နေသူတွေလည်းဖြစ်ပြီး စားဝတ်နေရေးအတွက် ဆန်တွေကိုတော့ တစ်ခြားမြို့နယ်တွေက အဓိကဝယ်ယူရတာဖြစ်တယ်လို့လည်း အမ်းဒေသခံတစ်ဦးကပြောပါတယ်။

“ ဒလက်ချောင်းမှာ ဆန်ထွက်တယ်ဆိုတာက အဲဒီအုပ်စုမှာ လုံလောက်တဲ့ ဆန်စပါးတွေ ထွက်လောက်တဲ့ လယ်ကွင်းတွေမရှိဘူးဗျာ။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် လယ်တွေ အများကြီးမရှိဘူး။ လူဦးရေ တသောင်းလောက်နေတဲ့ နေရာမှာ လူဦးရေ တထောင်လောက်ပဲ လုံလောက်တဲ့ စိုက်ပျိုးရေးအပိုင်းပဲ ရှိတယ်ပေါ့၊ ကျန်တဲ့ လူဦးရေ ၉၀၀၀လောက်က ဒလက်ချောင်းရဲ့ အပြင်ဖက်မှာ ဝယ်ယူရတယ်ပေါ့နော်၊ အမ်း၊ ကဇုကိုင်း၊နဲ့ ကမ်းထောင်းကြီး မြို့တို့ အဲဒီနေရာမှာသွားပြီး ဝယ်ယူရတာ၊”

တောင်ယာလုပ်ငန်းက ထွက်လာတဲ့ သီးနှံ့တွေကို ရောင်းချပြီး ရလာတဲ့ ပိုက်ဆံနဲ့ ဆန်နဲ့ တစ်ခြား လူသုံးကုန်ပစ္စည်းတွေကို ဝယ်ယူနေရသူတွေကို အခုလို ကန့်သတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲ ကြုံနေရတယ်လို့လည်း ဒလက်ချောင်းအုပ်စု အလယ်ချောင်းကျေးရွာသား တစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ကတောင်မှာ လုပ်စားနေရတာ သစ်၊ ဝါး ခုတ်တယ်၊ ဟင်းခင်းတွေ စိုက်ကြတာပေါ့၊ အဲဒီကရတဲ့ ဟင်းသီးဟင်းရွက်လေးတွေကို ရောင်းပြီး မိုးစာ အတွက် ဝယ်ကြတာတွေ ရှိပါတယ်၊ အဲဒါတွေကို အမြောက်အမြားတင်လို့မရပါ။ အခက်အခဲရှိကြ ပါတယ်၊စားရေး သောက်ရေးကတော့ အင်မတန် အခက်အခဲရှိပါတယ်”

အဲဒီဒလက်အုပ်စုဖက်မှာ ပြီးခဲ့တဲ့ နှစ်တွေကလည်း ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေအတွင်း ဒေသခံတွေရဲ့ စားနပ်ရိက္ခာသယ်ယူခွင့်တွေ ကန့်သတ်ခံခဲ့ရတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်တာတွေကို ကြုံတွေ့ခဲ့ရတာတွေလည်း ရှိခဲ့တာပါ။

လက်ရှိမှာလည်း ဒေသခံတွေရဲ့ အဓိက အရေးကြီးတဲ့ ဆန်တင်ယူခွင့်တွေကို ကန့်သတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာပြတ်လပ်မှာကို စိုးရိမ်နေကြ တာလည်းဖြစ် ပါတယ်။ဒလက်ချောင်းကျေးရွာအုပ်စုအတွင်းသို့ ဆန်သယ်ယူခွင့်ကန့်သတ်ထားရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့တာလည်းဖြစ်ပါတယ်။

..........................................

တိုက်ရိုက် လင့်ခ်

ဆနျသယျယူမှု ကန့ျသတျခကြျကွောင့ျ အမျးမွို့နယျကြေးရှာ ရိက်ခာအခကျကွုံ

{{Unicode}}

XS
SM
MD
LG