သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္မွာ ဆႏၵျပလူငယ္ ၄ ဦး ေထာင္ဒဏ္ခ်မွတ္ခံရ


စစ္ေတြ အက်ဥ္းေထာင္

ရခိုင္ျပည္နယ္မွာ ဆႏၵျပလူငယ္ ၄ ဦး ေထာင္ဒဏ္ခ်မွတ္ခံရ

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္မွာ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလက ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈရွိေနတယ္ဆိုၿပီးေတာ့ ဆႏၵျပခဲ့ၾကတာေၾကာင့္ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ေက်ာင္းသား ေလးဦးကို ဒီကေန႔မွာပဲ စစ္ေတြၿမိဳ႕နယ္တရားရံုးက ေထာင္ဒဏ္ ၂ နွစ္နဲ႔ ၆ လ ျပစ္ဒဏ္ခ်လိုက္ပါတယ္။ ၁၁ လၾကာ အမႈရင္ဆိုင္ေနရၿပီး ဒီေန႔ စက္တင္ဘာ ၁၆ ရက္ေန႔မွာ ျပစ္ဒဏ္စီရင္ခံရတာျဖစ္ပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ရန္ကုန္က လာတဲ့ သတင္းကို ကိုရဲမြန္ က တင္ေျပေပးပါမယ္။

၂၀၂၀ခုနွစ္ ေအာက္တိုဘာလ ၁၉ ရက္ေန႔က စစ္ေတြၿမိဳ႕ေပၚမွာ “ကိုလိုနီအစုိးရအလိုမရွိ။ ဖက္စစ္ စစ္တပ္အလိုမရွိ။ အစိုးရထြက္သြား။ ျမန္မာစစ္တပ္ ထြက္သြား” စတဲ့ စာသားေတြပါဝင္တဲ့ ဆိုင္းပုဒ္ေတြ ကိုင္ဆိုင္ၿပီးေတာ့ ဆႏၵျပခဲ့ၾကတဲ့ ေက်ာင္းသားလူငယ္ ၄ ေယာက္ကို စစ္ေတြၿမိဳ႕ တရား႐ံုးက ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ ၆ လစီ ခ်မွတ္လိုက္ပါတယ္။

အမ်ားျပည္သူတည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္ေဆာင္မႈ ၅၀၅(ခ) အတြက္ ေထာင္ဒဏ္ ၂ ႏွစ္ ၊ သဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရး ဥပေဒပုဒ္မ ၂၉ အတြက္ ေထာင္ဒဏ္ ၆ လ ခ်မွတ္ခဲ့တာပါ။

အဲဒီေက်ာင္းသားေလးဦးကိုယ္တိုင္က အျပစ္ရွိေၾကာင္း ဝန္ခံတဲ့အတြက္ ဒီကေန႔မွာပဲ အမိန္႔ တစ္ခါတည္း ခ်လိုက္တာ ျဖစ္တယ္လို႔ အဲဒီအမႈကို လိုက္ပါေဆာင္ရြက္ေနတဲ့ တရား လြတ္ေတာ္ေရွ႕ေန ဦးေက်ာ္ညြန္႔ေမာင္က ေျပာပါတယ္။

“က်ေနာ္တို႔ က်င့္ထံုးအရ ဆိုလို႔ရွိရင္ စြဲခ်က္တင္တဲ့ အခ်ိန္မွာ တရားခံက အျပစ္ရွိပါတယ္လို႔ ဝင္ခံလို႔ရွိရင္ ခ်က္ခ်င္းကို အမိန္႔ခ်ရပါတယ္။ ဒါဥပေဒ အဲတာဆိုေတာ့ တရားသူႀကီးက သူတို႔ ဝင္ခံတဲ့ အတြက္ ေၾကာင့္ တရားသူႀကီးက တစ္ခါတည္း တန္းၿပီးေတာ့ အမိန္႔ခ်တယ္။ အဲလိုဆိုရင္ မင္းတို႔ကို ၅၀၅(ခ) ပုဒ္မနဲ႔ ပတ္သတ္ၿပီး အလုပ္နဲ႔ ေထာင္ဒဏ္ ၂နွစ္ခ်တယ္။ ေဘးစီမံက်ေတာ့ အလုပ္နဲ႔ ေထာင္ဒဏ္ ၆ လခ်ပါတယ္ခင္မ်ာ။”

ပုဒ္မ ၅၀၅ (ခ) အတြက္ အလုပ္နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္တာဟာ အျမင့္ဆံုးေထာင္ဒဏ္ျဖစ္ေနတဲ့တာေၾကာင့္ စစ္ေတြခရိုင္တရားရံုးမွာ အယူခံဝင္သြားဖို႔ရွိတယ္လို႔လည္း တရားလႊတ္ေတာ္ေရွ႕ေနက ေျပာပါတယ္။

“ က်ေနာ္တို႔ကေတာ့ သူတို႔ ဝန္ခံတာကို မေျပာလိုပါဘူး။ က်ေနာ့အျမင္ေျပာရရင္ ကေလး ေတြကို ၅၀၅ (ခ) အရ ၂ နွစ္ခ်လိုက္တာက အျမင့္ဆံုးျပစ္ဒဏ္ျဖစ္ေနတဲ့ အတြက္ေၾကာင့္ ကေလးေတြကလည္းအေပၚကို တက္မယ္။ က်ေနာ္ကလည္း တက္ေပးမယ္ ။ ဒါကေတာ့ ျပစ္မွုနဲ႔ ျပစ္ဒဏ္ တြက္ၾကည့္ရင္ေတာ့ အျမင့္ဆံုးျပစ္ဒဏ္ျဖစ္ေနတယ္။ အေပၚက တရားရံုးက သူတို႕ကို ျပစ္ဒဏ္က မ်ားတယ္ ေလ်ာ့ေပးလိုက္ရင္ေတာ့ သူတို႔ မၾကာမွီ လြတ္သြားႏုိင္တာေပါ့ဗ်ာ။ ဟုတ္ကဲ့ က်ေနာ္တို႔ စစ္ေတြ ခရိုင္တရားရံုးကုိ အယူခံဝင္မွာပါခင္မ်ာ။”

ေထာင္ခ်ခံရတဲ့ ေက်ာင္းသား ၄ ေယာက္လံုးဟာ တကၠသိုလ္သမဂၢအဖဲြ႔ဝင္ေတြျဖစ္ၾကၿပီး အသက္ ၂၀ ဝန္းက်င္ လူငယ္ေတြျဖစ္ပါတယ္။ သူတုိ႔ကို ခုလို ေထာင္ခ်တာ တရားမ ွ်တမႈ မ႐ွိဘူးလို႔ စစ္ေတြတကၠသိုလ္ေက်ာင္းသားသမဂၢဥကၠဌ ကိုတိုးတိုးေအာင္ က ေျပာပါတယ္။

“ျပစ္မွုနဲ႔ ျပစ္ဒဏ္ကေတာ့ မမွ်တဘူးလို႔ ျမင္တယ္ေပါ့ေနာ္။ က်ေနာ္တို႔ တစ္ခ်က္ၾကည့္ရမယ့္ ဟာက သူတို႔က ဒီအမႈကို အမိန္႔မခ်ပဲနဲ႔ တစ္နွစ္ေလာက္ ရံုးခ်ိန္းေတြ ေခၚလိုက္ ရံုးမထုတ္လိုက္ အဲလိုမ်ိဳးလုပ္ထားတယ္ေပါ့ေနာ္။ ဒါက ဘာကို သက္ေရာက္ေစလည္းဆိုေတာ့ သူတို႔ကိုေနၿပီးေတာ့ တရားခြင္မွာ လုပ္ေၾကာင္းကို ဝန္ခံေအာင္အထိ အခ်ိန္ဆြဲတယ္ေပါ့ေနာ္။ ၿပီးရင္ သူတို႔ ဒီလိုအကြက္ဆင္ၿပီး ျပစ္မႈျပစ္ဒဏ္ ႀကီးႀကီးမားမား ခ်လိုက္တယ္လို႔ ျမင္ပါတယ္ဟုတ္။”

ရခိုင္ျပည္နယ္မွာ ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ ၆ လျပစ္ဒဏ္ခ်ခံရတဲ့ ေက်ာင္းသားေတြကေတာ့ ကိုေက်ာ္ႏိုင္ေ႒း၊ ကိုသန္းႏိုင္၊ ကိုျမစိုးဝင္း၊ ကိုေကာင္းထြန္းတို႔ ျဖစ္ၾကပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္


ရခိုင်ပြည်နယ်မှာ ဆန္ဒပြလူငယ် ၄ ဦး ထောင်ဒဏ်ချမှတ်ခံရ

{{Unicode}}

ရခိုင်ပြည်နယ်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုရှိနေတယ်ဆိုပြီးတော့ ဆန္ဒပြခဲ့ကြတာကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကျောင်းသား လေးဦးကို ဒီကနေ့မှာပဲ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ ပြစ်ဒဏ်ချလိုက်ပါတယ်။ ၁၁ လကြာ အမှုရင်ဆိုင်နေရပြီး ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြစ်ဒဏ်စီရင်ခံရတာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်က လာတဲ့ သတင်းကို ကိုရဲမွန် က တင်ပြေပေးပါမယ်။

၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်မှာ “ကိုလိုနီအစိုးရအလိုမရှိ။ ဖက်စစ် စစ်တပ်အလိုမရှိ။ အစိုးရထွက်သွား။ မြန်မာစစ်တပ် ထွက်သွား” စတဲ့ စာသားတွေပါဝင်တဲ့ ဆိုင်းပုဒ်တွေ ကိုင်ဆိုင်ပြီးတော့ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလူငယ် ၄ ယောက်ကို စစ်တွေမြို့ တရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လစီ ချမှတ်လိုက်ပါတယ်။

အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှု ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ် ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၉ အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာပါ။

အဲဒီကျောင်းသားလေးဦးကိုယ်တိုင်က အပြစ်ရှိကြောင်း ဝန်ခံတဲ့အတွက် ဒီကနေ့မှာပဲ အမိန့် တစ်ခါတည်း ချလိုက်တာ ဖြစ်တယ်လို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရား လွတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

“ကျနော်တို့ ကျင့်ထုံးအရ ဆိုလို့ရှိရင် စွဲချက်တင်တဲ့ အချိန်မှာ တရားခံက အပြစ်ရှိပါတယ်လို့ ဝင်ခံလို့ရှိရင် ချက်ချင်းကို အမိန့်ချရပါတယ်။ ဒါဥပဒေ အဲတာဆိုတော့ တရားသူကြီးက သူတို့ ဝင်ခံတဲ့ အတွက် ကြောင့် တရားသူကြီးက တစ်ခါတည်း တန်းပြီးတော့ အမိန့်ချတယ်။ အဲလိုဆိုရင် မင်းတို့ကို ၅၀၅(ခ) ပုဒ်မနဲ့ ပတ်သတ်ပြီး အလုပ်နဲ့ ထောင်ဒဏ် ၂နှစ်ချတယ်။ ဘေးစီမံကျတော့ အလုပ်နဲ့ ထောင်ဒဏ် ၆ လချပါတယ်ခင်မျာ။”

ပုဒ်မ ၅၀၅ (ခ) အတွက် အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်တာဟာ အမြင့်ဆုံးထောင်ဒဏ်ဖြစ်နေတဲ့တာကြောင့် စစ်တွေခရိုင်တရားရုံးမှာ အယူခံဝင်သွားဖို့ရှိတယ်လို့လည်း တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

“ ကျနော်တို့ကတော့ သူတို့ ဝန်ခံတာကို မပြောလိုပါဘူး။ ကျနော့အမြင်ပြောရရင် ကလေး တွေကို ၅၀၅ (ခ) အရ ၂ နှစ်ချလိုက်တာက အမြင့်ဆုံးပြစ်ဒဏ်ဖြစ်နေတဲ့ အတွက်ကြောင့် ကလေးတွေကလည်းအပေါ်ကို တက်မယ်။ ကျနော်ကလည်း တက်ပေးမယ် ။ ဒါကတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် တွက်ကြည့်ရင်တော့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်နေတယ်။ အပေါ်က တရားရုံးက သူတို့ကို ပြစ်ဒဏ်က များတယ် လျော့ပေးလိုက်ရင်တော့ သူတို့ မကြာမှီ လွတ်သွားနိုင်တာပေါ့ဗျာ။ ဟုတ်ကဲ့ ကျနော်တို့ စစ်တွေ ခရိုင်တရားရုံးကို အယူခံဝင်မှာပါခင်မျာ။”

ထောင်ချခံရတဲ့ ကျောင်းသား ၄ ယောက်လုံးဟာ တက္ကသိုလ်သမဂ္ဂအဖွဲ့ဝင်တွေဖြစ်ကြပြီး အသက် ၂၀ ဝန်းကျင် လူငယ်တွေဖြစ်ပါတယ်။ သူတို့ကို ခုလို ထောင်ချတာ တရားမ ျှတမှု မရှိဘူးလို့ စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုတိုးတိုးအောင် က ပြောပါတယ်။

“ပြစ်မှုနဲ့ ပြစ်ဒဏ်ကတော့ မမျှတဘူးလို့ မြင်တယ်ပေါ့နော်။ ကျနော်တို့ တစ်ချက်ကြည့်ရမယ့် ဟာက သူတို့က ဒီအမှုကို အမိန့်မချပဲနဲ့ တစ်နှစ်လောက် ရုံးချိန်းတွေ ခေါ်လိုက် ရုံးမထုတ်လိုက် အဲလိုမျိုးလုပ်ထားတယ်ပေါ့နော်။ ဒါက ဘာကို သက်ရောက်စေလည်းဆိုတော့ သူတို့ကိုနေပြီးတော့ တရားခွင်မှာ လုပ်ကြောင်းကို ဝန်ခံအောင်အထိ အချိန်ဆွဲတယ်ပေါ့နော်။ ပြီးရင် သူတို့ ဒီလိုအကွက်ဆင်ပြီး ပြစ်မှုပြစ်ဒဏ် ကြီးကြီးမားမား ချလိုက်တယ်လို့ မြင်ပါတယ်ဟုတ်။”

ရခိုင်ပြည်နယ်မှာ ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လပြစ်ဒဏ်ချခံရတဲ့ ကျောင်းသားတွေကတော့ ကိုကျော်နိုင်ဋ္ဌေး၊ ကိုသန်းနိုင်၊ ကိုမြစိုးဝင်း၊ ကိုကောင်းထွန်းတို့ ဖြစ်ကြပါတယ်။


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG