သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Catalan ခေါင်းဆောင်ဟောင်း ဖမ်းဆီးရေး Belgium ရုံးချိန်းထပ်ပေး


ဖြုတ်ချခံထားရတဲ့ Catalan သမ္မတဟောင်း Carles Puigdemont
ဖြုတ်ချခံထားရတဲ့ Catalan သမ္မတဟောင်း Carles Puigdemont

ဖြုတ်ချခံထားရတဲ့ Catalan သမ္မတဟောင်း Carles Puigdemont ကို ဥရောပတိုက်မှာဖမ်းပေးဖို့ စပိန်နိုင်ငံကထုတ်ထားတဲ့ ဖမ်းဝရမ်းနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံတရားသူကြီးတဦးက သောကြာနေ့မှာ ဆုံးဖြတ်ချက်မပေးဘဲ နောက်တကြိမ် ကြားနာပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့ ချိန်းလိုက်လိုက်ပါတယ်။

Puigdemont နဲ့ သူ့အစိုးရအဖွဲ့ဝင်ဟောင်း လေးဦးကို စပိန်နိုင်ငံကို ပြန်လွှဲပေးဖို့ တံခါးပိတ် ကြားနာပွဲအတွင်း အစိုးရရှေ့နေတွေ က တရားသူကြီးကို လျှောက်ထားခဲ့ကြပါတယ်။ Catalan ဒေသကို သီးခြားလွတ်လပ်ရေးကြေညာတာမှာ သူတို့ပါဝင်ခဲ့တဲ့ အခန်း ကဏ္ဍအတွက် ပုန်ကန်မှု၊ ခွဲထွက်မှုဆိုင်ရာ စွဲချက်တွေကို သူတို့ရင်ဆိုင်ဖို့ဖြစ်ပါတယ်။

Puigdemont နဲ့ သူ့အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းလေးဦးဟာ ပြီးခဲ့တဲ့လက ဘရပ်ဆဲလ်စ်မြို့ကို ထွက်ပြေးသွားပြီး စပိန်တရား သူကြီးတဦးရှေ့မှာ လာအစစ်ခံဖို့ စစ်ခေါ်တာကို လျစ်လျူရှုခဲ့တာကြောင့် စပိန်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ သူတို့ကတော့ အဲဒီလို အစစ်ခံရင် မျှတတဲ့ တရားရင်ဆိုင်မှု ရမှာမဟုတ်ဘူးဆိုပြီး ရှောင်သွားကြတာဖြစ်ပါတယ်။

ခွဲထွက်ရေးဆက်လုပ်ခဲ့တဲ့အတွက် Puigdemont နဲ့ သူ့အစိုးရအဖွဲ့ဝင် ၁၃ ဦးကို စပိန်အစိုးရက ရာထူးကနေ ဖယ်ရှားခဲ့တာပါ။

သောကြာနေ့က တရားရုံးကြားနာပွဲဟာ ကာလတာရှည် တရားရုံးမှာ အခြေအတင် ရင်ဆိုင်ရတဲ့အခြေအနေ ရောက်လာနိုင်ဖွယ် ရှိတဲ့ထဲက ပထမဆုံးကြားနာပွဲဖြစ်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို နှစ်ဘက်စလုံးက အယူခံဝင်မှာပဲလို့လဲ ခန့်မှန်းထားတာပါ။

လက်ရှိ ဘယ်လ်ဂျီယံဥပဒေအရ ဥရောပတိုက်အတွက် ထုတ်ထားတဲ့ ဖမ်းဝရမ်းတခုနဲ့စပ်လျဉ်းတဲ့ ဆုံးဖြတ်ချက်ကို ရက်ပေါင်း ၆၀ အတွင်း ချမှတ်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG