သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်တလန်ခေါင်းဆောင်ဟောင်း ဖမ်းဆီးရေး ဘယ်လ်ဂျီယံကို စပိန်ပန်ကြား


တိမ်းရှောင်နေတဲ့ ကက်တလန် သမ္မတဟောင်း Carles Puigdemont
တိမ်းရှောင်နေတဲ့ ကက်တလန် သမ္မတဟောင်း Carles Puigdemont

စပိန်အာဏာပိုင်တွေက Catalonia ဒေသ ခေါင်းဆောင်ဟောင်း Carles Puigdemont ကို ဥရောပတိုက်မှာ ဖမ်းဝရမ်းတခု ထုတ်လိုက် ပြီးနောက် ဘယ်လ်ဂျီယံ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့ Puigdemont က စနေနေ့မှာ ပြောလိုက်ပါတယ်။

ဥရောပတိုက်ဆိုင်ရာ ဖမ်းဝရမ်းတခုကို စပိန်နိုင်ငံက ထုတ်လိုက်တဲ့အတွက် ဘယ်လ်ဂျီယံ တရားရေးဌာနနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက် ဖို့ ကျနော်တို့ ပြင်ဆင်ထားတယ်လို့ Puigdemont က စနေနေ့မှာ Twitter ပေါ်ရေးတာပါ။ Catalonia ဒေသ အစိုးရ အဖွဲ့ဝင်ဟောင်း ၈ ဦးကိုဖမ်းထားလိုက်အပြီး နောက်တရက်အကြာမှာ စပိန်တရားသူကြီး တဦးက Puigdemont ကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထဲ Catalonia ဒေသ လွတ်လပ်ရေး ကြေညာခဲ့တာနဲ့ ဆက်စပ်ပြီး အဲဒီလူတွေကို စွဲချက်တင်ဖို့ ရှိပါတယ်။

ဘယ်လ်ဂျီယံမှာ ရှိနေတယ်လို့ယူဆကြတဲ့ Puigdemont က သူ ဘယ်မှာရှိနေတယ် ဆိုတာကို ထုတ်မပြောသေးပါဘူး။ ဒါပေမဲ့ သူနဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်ဟောင်း အများအပြားဟာ စပိန်အာဏာပိုင်တွေက သူတို့ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ရာထူးက ဖယ်ရှားလိုက်ပြီးနောက် ဘရပ်ဆဲလ်စ်မြို့ကို ထွက်ပြေး သွားကြတာပါ။

Puigdemont နဲ့ သူ့ရဲ့လက်ထောက် ၄ ဦးကိုဖမ်းပေးဖို့ စပိန်တရားသူကြီးက ဘယ်လ်ဂျီယံ အစိုးရရှေ့နေကို ပန်ကြားထားပြီး တကယ်လို့ သူတို့ဟာ ဘယ်လ်ဂျီယံကို ထွက်ပြေး သွားတာဆိုရင် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol ကို အသိပေးဖို့နဲ့ ရှာဖွေဖမ်းဆီးရေး အပြည်ပြည် ဆိုင်ရာ အကျူံံးဝင်တဲ့ သီးခြားဝရမ်းတခုကို ထုတ်ထားပါတယ်။ ဖမ်းဝရမ်းကို လက်ခံရရှိ ထားပြီလို့ ဘယ်လ် ဂျီယံအစိုးရရှေ့နေတွေက ပြောပြီး လာမယ့်ရက်တွေ အတွင်း Puigdemont ကို မေးမြန်းနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG