သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Catalonia လွတ်လပ်ရေး ဆက်လက် တိုက်ပွဲဝင်မည်


Catalan သမ္မတ Carles Puigdemont
Catalan သမ္မတ Carles Puigdemont

Catalonia ဒေသ အစိုးရအဖွဲ့ ဖျက်သိမ်းလိုက်တာကို လက်ခံဖို့ စပိန်ဗဟိုအစိုးရက အမိန့်ထုတ်ထားပေမဲ့ Catalonia ဒေသ သီးခြားလွတ်လပ် ရေးအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ၊ အာဏာက ရုပ်သိမ်းခံလိုက်ရတဲ့ Catalonia သမ္မတ Carles Puigdemont က စနေနေ့မှာ ပြောပါတယ်။

စပိန်နိုင်ငံမှာ တချိန်က အတိုင်းအတာတခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့တဲ့ Catalonia ဒေသဟာ အခုချိန်မှာတော့ စပိန်အစိုးရရဲ့ တိုက်ရိုက် အုပ်ချုပ်မှုအောက်ကို ပြန်ရောက် သွားပြီ ဖြစ်ပါတယ်။ စပိန်နိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေးကြေငြာဖို့ ထောက်ခံကြောင်း Catalonia လွှတ်တော်မှာ သောကြာနေ့က မဲပေးဆုံးဖြတ်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ၊ စပိန်ဝန်ကြီးချုပ်က Catalonia ပါလီမန်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

စပိန်ဝန်ကြီးချုပ် Mariano Rajoy က Catalonia ပါလီမန်ကို ဖျက်သိမ်းလိုက်တဲ့အပြင်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုလိုက်ပြီး ၊ Catalonia ဒေသရဲ့ ရဲတပ်ဖွဲ့ ထိပ်တန်းပုဂ္ဂိုလ် တွေကိုလည်း တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။

Catalonia အစိုးရကို ဖျက်သိမ်းပိုင်ခွင့်ဟာ Catalonia ပါလီမန် တခုထဲမှာသာ ရှိကြောင်း Catalonia သမ္မတ Puigdemont ကပြောပါတယ်။

Catalonia သမ္မတ Puigdemont ဦးဆောင်တဲ့ ဒေသညွှန့်ပေါင်းအဖွဲ့က ခွဲထွက်ရေးကို ရေးဆွဲပြီး Catalonia ပါလီမန်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပါလီမန်အတွင်း ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၇၀ ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၂ မဲနဲ့ အတည်ပြုခဲ့ ပါတယ်။ Catalonia ဒေသ လွတ်လပ်ရေး ကြေညာတာကို တုံ့ပြန်နိုင်ဖို့ စပိန် ဗဟိုအစိုးရ က Catalonia အာဏာပိုင်အဖွဲ့ကို ဖယ်ရှာပြီး၊ ဒေသ အုပ်ချုပ်ရေးတာဝန်ကို ယူနိုင်မယ့် စပိန်နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ အပိုဒ် ၁၅၅ ကို စပိန်အထက်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG