သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနဦးမဲရလဒ်အရ Catalonia ခွဲထွက်ရေးလိုလား


Cataloniaအလံဝတ်ပြီး European Commission ရုံးရှေ့ ဆန္ဒပြ

စပိန်နိုင်ငံကနေ Catalonia ခွဲထွက်ရေး အတွက် မနေ့ တနင်္ဂနွေနေ့က လူထုဆန္ဒခံယူပွဲက တရားမဝင်ဘူးလို့ ဥရောပ ကော်မရှင်က ပြောဆိုပါတယ်။ ဒါပေမယ့် စပိန် အစိုးရ အနေနဲ့ ဆွေးနွေးညှိနှိုင်းပါလို့လည်း ဥရောပ ကော်မရှင်က တိုက်တွန်းပါတယ်။

နိုင်ငံရေး ကိစ္စမှာ အကြမ်းဖက် ကိုင်တွယ်လို့ မရဘူးလို့ ဥရောပ ကော်မရှင်ရဲ့ ပြောခွင့်ရက ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုတာပါ။ဒီအချိန်က စည်းလုံး ညီညွတ်ရမယ့် အချိန်ုဖြစ်ပြီး စိတ်ဝမ်းကွဲပြီး တကွဲတပြား ဖြစ်နေရမယ့် အချိန်မဟုတ်ဘူးဆိုပြီးလည်း ဥရောပ ကော်မရှင်ရဲ့ တွစ်တာမှာ ဖော်ပြထားပါတယ်။ မဲပေးမယ့်သူတွေကို ရဲတွေက တားဆီးဖို့ ကြိုးစားမှု အတွင်း လူ ၉၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း Cataloniaဒေသ အာဏာပိုင်တွေက ပြောပါတယ်။ ခွဲထွက်ရေး မဲခွဲဖို့ အတွက် ဒေသဆိုင်ရာ လွှွတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကို စပိန် အခြေခံ ဥပဒေခုံရုံးက ဆိုင်းငံ့ခဲ့တာပါ။

ဒါပေမယ့် လူထုဆန္ဒခံယူပွဲကို မဖြစ်မနေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မဲရုံတွေ ပိတ်သိမ်းပြီးနောက် Catalonia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အကြီးအကဲ Carles Puigdemont က လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ် ရပ်တည်ခွင့် ရသွားပြီဖြစ်ပြီး ဥရောပ သမဂ္ဂ အနေနဲ့ တခြားနည်းလမ်းမရှာဖို့ ပြောဆိုလိုက်ပါတယ်။ စပိန် အစိုးရဘက်ကတော့ ဒါကို လုံး၀ သဘောမတူပါဘူး။ Catalonia လွတ်လပ်ရေး ကြေညာမယ့် အရေးကို ကာကွယ်နိုင်ဖို့ တရားဥပဒေဘောင် အတွင်းကနေ စပိန်အစိုးရ အနေနဲ့ အဆုံးစွန် ဆောင်ရွက်မယ်လို့ တရားရေး ဝန်ကြီး Rafael Catala က ဒီကနေ့ တနလာၤနေ့ စပိန် ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။

ကနဦးမဲရလဒ်အရ Catalonia ခွဲထွက်ရေးလိုလား
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG