သုံးရလွယ်ကူစေသည့် Link များ

Catalan ခေါင်းဆောင် ဒီဇင်ဘာရွေးကောက်ပွဲဝင်မည်


ဖယ်ရှားခံလိုက်ရတဲ့ စပိန်နိုင်ငံ၊ Catalan ဒေသခေါင်းဆောင်Carles Puigdemont။
ဖယ်ရှားခံလိုက်ရတဲ့ စပိန်နိုင်ငံ၊ Catalan ဒေသခေါင်းဆောင်Carles Puigdemont။

ဖယ်ရှားခံလိုက်ရတဲ့ စပိန်နိုင်ငံ၊ Catalan ဒေသခေါင်းဆောင်က ဒီဇင်ဘာလမှာ ပြန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်မယ်လို့ ပြောလိုက်ပြိး လိုအပ်မယ်ဆိုရင် သူအခု ပုန်းခိုနေတဲ့ ဘယ်လ်ဂျီယံနိုင်ငံကနေ မဲဆွယ်စည်းရုံးကို လှမ်းလုပ်မယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလနှောင်းပိုင်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ပြိုင်ဖို့ သူ အဆင်သင့်ဖြစ်နေပြီ လို့ Catalan ခေါင်းဆောင် Carles Puigdemont က ဘယ်လ်ဂျီယံနိုင်ငံပိုင် RTBG ရုပ်သံလွှင့်သတင်းဌာနကို သောကြာနေ့က ပြောတာပါ။

ကျနော်တို့ဟာ ဖြန့်ကျက်လွှမ်းခြုံတဲ့ ကမ္ဘာမှာ နေထိုင်ကြတာမို့ ဘယ်နေရာကနေမဆို မဲဆွယ်စည်းရုံးရေး လုပ်လို့ရပါတယ်လို့ သူကဆိုပါတယ်။

Catalan ဒေသကို လွတ်လပ်ရေးကြေညာခဲ့တာမှာ Puigdemont ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍနဲ့ဆက်စပ်ပြီး သူ့ကိုဖမ်းဆီးရေး နိုင်ငံ တကာဖမ်းဝရမ်းတခုကို စပိန်တရားသူကြီးတဦးက ထုတ်ပြန်ပေးတော့မယ်လို့ ခန့်မှန်းထားကြချိန်မှာပဲ Puigdemont က ရွေး ကောက်ပွဲကိစ္စပြောတာပါ။

ခွဲထွက်ရေးလုပ်ဆောင်ခဲ့ကြတဲ့အတွက် Puigdemont နဲ့ သူ့အစိုးရအဖွဲ့ဝင် ၁၃ ဦးကို စပိန်အာဏာပိုင်တွေက ရာထူးကနေ ဖယ်ရှားလိုက်ပြီးတဲ့နောက် ဒီသီတင်းပတ်မှာ Puigdemont နဲ့ သူ့အစိုးရအဖွဲ့ဝင် လေးဦးတို့ ဘယ်လ်ဂျီယံနိုင်ငံကို ထွက်ပြေး သွားတာပါ။ ကျန် ၉ ဦးကို စပိန်အစိုးရက တရားစွဲထားပြီး တဦးကို အာမခံနဲ့ ပြန်လွှတ်ပြီးတော့ ၈ ဦးကို ဖမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG