သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Catalonia ခေါင်းဆောင် ၉ ဦးကို ဖမ်းဝရမ်းထုတ်


စပိန်နိုင်ငံကနေခွဲထွက်ပြီး လွတ်လပ်ရေးကြေညာဖို့ လုပ်ခဲ့ကြတဲ့ Catalonia ခေါင်းဆောင်ဟောင်း ကိုးဦးကို ပုန်ကန်မှု၊ နိုင်ငံတော် ကို သစ္စာဖောက်ဖျက်မှု၊ အလွဲသုံးစားလုပ်မှုဆိုင်ရာ ဖြစ်နိုင်ချေစွဲချက်တွေအတွက် စုံစမ်းစစ်ဆေးနေချိန်အတွင်း ထောင်ထဲထည့် ထားဖို့ စပိန် တရားသူကြီးတဦးက ကြာသပတေးနေ့မှာ အမိန့်ချလိုက်ပါတယ်။

နောက်ပိုင်းမှာတော့ သူတို့ထဲကတဦးကို အာမခံငွေ ဒေါ်လာ ၅၈၀၀၀ ကျော်နဲ့ အာမခံပေးခဲ့ပါတယ်။

မက်ဒရစ်မြို့တော်က တရားရုံးမှာ ရုံးထုတ်သူတွေထဲ ဖယ်ရှားခံရပြီးဖြစ်တဲ့ Catalan ခေါင်းဆောင် Carles Puigdemont တော့ မပါပါဘူး။ တရားရုံးမှာလာဖို့ ဆင့်ခေါ်တာကို မလိုက်နာတဲ့အတွက် Puigdemont ကို ဖမ်းဆီးရေး နိုင်ငံတကာ ဖမ်းဝရမ်းတခု ထုတ်ပေးဖို့ အစိုးရရှေ့နေတဦးက တောင်းဆိုထားပါတယ်။

Puigdemont ဟာ သူ့အစိုးရအဖွဲ့ဟောင်း လေးဦးနဲ့အတူ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာရောက်နေတာ သီတင်းတပတ် ရှိပါပြီ။

သူ့အပေါ်စွဲချက်တွေဟာ နိုင်ငံရေးပယောဂနဲ့လုပ်တာဖြစ်တယ်လို့ဆိုပြီး Puigdemont က ပယ်ချသလို ဥပဒေကြောင်းအရ လုပ် ဆောင်ချက်ဟာ ဘက်မလိုက်ဘဲ မျှတမယ်ဆိုတဲ့ အာမခံချက်ရမှသာ စပိန်ကို ပြန်လာမယ်လို့ ပြောထားပါတယ်။

Puigdemont နဲ့ သူ့ရဲ့ ဒုတိယသမ္မတ Oriol Junqueras တို့အပါအဝင် Catalan ခေါင်းဆောင် ၁၄ ဦးအပေါ် စွဲချက်တွေကို စပိန် အစိုးရရှေ့နေတွေက လျှောက်တင်ထားတာပါ။ အောက်တိုဘာလ ၁ ရက်နေ့က လွတ်လပ်ရေးကြေညာခဲ့တဲ့ Catalonia ဒေသကို ပြီးခဲ့တဲ့သီတင်းပတ်မှာ စပိန် ဗဟိုအစိုးရက တိုက်ရိုက် ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG