သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိန္းသိမ္းခံ ျပည္နယ္အႀကီးအကဲတခ်ိဳ႕ရဲ႕ အေျခအေန


မွတ္တမ္းဓါတ္ပံု- ၂၀၁၆ ေမလတုန္းက ကခ်င္ျပည္နယ္ လႊတ္ေတာ္ဥကၠ႒မွ မွာၾကားစဥ္ (MOI)

[Zawgyi/Unicode]

ျမန္မာ့တပ္မေတာ္ကေန နိုင္ငံေတာ္အာဏာကို ထိန္းသိမ္းလိုက္ၿပီးေနာက္ပိုင္း တို္င္းနဲ႕ျပည္နယ္အသီးသီးက အစိုးရအဖြဲ႕၀င္ေတြ လႊတ္ေတာ္အၾကီးအကဲေတြ ဖမ္းဆီးထိန္းသိမ္းခဲ့ရာမွာ တခ်ိဳ႕ကို အက်ဥ္းေထာင္ထဲ ပို႔ေဆာင္ေနသလို တခ်ိဳ႕ကိုျပန္လည္လႊတ္ေပးေနပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေန ေျပာျပေပးမွာပါ။

ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ တိုင္းနဲ႔ ျပည္နယ္အစိုးရအဖြဲ႕ေတြ လႊတ္ေတာ္အၾကီးအကဲေတြကို ဒီရက္ေတြမွာ ေထာင္ထဲအက်ဥ္းခ် အမႈဖြင့္တာရွိေနသလို တခ်ိဳ႕ကိုေတာ့ျပန္လည္လႊတ္ေပးေနတာပါ။

အစိုးရဝန္ႀကီးအိမ္ယာမွာ ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕နဲ႔လႊတ္ေတာ္အၾကီးအကဲေတြကို မေန႔က ျမစ္ႀကီးနားအက်ဥ္းေထာင္ကို ပို႔ေဆာင္လိုက္ၿပီးလို႔ ျမစ္ၾကီးနားၿမိဳ႕ အက်ိဳးေဆာင္ေရွ႕ေန တဦးကေျပာပါတယ္။

“ေလာေလာဆယ္ သူတို႔ကိုေထာင္ႀကီး ပို႔ထားတယ္။ သူတုိ႔ကို အမႈဖြင့္ထားတယ္ေပါ့ဗ်ာ။ တခ်ိဳ႕၀န္ႀကီးေတြေတာ့ ေဘးစီေပါ့။ ေဘးစီပုဒ္မ ၂၅ ေပါ့။ တခ်ိဳ႕သူေတြကိုလည္း ပို႔သြင္းတို႔၊ ဘာတို႔ ပို႔သြင္း ၈ တို႔နဲ႔ စြဲထားတယ္လို႔ သိရတယ္။ ေထာာင္ထဲမွာေတာ့ အကုန္လုံးနီးပါးဘဲေနာ္ လႊတ္ေတာ္ဥကၠ႒တို႔၊ ၀န္ႀကီးခ်ဳပ္ေရာ တျခားဝန္ႀကီးေတြေရာ ၿပီးရင္လႊတ္ေတာ္ကိုယ္စားလွယ္ေတြေရာေပါ့ေလ။ ဦးေရဆိုရင္ ၇ ေယာက္ေလာက္ေတာ့ရွိမယ္ဗ်။”

ေထာင္တြင္း အက်ဥ္းခ်ခံရသူေတြနဲ႔ ေတြ႕ခြင့္မရဘူးလို႔ အက်ိဳးေဆာင္ေရွ႕ေနကေျပာပါတယ္။

“သူတို႔ကို စျပီးဖမ္းတ့ဲေန႔က တပ္က ခ်ဳပ္ထားတာကိုး။ အခုက ေထာင္ႀကီးပို႔လိုက္တယ္လို႔ေတာ့ၾကားရတာ။ ဘာေၾကာင့္ ပို႔ရတာ ဘာမွလဲ ေရေရရာရာမသိရဘူး။ အဲဒီေတာ့ ေထာင္ႀကီးမွာေတြ႕မယ္ဆိုေတာ့လည္း COVID ကိုအေၾကာင္းျပၿပီး ေတြ႕ခြင့္မေပးဘူး။”

လက္ရွိမွာ ကခ်င္ျပည္နယ္ လူ၀င္မႈႀကီး ၾကပ္ေရးနဲ႔ လူ႕စြမ္းအားအရင္းအျမစ္၀န္ၾကီးဦးေဇာ္၀င္းဟာ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွာစစ္ေဆးခံေနရဆဲလို႔ တနိုင္းျမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးမုန္မန္လက ဆိုပါတယ္။

ရခိုင္ျပည္နယ္ဘက္မွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အစိုးရအဖြဲ႕ေတြထဲက ၀န္ၾကီးခ်ဳပ္ဦးညီပုကို ဒီကေန႔မွာ ရံုးထုတ္ၾကားနာခဲ့ပါတယ္။ ဒီအေျခအေနကို ဦးညီပုရဲ႕ေရွ႕ေန ဦးၿငိမ္းခ်မ္းက အခုလိုေျပာပါတယ္။

“ဒီေန႔ က်ေနာ္တို႔ ဦးညီပုကို ရံုးထုတ္တယ္ဆိုတာပဲ... က်ေနာ္တို႔ ဗီြဒီယိုနဲ႔ ၾကားနာေနတယ္လို႔ ေျပာရမွာေပါ့ေနာ္။ ေနာက္ဆုံးအေျခအေနကေတာ့ က်ေနာ္တို႔ ဒီေန႔မွာ မႈခင္းစီမံခန္႔ခြဲမႈေတြလုပ္တယ္ေပါ့ေနာ္ တရားရံုးက။ မႈခင္း စီမံခန္႔ခြဲမႈဆိုတာက က်ေနာ္တို႔ ဒီအမႈကို ဒီေန႔မွာ ဘာလုပ္မယ္ ဒီေန႔မွာ ဘာလုပ္မယ္ဆိုတဲ့ဟာမ်ိဳးေပါ့။ အဲဒါမ်ိဳး က်ေနာ္တို႔ တရားလိုဘက္က လူေတြနဲ႔ စြပ္စြဲခံရတဲ့လူေတြဘက္က လုပ္တာေပါ့ေနာ္။ အခုေလာေလာဆယ္ေတာ့ ဒီအမႈကို ၆ လအတြင္း တရားစစ္စဥ္အတြင္းမွာ က်ေနာ္တို႔ ဒီအမႈက အျပတ္ျဖတ္မယ္ေပါ့ေနာ္ အဲဒီလိုမ်ိဳးေပါ့။ တရားစစ္ေဆးသြားမယ္ဆိုျပီးေတာ့ က်ေနာ္တို႔ သေဘာတူညီမႈ ရတယ္။ ဦးညီပုအေျခအေနကေတာ့ က်ေနာ္ ဗီြဒီယိုနဲ႔ ေတြ႔ရသေလာက္ကေတာ့ က်န္းက်န္းမာမာရွိပါတယ္။ ရံုးခ်ိန္းကိုေတာ့ ၁၇၊ ၃၊ ၂၀၂၁ ရက္ေန႔ကို ဆက္ျပီးေတာ့ခ်ိန္းဆိုထားလိုက္တယ္လို႔ ေျပာတယ္။”

ကရင္ျပည္နယ္ဘက္မွာလည္း ဖမ္းဆီးထိန္းသိမ္းခံရသူေတြ ျပန္လြတ္ေျမာက္လာတာ မရွိေသးဘူးလို႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ဦးတင္မ်ိဳးဦးက ဆိုပါတယ္။

“အထိန္းသိမ္းခံရတဲ့ ၀န္ႀကီးက အခုလက္ရွိမွာ လူမွႈေရး၀န္ႀကီးေစာဘိုဘိုေ၀ေမာင္ပါလိမ့္မယ္။ ဆရာ၀န္ႀကီးဦးသန္းနိုင္ ပါလိမ့္မယ္။ ေနာက္ က်ေနာ္တို႔ ၀န္ႀကီးခ်ဳပ္ေပါ့။ လက္ရွိသူတို႔ ဘယ္လိုကိုင္တြယ္ေနမွန္းေတာင္ က်ေနာ္တို႔ အဆက္သြယ္ေတြမရၾကဘူး... ေကာင္းေကာင္း။”

ဒါေပမဲ့ ခ်င္းျပည္နယ္ဘက္မွာေတာ့ အစိုးရ၀န္ႀကီးအိမ္ယာမွာ ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ အစိုးရအဖြဲ႕နဲ႔ လႊတ္ေတာ္အၾကီးအကဲေတြကို မေန႔က ျပန္လႊတ္ေပးလို႔ အိမ္ကိုျပန္ေနၾကျပီးလို႔ ျပန္လည္လြတ္ေျမာက္လာသူ လူ၀င္မႈႀကီးၾကပ္ေရးနဲ႔ လူ႕စြမ္းအားအရင္းအျမစ္၀န္ၾကီး ဦးေဖြအားက ဗီြအိုေအကိုေျပာပါတယ္။

“ေအးျပန္ေရာက္တာ။ အားလုံး အိမ္ျပန္ေရာက္ၾကမွာပါ။ သြားေနတုန္းပါ။ မေန႔က ၂ နာရီေက်ာ္မွာ။ ခ်င္းျပည္နယ္အစိုးရ အဖြဲ႕အားလုံး။ လႊတ္ေတာ္ဥကၠ႒၊ ဒုဥကၠ႒ပါတယ္။”

အထိန္းသိမ္းခံရစဥ္အတြင္း မိသားစုအိမ္သားေတြနဲ႔ ဆက္သြယ္ခြင့္မရဘူးလို႔လည္း ၀န္ၾကီးဦးေဖြအားက ဆက္ေျပာပါတယ္။

“နည္းနည္းေတာ့ ေမးျမန္းတာေလးေတြ ရွိတာေပါ့။ ဖုန္းကိုမကိုင္ရတာ။ ဖုန္းကို သိမ္းထားတာ။ အဲဒီအတြင္းကေတာ့ မရဘူး။”

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ တပ္မေတာ္ကေန နိုင္ငံေတာ္အာဏာအရပ္ရပ္ကို ထိန္းသိမ္းလိုက္ၿပီးေနာက္မွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ နိုင္ငံေတာ္သမၼတအပါအ၀င္ အစိုးရအဖြဲ႕၀င္၀န္ၾကီးေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တက္ၾကြလႈပ္ရွားသူေတြ ဖမ္းဆီးထိန္းသိမ္းခံေနရတာမွာ ႏွစ္ ႀကိမ္ ျပန္ဖမ္းခံရသူေတြလည္း ရွိေနတာပါ။

တပ္မေတာ္ကေန အာဏာထိန္းသိမ္းလိုက္တဲ့ လုပ္ေဆာင္ခ်က္အေပၚ တိုင္းနဲ႔ ျပည္နယ္ အားလုံးမွာ ကန္႔ကြက္ဆႏၵျပမႈေတြ ရွိလာျပီး ဖမ္းဆီးမႈေတြကလည္း တိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိန်းသိမ်းခံ ပြည်နယ်အကြီးအကဲတချို့ရဲ့ အခြေအနေ

မြန်မာ့တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ပြီးနောက်ပိုင်း တိုင်းနဲ့ပြည်နယ်အသီးသီးက အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်အကြီးအကဲတွေ ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ တချို့ကို အကျဉ်းထောင်ထဲ ပို့ဆောင်နေသလို တချို့ကိုပြန်လည်လွှတ်ပေးနေပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ လွှတ်တော်အကြီးအကဲတွေကို ဒီရက်တွေမှာ ထောင်ထဲအကျဉ်းချ အမှုဖွင့်တာရှိနေသလို တချို့ကိုတော့ပြန်လည်လွှတ်ပေးနေတာပါ။

အစိုးရဝန်ကြီးအိမ်ယာမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့လွှတ်တော်အကြီးအကဲတွေကို မနေ့က မြစ်ကြီးနားအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီးလို့ မြစ်ကြီးနားမြို့ အကျိုးဆောင်ရှေ့နေ တဦးကပြောပါတယ်။

“လောလောဆယ် သူတို့ကိုထောင်ကြီး ပို့ထားတယ်။ သူတို့ကို အမှုဖွင့်ထားတယ်ပေါ့ဗျာ။ တချို့ဝန်ကြီးတွေတော့ ဘေးစီပေါ့။ ဘေးစီပုဒ်မ ၂၅ ပေါ့။ တချို့သူတွေကိုလည်း ပို့သွင်းတို့၊ ဘာတို့ ပို့သွင်း ၈ တို့နဲ့ စွဲထားတယ်လို့ သိရတယ်။ ထောာင်ထဲမှာတော့ အကုန်လုံးနီးပါးဘဲနော် လွှတ်တော်ဥက္ကဋ္ဌတို့၊ ဝန်ကြီးချုပ်ရော တခြားဝန်ကြီးတွေရော ပြီးရင်လွှတ်တော်ကိုယ်စားလှယ်တွေရောပေါ့လေ။ ဦးရေဆိုရင် ၇ ယောက်လောက်တော့ရှိမယ်ဗျ။”

ထောင်တွင်း အကျဉ်းချခံရသူတွေနဲ့ တွေ့ခွင့်မရဘူးလို့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။

“သူတို့ကို စပြီးဖမ်းတဲ့နေ့က တပ်က ချုပ်ထားတာကိုး။ အခုက ထောင်ကြီးပို့လိုက်တယ်လို့တော့ကြားရတာ။ ဘာကြောင့် ပို့ရတာ ဘာမှလဲ ရေရေရာရာမသိရဘူး။ အဲဒီတော့ ထောင်ကြီးမှာတွေ့မယ်ဆိုတော့လည်း COVID ကိုအကြောင်းပြပြီး တွေ့ခွင့်မပေးဘူး။”

လက်ရှိမှာ ကချင်ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးဇော်ဝင်းဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာစစ်ဆေးခံနေရဆဲလို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမုန်မန်လက ဆိုပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အစိုးရအဖွဲ့တွေထဲက ဝန်ကြီးချုပ်ဦးညီပုကို ဒီကနေ့မှာ ရုံးထုတ်ကြားနာခဲ့ပါတယ်။ ဒီအခြေအနေကို ဦးညီပုရဲ့ရှေ့နေ ဦးငြိမ်းချမ်းကအခုလိုပြောပါတယ်။

“ဒီနေ့ ကျနော်တို့ ဦးညီပုကို ရုံးထုတ်တယ်ဆိုတာပဲ... ကျနော်တို့ ဗီဒီယိုနဲ့ ကြားနာနေတယ်လို့ ပြောရမှာပေါ့နော်။ နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ ဒီနေ့မှာ မှုခင်းစီမံခန့်ခွဲမှုတွေလုပ်တယ်ပေါ့နော်။ တရားရုံးက။ မှုခင်း စီမံခန့်ခွဲမှုဆိုတာက ကျနော်တို့ ဒီအမှုကို ဒီနေ့မှာ ဘာလုပ်မယ် ဒီနေ့မှာ ဘာလုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့။ အဲဒါမျိုး ကျနော်တို့ တရားလိုဘက်က လူတွေနဲ့ စွပ်စွဲခံရတဲ့လူတွေဘက်က လုပ်တာပေါ့နော်။ အခုလောလောဆယ်တော့ ဒီအမှုကို ၆ လအတွင်း တရားစစ်စဉ်အတွင်းမှာ ကျနော်တို့ ဒီအမှုက အပြတ်ဖြတ်မယ်ပေါ့နော် အဲဒီလိုမျိုးပေါ့။ တရားစစ်ဆေးသွားမယ်ဆိုပြီးတော့ ကျနော်တို့ သဘောတူညီမှု ရတယ်။ ဦးညီပုအခြေအနေကတော့ ကျနော် ဗီဒီယိုနဲ့ တွေ့ရသလောက်ကတော့ ကျန်းကျန်းမာမာရှိပါတယ်။ ရုံးချိန်းကိုတော့ ၁၇၊ ၃၊ ၂၀၂၁ ရက်နေ့ကို ဆက်ပြီးတော့ချိန်းဆိုထားလိုက်တယ်လို့ ပြောတယ်။”

ကရင်ပြည်နယ်ဘက်မှာလည်း ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ပြန်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်မျိုးဦးက ဆိုပါတယ်။

“အထိန်းသိမ်းခံရတဲ့ ဝန်ကြီးက အခုလက်ရှိမှာ လူမှှုရေးဝန်ကြီးစောဘိုဘိုဝေမောင်ပါလိမ့်မယ်။ ဆရာဝန်ကြီးဦးသန်းနိုင် ပါလိမ့်မယ်။ နောက် ကျနော်တို့ ဝန်ကြီးချုပ်ပေါ့။ လက်ရှိသူတို့ ဘယ်လိုကိုင်တွယ်နေမှန်းတောင် ကျနော်တို့ အဆက်သွယ်တွေမရကြဘူး... ကောင်းကောင်း။”

ဒါပေမဲ့ ချင်းပြည်နယ်ဘက်မှာတော့ အစိုးရဝန်ကြီးအိမ်ယာမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြီးအကဲတွေကို မနေ့က ပြန်လွှတ်ပေးလို့ အိမ်ကိုပြန်နေကြပြီးလို့ ပြန်လည်လွတ်မြောက်လာသူ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအားက ဗွီအိုအေကိုပြောပါတယ်။

“အေးပြန်ရောက်တာ။ အားလုံး အိမ်ပြန်ရောက်ကြမှာပါ။ သွားနေတုန်းပါ။ မနေ့က ၂ နာရီကျော်မှာ။ ချင်းပြည်နယ်အစိုးရ အဖွဲ့အားလုံး။ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌပါတယ်။”

အထိန်းသိမ်းခံရစဉ်အတွင်း မိသားစုအိမ်သားတွေနဲ့ ဆက်သွယ်ခွင့်မရဘူးလို့လည်း ဝန်ကြီးဦးဖွေအားက ဆက်ပြောပါတယ်။

“နည်းနည်းတော့ မေးမြန်းတာလေးတွေ ရှိတာပေါ့။ ဖုန်းကိုမကိုင်ရတာ။ ဖုန်းကို သိမ်းထားတာ။ အဲဒီအတွင်းကတော့ မရဘူး။”

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ကနေ နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်ပြီးနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်းခံနေရတာမှာ နှစ် ကြိမ် ပြန်ဖမ်းခံရသူတွေလည်း ရှိနေတာပါ။

တပ်မတော်ကနေ အာဏာထိန်းသိမ်းလိုက်တဲ့ လုပ်ဆောင်ချက်အပေါ် တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိလာပြီး ဖမ်းဆီးမှုတွေကလည်း တိုးလာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG