သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း ဒီမိုကရေစီ နဲ့ လွတ်လပ်မှု ဆုတ်ယုတ်ခဲ့တဲ့ ၁၅ နှစ်တာကာလ(၁၉၉၅-၂၀၂၀)


Freedom House အဖွဲ့ကြီးရဲ့ လွတ်လပ်မှုပြ မြေပုံ (ဓာတ်ပုံ- Freedom House)
Freedom House အဖွဲ့ကြီးရဲ့ လွတ်လပ်မှုပြ မြေပုံ (ဓာတ်ပုံ- Freedom House)

(Zawgyi/Unicode)

၂၀၂၀ အတွင်း ကမ္ဘာတဝှမ်း လွတ်လပ်မှုအညွှန်းကိန်း ၁၅ နှစ်ဆက်တိုက်ကျဆင်းခဲ့ရတယ်လို့ Freedom House အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့ ငါးပုံတပုံ အောက်ပဲ အပြည့်အဝလွတ်လပ်ကြတာမို့ဒါဟာ ၁၉၉၅ ကတည်းက အနိမ့်ဆုံးအနေအထားပဲလို ့ဖော်ပြထားပါတယ်။

အာဏာရှင်လှိုင်းတံပိုးတွေကို မတွန်းလှန်နိုင်သေးတာကို ဒီနှစ်တွေ့ရှိချက်တွေထဲမှာ ရှင်းရှင်းလင်းလင်းမြင်နေရတယ်လို့ Freedom House ရဲ့ သုတေသနဆိုင်ရာ ဒုဥက္ကဌ Sarah Repucci ကပြောပါတယ်။ ၁၅ နှစ်ဆက်တိုက် ဒီမိုကရေစီကျဆင်းနေတာမို့ ဒီမိုကရေစီအစိုးရတွေဟာ တခုနဲ့တခု စုစုစည်းစည်းလုပ်ဆောင်သွားရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

ပွင့်လင်းမြင်သာမှုတွေလျော့ကျပြီး သတင်းမှားတွေပေးတာမျိူးနဲ့ဝေဖန်တဲ့ အမြင်တွေ သို့မဟုတ် မကြိုက်တာတဲ့ အချက်အလက်တွေကို ဖယ်ရှားပစ်တာမျိူးတွေလုပ်ဖို့ ကိုရိုနာ ကပ်ဘေးကြီးက ကမ္ဘာ့ အာဏာရှင်အုပ်စုတော်တော်များများကို အထောက်အကူရစေခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အသွားအလာကန့်သတ်တာတွေကို တခါတရံမှာ နိုင်ငံရေးအရ တိုးမြှင့်ကန့်သတ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို အသုံးချတာမျိုးတွေရှိပါတယ်။ ကမ္ဘာတဝှမ်းက ဒီမိုကရေစီမဟုတ်တဲ့ ခေါင်းဆောင်တွေဟာ ကပ်ဘေးကို အသုံးချပြီး နိုင်ငံရေးအတိုက်အခံတွေကို အားနည်းသွားအောင်၊ သူတို့ရဲ့ အာဏာကို ခိုင်မာသွားအောင်လုပ်ဆောင်ခဲ့ကြတယ်လို့ Freedom House အဖွဲ့ကြီးက ပြောပါတယ်။

......................................................

တိုက်ရိုက် လင့်ခ်


ကမ်ဘာတဝှမျး ဒီမိုကရစေီ နဲ့ လှတျလပျမှု ဆုတျယုတျခဲ့တဲ့ ၁၅ နှဈတာကာလ (၁၉၉ ၅-၂၀၂၀)

(Unicode)





XS
SM
MD
LG