(Zawgyi / Unicode)
ကမာၻတစ္ဝွမ္းမွာရွိတဲ့ ဒီမိုကေရစီ အေျခအေန ၊ လြတ္လပ္ခြင့္နဲ႔ ပတ္သက္လို႔ ႏွစ္စဥ္ အစီအရင္ခံစာကို အေမရိကန္အေျခစိုက္ Freedom House အဖြဲ႕က ဗုဒၶဟူးေန႔က ထုတ္ျပန္လိုက္ပါတယ္။ ဒီအစီအရင္ခံစာရဲ႕ ေတြ႔ရွိခ်က္မွာေတာ့ ၁၄ ႏွစ္ကာလအတြင္း ကမာၻတစ္ဝွမ္းက ဒီမိုကေရစီစနစ္္ဟာ အဟန္႔အတားလုပ္ရပ္တခ်ိဳ႕နဲ႔ ရင္ဆိုင္ေနရတာပါ။ VOA သတင္းေထာက္ Arash Arabasadi ရဲ႕ သတင္းကို အေျခခံၿပီး ကိုဝင္းခန္႔ေမာင္က ေျပာျပထားပါတယ္။
ကမာၻတစ္ဝွမ္း ဒီမိုကေရစီစနစ္ရဲ႕ အေျခအေနနဲ႔ လြတ္လပ္ခြင့္ေတြ က်ဆင္းေနတယ္လို႔ Freedom House အဖြဲ႕ရဲ႕ ႏွစ္စဥ္အစီရင္ခံစာမွာ ေတြ႔ရပါတယ္။ ေဟာင္ေကာင္မွာ တ႐ုတ္အစိုးရကို ဆႏၵျပသူေတြ ၿဖိဳခြင္းခံရတာ၊ အီရန္မွာ အေျပာင္းအလဲ လိုလားသူေတြ ဖိႏွိပ္ခံရတာေတြနဲ႔ အတူ အစီရင္ခံစာထဲမွာ အေျပာင္းအလဲကို မလိုလားတဲ့ အုပ္ခ်ဳပ္သူ အစိုးရေတြရဲ႕ အင္အားသံုး ၿဖိဳခြင္းမႈေတြကို ေဖာ္ျပထားပါတယ္။ တခ်ိဳ႕ ဒီမိုကေရစီ စနစ္နဲ႔ က်င့္သားရေနတဲ့ ႏိုင္ငံေတြမွာလည္း အေႏွာက္အယွက္ေတြနဲ႔ ႀကံဳေတြ႔ရေၾကာင္း မွတ္ခ်က္ေပးထားပါတယ္။ Freedom House အဖြဲ႔က သုေတသနနဲ႔ စိစစ္ေလ့လာေရးအဖြဲ႕ ဒုဥကၠ႒ Sarah Repucci က Skype ကေန တဆင့္ အခုလို ေျပာပါတယ္။
" ဒီမိုကေရစီစနစ္ အခက္ႀကံဳေနရပါတယ္။ ဒီႏွစ္မွာဆိုရင္ တန္းတူအခြင့္အေရးနဲ႔ လူနည္းစုေတြအတြက္လႈပ္ရွားမႈေတြမွာ တိုက္ခိုက္ခံရမႈေတြကို ေတြ႔ခဲ့ရပါတယ္။ ဒါက ဒီမိုကေရစီႏိုင္ငံေတြမွာေရာ အာဏာရွင္အုပ္ခ်ဳပ္ေရးရွိတဲ့ ႏိုင္ငံေတြမွာပါျဖစ္ပါတယ္။ ဒီအခ်က္ေတြအားလံုးခ်ံဳငံုၾကည့္မယ္ဆိုရင္ ၁၄ႏွစ္ဆက္တိုက္ ကမာၻတစ္ဝွမ္း ဒီမိုကေရစီက်ဆင္းေနတာကို ေတြ႔ရမွာပါ။ "
Sarah Repucci ဟာ Freedom House အဖြဲ႔က သုေတသနနဲ႔ စိစစ္ေလ့လာေရးအဖြဲ႕ ဒုဥကၠ႒ျဖစ္ပါတယ္။ ဘာသာေရးနဲ႔ လူနည္းစုအုပ္စုေတြကို အဓိကထား တိုက္ခိုက္ေနတဲ့ အစိုးရ အေရအတြက္ ပိုမ်ားလာတယ္လို႔ သူက ဆိုပါတယ္။
" အစိုးရေတြဖက္က သူတို႔ရဲ႕ စီမံမႈည့ံဖ်င္းတဲ့ ကိစၥေတြမွာ လူနည္းစုဝင္ေတြ အေပၚ အျပစ္ပံုခ်တာ၊ ဖိႏွိပ္ခ်ဳပ္ခ်ယ္ေရး အတြက္ နည္းလမ္းသစ္ေတြ စမ္းသပ္တဲ့ အေလ့အထေတြ ႏိုင္ငံတကာမွာ အျဖစ္မ်ားလာပါတယ္။"
ဥပမာ တ႐ုတ္ျပည္မွာဆိုရင္ လူေတြကို ေထာက္လွမ္းေစာင့္ၾကည့္ေရးလုပ္တဲ့အခါ ပထမ လူအုပ္စုနည္းနည္းေလးနဲ႔စခဲ့ၿပီး ေနာက္ပိုင္းမွာ တျဖည္းျဖည္း တႏိုင္ငံလံုးအတိုင္းအတာနဲ႔ျဖစ္လာတာကိုေတြ႔ရပါတယ္။ ဒီလိုျဖစ္ရပ္ေတြရွိေနေပမယ့္လည္း ေဟာင္ေကာင္မွာေတာ့ လူထုဟာ သူတို႔လြတ္လပ္ခြင့္အတြက္ သႏိၷဌာန္ခ်ၿပီး ဆက္လက္တိုက္ပြဲဝင္ေနတာပါ။
" ေဟာင္ေကာင္မွာ ျဖစ္ေနတဲ့ ဆႏၵျပပြဲေတြကိုၾကည့္ရင္ ေဟာင္ေကာင္လူထုဟာ လြတ္လပ္ခြင့္နဲ႔ ဒီမိုကေရစီစနစ္ကို တျခားႏိုင္ငံေတြမွာ ရွိေနတဲ့ လူေတြလိုပဲ အေရးတႀကီး လိုအပ္ေနတယ္ဆိုတာ ထင္ရွားပါတယ္။ ေဟာင္ေကာင္ လႈပ္ရွားမႈဟာ အေရးပါပါတယ္။ ေထာက္ခံမႈရဖို႔ လိုအပ္ပါတယ္။ ဒါမွပဲ တ႐ုတ္အစိုးရဟာ လူေတြ တကယ္လိုခ်င္ေနတာ ဘာလဲဆိုတဲ့ အေၾကာင္း အရွိတရားအတိုင္းျမင္သြားမွာပါ။"
အေနာက္အာဖရိက Benin ႏိုင္ငံမွာဆိုရင္ မႏွစ္က ေရြးေကာက္ပြဲ မသမာမႈေတြေၾကာင့္ တိုင္းျပည္ရဲ႕ လြတ္လပ္ခြင့္နဲ႔ ဒီမိုကေရစီ စံႏႈန္းသတ္မွတ္ခ်က္ အဆင့္ က်သြားခဲ့ၿပီး စစ္ျဖစ္ေနတဲ့ႏိုင္ငံ၊ အာဏာသိမ္းခံရတဲ့ ႏိုင္ငံတႏိုင္ငံေလာက္ အဆင့္ကို က်သြားခဲ့ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ႏုိင္ငံေတြမွာေတာ့ တိုးတက္မႈေတြ ျပေနပါတယ္။
" ဆူဒန္ႏိုင္ငံ ဆိုလို႔ရွိရင္ မႏွစ္စာရင္းထဲမွာ အေတာ္ေလး အေျခအေနေကာင္းတဲ့ အထဲ ပါပါတယ္။ လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္ၿပီး ႏွစ္ ၃၀ေလာက္ အာဏာရွိေနတဲ့ သမၼတတစ္ေယာက္ကို လူထုလႈပ္ရွားမႈနဲ႔ ျဖဳတ္ခ်ႏိုင္ခဲ့တာဟာ တကယ့္ကိုေအာင္ျမင္မႈႀကီး တခုပါ။"
ႏိုင္ငံသားေတြရဲ႕ အေျပာင္းအလဲအတြက္ ပါဝင္လႈပ္ရွားလိုစိတ္ ကေနတဆင့္ ေမွ်ာ္လင့္ခ်က္ေတြရွိပါတယ္လို႔ Repucci က ဆိုပါတယ္။ ဒီလိုေမွ်ာ္လင့္ခ်က္ေတြ ရွိေနေသးတာေတာင္ Freedom House ရဲ႕ အစီရင္ခံစာအရ ဒီမိုကေရစီ အခက္အခဲႀကံဳေတြ႕ရတဲ့ ႏိုင္ငံ အေရအတြက္ဟာ တိုးတက္လာတဲ့ ႏိုင္ငံအေရအတြက္ထက္ လက္ရွိမွာ ၂ ဆ ပိုမ်ားတယ္လို႔ ဆိုထားပါတယ္။
(Unicode)
ကမ္ဘာတဝှမ်း လွတ်လပ်မှု ဘောင်ကျဉ်းလာသလား
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဒီမိုကရေစီ အခြေအနေ ၊ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ နှစ်စဉ် အစီအရင်ခံစာကို အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီအရင်ခံစာရဲ့ တွေ့ရှိချက်မှာတော့ ၁၄ နှစ်ကာလအတွင်း ကမ္ဘာတစ်ဝှမ်းက ဒီမိုကရေစီစနစ်ဟာ အဟန့်အတားလုပ်ရပ်တချို့နဲ့ ရင်ဆိုင်နေရတာပါ။ VOA သတင်းထောက် Arash Arabasadi ရဲ့ သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြထားပါတယ်။
ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီစနစ်ရဲ့ အခြေအနေနဲ့ လွတ်လပ်ခွင့်တွေ ကျဆင်းနေတယ်လို့ Freedom House အဖွဲ့ရဲ့ နှစ်စဉ်အစီရင်ခံစာမှာ တွေ့ရပါတယ်။ ဟောင်ကောင်မှာ တရုတ်အစိုးရကို ဆန္ဒပြသူတွေ ဖြိုခွင်းခံရတာ၊ အီရန်မှာ အပြောင်းအလဲ လိုလားသူတွေ ဖိနှိပ်ခံရတာတွေနဲ့ အတူ အစီရင်ခံစာထဲမှာ အပြောင်းအလဲကို မလိုလားတဲ့ အုပ်ချုပ်သူ အစိုးရတွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကို ဖော်ပြထားပါတယ်။ တချို့ ဒီမိုကရေစီ စနစ်နဲ့ ကျင့်သားရနေတဲ့ နိုင်ငံတွေမှာလည်း အနှောက်အယှက်တွေနဲ့ ကြုံတွေ့ရကြောင်း မှတ်ချက်ပေးထားပါတယ်။ Freedom House အဖွဲ့က သုတေသနနဲ့ စိစစ်လေ့လာရေးအဖွဲ့ ဒုဥက္ကဋ္ဌ Sarah Repucci က Skype ကနေ တဆင့် အခုလို ပြောပါတယ်။
" ဒီမိုကရေစီစနစ် အခက်ကြုံနေရပါတယ်။ ဒီနှစ်မှာဆိုရင် တန်းတူအခွင့်အရေးနဲ့ လူနည်းစုတွေအတွက်လှုပ်ရှားမှုတွေမှာ တိုက်ခိုက်ခံရမှုတွေကို တွေ့ခဲ့ရပါတယ်။ ဒါက ဒီမိုကရေစီနိုင်ငံတွေမှာရော အာဏာရှင်အုပ်ချုပ်ရေးရှိတဲ့ နိုင်ငံတွေမှာပါဖြစ်ပါတယ်။ ဒီအချက်တွေအားလုံးချုံငုံကြည့်မယ်ဆိုရင် ၁၄နှစ်ဆက်တိုက် ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီကျဆင်းနေတာကို တွေ့ရမှာပါ။ "
Sarah Repucci ဟာ Freedom House အဖွဲ့က သုတေသနနဲ့ စိစစ်လေ့လာရေးအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်ပါတယ်။ ဘာသာရေးနဲ့ လူနည်းစုအုပ်စုတွေကို အဓိကထား တိုက်ခိုက်နေတဲ့ အစိုးရ အရေအတွက် ပိုများလာတယ်လို့ သူက ဆိုပါတယ်။
" အစိုးရတွေဖက်က သူတို့ရဲ့ စီမံမှုညံ့ဖျင်းတဲ့ ကိစ္စတွေမှာ လူနည်းစုဝင်တွေ အပေါ် အပြစ်ပုံချတာ၊ ဖိနှိပ်ချုပ်ချယ်ရေး အတွက် နည်းလမ်းသစ်တွေ စမ်းသပ်တဲ့ အလေ့အထတွေ နိုင်ငံတကာမှာ အဖြစ်များလာပါတယ်။"
ဥပမာ တရုတ်ပြည်မှာဆိုရင် လူတွေကို ထောက်လှမ်းစောင့်ကြည့်ရေးလုပ်တဲ့အခါ ပထမ လူအုပ်စုနည်းနည်းလေးနဲ့စခဲ့ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်လာတာကိုတွေ့ရပါတယ်။ ဒီလိုဖြစ်ရပ်တွေရှိနေပေမယ့်လည်း ဟောင်ကောင်မှာတော့ လူထုဟာ သူတို့လွတ်လပ်ခွင့်အတွက် သန္နိဌာန်ချပြီး ဆက်လက်တိုက်ပွဲဝင်နေတာပါ။
" ဟောင်ကောင်မှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကိုကြည့်ရင် ဟောင်ကောင်လူထုဟာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီစနစ်ကို တခြားနိုင်ငံတွေမှာ ရှိနေတဲ့ လူတွေလိုပဲ အရေးတကြီး လိုအပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဟောင်ကောင် လှုပ်ရှားမှုဟာ အရေးပါပါတယ်။ ထောက်ခံမှုရဖို့ လိုအပ်ပါတယ်။ ဒါမှပဲ တရုတ်အစိုးရဟာ လူတွေ တကယ်လိုချင်နေတာ ဘာလဲဆိုတဲ့ အကြောင်း အရှိတရားအတိုင်းမြင်သွားမှာပါ။"
အနောက်အာဖရိက Benin နိုင်ငံမှာဆိုရင် မနှစ်က ရွေးကောက်ပွဲ မသမာမှုတွေကြောင့် တိုင်းပြည်ရဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ စံနှုန်းသတ်မှတ်ချက် အဆင့် ကျသွားခဲ့ပြီး စစ်ဖြစ်နေတဲ့နိုင်ငံ၊ အာဏာသိမ်းခံရတဲ့ နိုင်ငံတနိုင်ငံလောက် အဆင့်ကို ကျသွားခဲ့ပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာတော့ တိုးတက်မှုတွေ ပြနေပါတယ်။
" ဆူဒန်နိုင်ငံ ဆိုလို့ရှိရင် မနှစ်စာရင်းထဲမှာ အတော်လေး အခြေအနေကောင်းတဲ့ အထဲ ပါပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ပြီး နှစ် ၃၀လောက် အာဏာရှိနေတဲ့ သမ္မတတစ်ယောက်ကို လူထုလှုပ်ရှားမှုနဲ့ ဖြုတ်ချနိုင်ခဲ့တာဟာ တကယ့်ကိုအောင်မြင်မှုကြီး တခုပါ။"
နိုင်ငံသားတွေရဲ့ အပြောင်းအလဲအတွက် ပါဝင်လှုပ်ရှားလိုစိတ် ကနေတဆင့် မျှော်လင့်ချက်တွေရှိပါတယ်လို့ Repucci က ဆိုပါတယ်။ ဒီလိုမျှော်လင့်ချက်တွေ ရှိနေသေးတာတောင် Freedom House ရဲ့ အစီရင်ခံစာအရ ဒီမိုကရေစီ အခက်အခဲကြုံတွေ့ရတဲ့ နိုင်ငံ အရေအတွက်ဟာ တိုးတက်လာတဲ့ နိုင်ငံအရေအတွက်ထက် လက်ရှိမှာ ၂ ဆ ပိုများတယ်လို့ ဆိုထားပါတယ်။