သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ကမၻာတ၀ွမ္း ဒီမုိကေရစီအခြင့္အေရး ခ်ဳိးေဖာက္မႈေတြမ်ားလာ


မွတ္တမ္းဓါတ္ပံ- ၂၀၂၀ ဇြန္လ ၂၁ ရက္ေန႔တုန္းက ဘရာဇီး ဆႏၵျပသူတဦးကို ရဲက ဖမ္းစဥ္

(Zawgyi/Unicode)

COVID 19 ကပ္ေရာဂါရဲ့ ရိုက္ခတ္မႈေတြေၾကာင့္ ကမၻာ့နိုင္ငံအသီးသီးမွာ ဒီမိုကေရစီ အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ပိုမ်ားလာသလို ဒီမိုကေရစီ လုပ္ငန္း လည္ပတ္မႈေတြအေပၚမွာလည္း ထိခိုက္မႈေတြ ရွိေနတယ္လို႔ Freedom House အဖြဲ႕က ေျပာပါတယ္။ အဲဒီအဖြဲ႕ က ၂၀၂၀ ျပည့္ႏွစ္ အတြက္ (Lockdown ကာလ ဒီမိုကေရစီ) Democracy Under Lockdown ဆိုတဲ့ ေခါင္းစဥ္နဲ႔ အထူး အစီရင္ ခံစာ ထုတ္ျပန္ၿပီး အခုလို ေျပာလိုက္တာပါ။ ကမၻာတစ္ဝွမ္းက နိုင္ငံ့ အစိုးရေတြက ေရြးေကာက္ပြဲ ရက္ေရႊ႕ဆိုင္းတာ၊ သတင္းသမားနဲ႔ ေဝဖန္သူေတြကို ႏႈတ္ဆိတ္သြား ေအာင္ လုပ္တာနဲ႔ လူအခြင့္အေရးနဲ႔ လူထုက်န္းမာေရး ကိစၥေတြအတြက္ တာဝန္ခံမႈကို အားနည္းေအာင္ လုပ္တာေတြမွာ COVID-19 က အကာအကြယ္ေပးသလို ျဖစ္ေနတယ္လို႔လည္း Freedom House အဖြဲ႕က ေျပာပါတယ္။

လူထု က်န္းမာေရးကို အေၾကာင္းျပၿပီး ကမၻာ့ေနရာတိုင္းက အုပ္ခ်ဳပ္သူ အစိုးရေတြက အာဏာ အလြဲသုံးစား ျပဳေနသလို COVID-19ကို အခြင့္ေကာင္း ယူၿပီး ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို အင္အား ခ်ိနဲ႔ ေအာင္လုပ္ေနတယ္လို႔လည္း Freedom House အဖြဲ႕ ဥကၠဌ Michael J. Abramowitz က ေျပာပါတယ္။

Freedom House အဖြဲ႕ရဲ့ အစီရင္ခံစာမွာ နိုဝင္ဘာလမွာက်င္းပမယ့္ အေမရိကန္ ေရြးေကာက္ပြဲ အေၾကာင္းလည္း ပါဝင္ၿပီး စာတိုက္မဲ သုံးစြဲမႈမွာ ႐ုတ္တရက္ ျမင့္တက္လာမွာနဲ႔ ေရြးေကာက္ပြဲ​စည္းမ်ဥ္းေတြကို အျငင္းပြားဖြယ္ရာ အခ်ိန္ကပ္ၿပီး ေျပာင္းလဲလာနိုင္တဲ့ အေျခအေနေတြကို ရင္ဆိုင္ဖို႔ ေရြးေကာက္ပြဲ က်င္းပေရး အာဏာပိုင္ေတြ အဆင္သင့္ ျဖစ္-မျဖစ္ အေပၚ မွာ ကၽြမ္းက်င္သူေတြက စိုးရိမ္ ေနေၾကာင္းပါရွိပါတယ္။

Freedom House ရဲ့ အစီရင္ခံစာဟာ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္နဲ႔ သမၼတ ကေတာ္ Melania Trump တို႔ ဗိုင္းရပ္စ္ ကူးစက္ ခံရတဲ့ သတင္းထြက္လာလို႔ ေရြးေကာက္ပြဲဆိုင္ရာ မေရရာ မေသခ်ာမႈေတြ ပိုမ်ားမလာခင္ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ကပ္ေရာဂါ ကာလမွာ ဒီမိုကေရစီ စနစ္ကို အႏၲရာယ္ျပဳ ၿခိမ္းေျခာက္ေနတဲ့ အခ်က္ ၄ ခ်က္ရွိေၾကာင္းလည္း Freedom House က အစီရင္ခံစာထားပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ဆိုင္ရာ သတင္းအခ်က္အလက္ေတြနဲ႔ ပတ္သက္ၿပီး အစိုးရက ပြင့္လင္းျမင္သာမႈ မရွိတာ၊ အဂတိလိုက္စားတာ၊ ခိုကိုးရာမဲ့ အားနည္းသူေတြကို အကာအကြယ္ မေပးတာနဲ႔ အစိုးရက အာဏာ အလြဲသုံးစားမႈ လုပ္တာ ေတြ ျဖစ္ပါတယ္။

အစိုးရအာဏာကို အလြဲသုံစားလုပ္ၿပီး အထြေထြ ေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းထားတဲ့ နိုင္ငံ ေလာေလာဆယ္ ၉ နိုင္ငံရွိတယ္လို႔လည္း Freedom House က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်း ဒီမိုကရေစီအခွင့်အရေး ချိုးဖောက်မှုတွေများလာ
(Unicode)

COVID 19 ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီမိုကရေစီ အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာသလို ဒီမိုကရေစီ လုပ်ငန်း လည်ပတ်မှုတွေအပေါ်မှာလည်း ထိခိုက်မှုတွေ ရှိနေတယ်လို့ Freedom House အဖွဲ့က ပြောပါတယ်။ အဲဒီအဖွဲ့ က ၂၀၂၀ ပြည့်နှစ် အတွက် (Lockdown ကာလ ဒီမိုကရေစီ) Democracy Under Lockdown ဆိုတဲ့ ခေါင်းစဉ်နဲ့ အထူး အစီရင် ခံစာ ထုတ်ပြန်ပြီး အခုလို ပြောလိုက်တာပါ။ ကမ္ဘာတစ်ဝှမ်းက နိုင်ငံ့ အစိုးရတွေက ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းတာ၊ သတင်းသမားနဲ့ ဝေဖန်သူတွေကို နှုတ်ဆိတ်သွား အောင် လုပ်တာနဲ့ လူအခွင့်အရေးနဲ့ လူထုကျန်းမာရေး ကိစ္စတွေအတွက် တာဝန်ခံမှုကို အားနည်းအောင် လုပ်တာတွေမှာ COVID-19 က အကာအကွယ်ပေးသလို ဖြစ်နေတယ်လို့လည်း Freedom House အဖွဲ့က ပြောပါတယ်။

လူထု ကျန်းမာရေးကို အကြောင်းပြပြီး ကမ္ဘာ့နေရာတိုင်းက အုပ်ချုပ်သူ အစိုးရတွေက အာဏာ အလွဲသုံးစား ပြုနေသလို COVID-19ကို အခွင့်ကောင်း ယူပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အင်အား ချိနဲ့ အောင်လုပ်နေတယ်လို့လည်း Freedom House အဖွဲ့ ဥက္ကဌ Michael J. Abramowitz က ပြောပါတယ်။

Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲ အကြောင်းလည်း ပါဝင်ပြီး စာတိုက်မဲ သုံးစွဲမှုမှာ ရုတ်တရက် မြင့်တက်လာမှာနဲ့ ရွေးကောက်ပွဲစည်းမျဉ်းတွေကို အငြင်းပွားဖွယ်ရာ အချိန်ကပ်ပြီး ပြောင်းလဲလာနိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ဖို့ ရွေးကောက်ပွဲ ကျင်းပရေး အာဏာပိုင်တွေ အဆင်သင့် ဖြစ်-မဖြစ် အပေါ် မှာ ကျွမ်းကျင်သူတွေက စိုးရိမ် နေကြောင်းပါရှိပါတယ်။

Freedom House ရဲ့ အစီရင်ခံစာဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ကတော် Melania Trump တို့ ဗိုင်းရပ်စ် ကူးစက် ခံရတဲ့ သတင်းထွက်လာလို့ ရွေးကောက်ပွဲဆိုင်ရာ မရေရာ မသေချာမှုတွေ ပိုများမလာခင် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ကပ်ရောဂါ ကာလမှာ ဒီမိုကရေစီ စနစ်ကို အန္တရာယ်ပြု ခြိမ်းခြောက်နေတဲ့ အချက် ၄ ချက်ရှိကြောင်းလည်း Freedom House က အစီရင်ခံစာထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး အစိုးရက ပွင့်လင်းမြင်သာမှု မရှိတာ၊ အဂတိလိုက်စားတာ၊ ခိုကိုးရာမဲ့ အားနည်းသူတွေကို အကာအကွယ် မပေးတာနဲ့ အစိုးရက အာဏာ အလွဲသုံးစားမှု လုပ်တာ တွေ ဖြစ်ပါတယ်။

အစိုးရအာဏာကို အလွဲသုံစားလုပ်ပြီး အထွထွေ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားတဲ့ နိုင်ငံ လောလောဆယ် ၉ နိုင်ငံရှိတယ်လို့လည်း Freedom House က ပြောပါတယ်။

XS
SM
MD
LG