သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စိတ္ၿငိမ္းခ်မ္းမႈ ရွာေဖြသူတို႔ရဲ႕ ရင္တြင္းျဖစ္ ပန္းခ်ီျပပဲြ


စိတ္ၿငိမ္းခ်မ္းမႈ ရွာေဖြသူတို႔ရဲ႕ ရင္တြင္းျဖစ္ ပန္းခ်ီ

စိတ္ၿငိမ္းခ်မ္းမႈ ရွာေဖြသူတို႔ရဲ႕ ရင္တြင္းျဖစ္ ပန္းခ်ီျပပဲြ

{{Zawgyi/Unicode}}

စိတ္ပိုင္းဆိုင္ရာ မြန္းက်ပ္မႈေတြ၊ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြကို ေလ်ာ့က်သြားေအာင္ ပန္းခ်ီအႏုပညာနဲ႔ ကုသေနသူေတြရဲ႕ ပန္းခ်ီျပပြဲကို ရန္ကုန္ၿမိဳ႕ ပန္းဆိုးတန္းမွာရွိတဲ့ ေလာကနတ္ဂယ္လာရီမွာ အဂၤါေန႔က က်င္းပသြားပါတယ္။ အႏုပညာကုထုံး ခံယူေနသူေတြ ေရးဆြဲထားတဲ့ ပန္းခ်ီကား ၃၀၀ ထဲက တခ်ိဳ႕ကို ဒီျပပြဲမွာ ျပသခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ ျဖစ္တည္မႈနဲ႔ ခံစားခ်က္ေတြကို ပန္းခ်ီကတဆင့္ ေဖာ္ျပခြင့္ရခဲ့တယ္လို႔ ေျပာပါတယ္။ ရန္ကုန္ကေန ဒီသတင္းကို မစုစု က ေပးပို႔ထားပါတယ္။

စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြကို ပန္းခ်ီအႏုပညာနဲ႔ ခံစားေဖာ္ျပထားတဲ့ ပန္းခ်ီဆရာေတြရဲ႕ လက္ရာေတြကို Safe Room လို႔ နာမည္ေပးထားတဲ့ ေလာကနတ္ဂယ္လာရီထဲက ျပခန္းထဲမွာ ျပသထားပါတယ္။ သူတို႔ဟာတခ်ိန္က စိတ္ပိုင္းဆိုင္ရာေဝဒနာ ခံစားခဲ့ရတဲ့သူေတြျဖစ္ၿပီး သူတို႔ကို ပန္းခ်ီဆြဲခိုင္းရင္းက သူတို႔ရဲ႕ အခက္အခဲေတြ တျဖည္းျဖည္း ေျပလည္လာတယ္လို႔ အႏုပညာ ကုထုံးပညာရွင္ ေဒါက္တာေအာင္မင္းက ေျပာပါတယ္။

အႏုပညာကုထုံး နည္းလမ္းအမ်ိဳးမ်ိဳးထဲက သူတို႔ရဲ႕ စိတ္ထြက္ေပါက္ကို ပန္းခ်ီအႏုပညာထဲမွာ နစ္ျမဳပ္ခြင့္ေပးခဲ့တာလို႔ သူက ဗြီအိုေအကို ေျပာပါတယ္။

“ အႏုပညာဟာ လူတိုင္းအတြက္ဆိုတဲ့ဟာ က်ေနာ့အတြက္ ခံယူခ်က္ေပါ့ေနာ္။ က်ေနာ့လူေတြက်ေတာ့ specialties လို႔ေခၚတဲ့ဟာ၊ သူတို႔က် အမ်ားႀကီးေပးရမယ္။ အဲဒါမို႔ သူတို႔ကိုေနရာေတြေပးတယ္ အခ်ိန္ေတြေပးတယ္ လုပ္ပိုင္ခြင့္ေတြေပးတယ္ လြတ္လပ္ခြင့္ေတြေပးတယ္၊ အျပင္မွာ သူတို႔ေဖာက္ခြဲလို႔ မရတဲ့ဟာေတြကို ပန္းခ်ီကားထဲမွာ ေဖာက္ခြဲခြင့္ေပးထားတယ္။ အဲဒါကို သူတို႔က ပိုၿပီးအဆင္ေျပလာတယ္ သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ က်ပ္တည္းမႈေတြက။”

စိတ္ေဝဒနာ ခံစားရသူေတြဟာ သာမန္ေရာဂါသည္ေတြလို တန္းတူဆက္ဆံခြင့္ရတဲ့ အေျခအေနမ်ိဳး လိုအပ္ေနတာပါ။ ေဆး႐ုံေတြမွာ ပိတ္ေလွာင္ခံထားရတာထက္ အဖြဲ႕အစည္း အသိုင္းအဝန္းနဲ႔ ေနခြင့္ရတဲ့အေျခအေနက ပိုၿပီးသင့္ေတာ္တယ္လို႔ ပညာရွင္ေတြက ျမင္ပါတယ္။ သူ႔ဆီေရာက္လာတဲ့သူေတြ အတြက္ေတာ့ ပန္းခ်ီဆြဲေနခြင့္ရတာဟာ ဒီလိုအေျခအေနေတြကေန ႐ုန္းထြက္ခြင့္ရသြားတယ္လို႔ ေဒါက္တာေအာင္မင္းက ေျပာပါတယ္။

“ မင္းတို႔ကို စိတ္ေရာဂါေဆး႐ုံမွာ ေလွာင္ထားမယ္ မင္းတို႔က ေလာကအျပင္မွာေန အ႐ူးေတြငါတို႔အနား မကပ္နဲ႔လို႔ အေျပာခံရတဲ့ crisis မွာ ဒီပန္းခ်ီဆြဲတာက opportunity ရေအာင္ဆြဲထုတ္တာ။ Crisis ျမင္ရင္ ျပႆနာ၊ အႏၲရာယ္တခုတည္း ရွိတာမဟုတ္ဘူး အခြင့္အလမ္းပါရွိတယ္ဆိုတာ ဒါေပါ့။ အခုကာလက အရမ္းခက္ခဲတဲ့ကာလေလ ၊ တေယာက္နဲ႔တေယာက္ ေတြ႕ဖို႔မလြယ္တဲ့အခ်ိန္မွာ က်ေနာ္က space ေပးလိုက္ေတာ့ က်ေနာ့ space ကို လာခြင့္ရသြားတယ္၊ အဲဒီလူ႔ဘဝတန္ဖိုးက အရမ္းႀကီးတယ္။ ပန္းခ်ီကားထြက္တာ မထြက္တာကေနာက္မွ၊ ပန္းခ်ီလာဆြဲခြင့္ရွိတယ္၊ အဲဒီေနရာေလးမွာသူတို႔ secure လုံၿခဳံမႈရတဲ့ေနရာေလး သူတို႔ရလိုက္တယ္၊ အဲဒါမို႔က်ေနာ္က ေခါင္းစဥ္ကို Safe Room လို႔ ေပးထားတာ။ လုံၿခဳံတဲ့ေနရာ။ မုန္တိုင္းေတြ အရမ္းတိုက္ေနရင္ လုံလုံၿခဳံၿခဳံ ေနလို႔ရတဲ့ေနရာကို Safe Room ။”

တကယ္ေတာ့ လူတိုင္းဟာ ႏွစ္သက္ရာ အႏုပညာတခုခုနဲ႔ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြကို ေလ်ာ့ပါးေအာင္လုပ္ႏိုင္တယ္လို႔ သူကေျပာပါတယ္။

သူတို႔ရဲ႕ ပန္းခ်ီျပပြဲကို တႏွစ္တႀကိမ္လုပ္ေလ့ရွိၿပီး ဒါကေတာ့ တတိယအႀကိမ္ေျမာက္ပါ။ သုံးလ ပေရာ့ဂ်က္ထဲမွာ သူတို႔ေရးဆြဲခဲ့တဲ့ ပန္းခ်ီကားေပါင္း ၃၀၀ ရွိၿပီး၊ ဒီေန႔ျပပြဲကို ယူလာတဲ့ ပန္းခ်ီကားေတြကေတာ့ ပန္းခ်ီဆရာ ၁၆ ေယာက္ရဲ႕ လက္ရာေတြ ျဖစ္ပါတယ္။

ပန္းခ်ီဆရာ ညိဳမင္းဝင္း ကေတာ့ သူ႔အေနနဲ႔ ပုံေတြဆြဲရင္း သူ႔ရဲ႕ရလာဒ္အေပၚမွာ ေပ်ာ္႐ႊင္မိတယ္လို႔ ေျပာပါတယ္။

“ ဘဝမွာ ဒီလိုမ်ိဳးမႀကဳံခဲ့ဖူးဘူးေလ၊ ဆရာနဲ႔ေဆးကုၿပီးေနာက္ပိုင္းမွ ဒီလိုႀကဳံခဲ့ဖူးတာဆိုေတာ့ ကိုယ့္ရဲ႕ဆြဲတာေလးေတြကို လူေတြအသိအမွတ္ ျပဳတာေလးေတြ ျမင္ရေတာ့ ကိုယ္ႀကိဳးစားအားထုတ္တာ ေအာင္ျမင္တယ္လို႔ ခံစားမိတယ္။”

ေလာကနတ္ဂယ္လာရီက ဒီပန္းခ်ီျပပြဲကို မတ္လ ၂၉ ရက္ကေန ၃၁ ရက္အထိ ျပသထားမွာပါ။ စိတ္ကူးစိတ္သန္း အမ်ိဳးမ်ိဳးနဲ႔ ေရးဆြဲထားတဲ့ ဒီပန္းခ်ီေတြကို ေရာင္းခ်ထားၿပီး က်ပ္ ၃၀,၀၀၀ ကေန ၁၅၀,၀၀၀ အထိ အ႐ြယ္အစား ေပၚမူတည္ၿပီး ေဈးသတ္မွတ္ထားပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

စိတ်ငြိမ်းချမ်းမှု ရှာဖွေသူတို့ရဲ့ ရင်တွင်းဖြစ် ပန်းချီပြပွဲ

{{Zawgyi/Unicode}}

စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျော့ကျသွားအောင် ပန်းချီအနုပညာနဲ့ ကုသနေသူတွေရဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းမှာရှိတဲ့ လောကနတ်ဂယ်လာရီမှာ အင်္ဂါနေ့က ကျင်းပသွားပါတယ်။ အနုပညာကုထုံး ခံယူနေသူတွေ ရေးဆွဲထားတဲ့ ပန်းချီကား ၃၀၀ ထဲက တချို့ကို ဒီပြပွဲမှာ ပြသခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေကို ပန်းချီကတဆင့် ဖော်ပြခွင့်ရခဲ့တယ်လို့ ပြောပါတယ်။ ရန်ကုန်ကနေ ဒီသတင်းကို မစုစု က ပေးပို့ထားပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပန်းချီအနုပညာနဲ့ ခံစားဖော်ပြထားတဲ့ ပန်းချီဆရာတွေရဲ့ လက်ရာတွေကို Safe Room လို့ နာမည်ပေးထားတဲ့ လောကနတ်ဂယ်လာရီထဲက ပြခန်းထဲမှာ ပြသထားပါတယ်။ သူတို့ဟာတချိန်က စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားခဲ့ရတဲ့သူတွေဖြစ်ပြီး သူတို့ကို ပန်းချီဆွဲခိုင်းရင်းက သူတို့ရဲ့ အခက်အခဲတွေ တဖြည်းဖြည်း ပြေလည်လာတယ်လို့ အနုပညာ ကုထုံးပညာရှင် ဒေါက်တာအောင်မင်းက ပြောပါတယ်။

အနုပညာကုထုံး နည်းလမ်းအမျိုးမျိုးထဲက သူတို့ရဲ့ စိတ်ထွက်ပေါက်ကို ပန်းချီအနုပညာထဲမှာ နစ်မြုပ်ခွင့်ပေးခဲ့တာလို့ သူက ဗွီအိုအေကို ပြောပါတယ်။

“ အနုပညာဟာ လူတိုင်းအတွက်ဆိုတဲ့ဟာ ကျနော့အတွက် ခံယူချက်ပေါ့နော်။ ကျနော့လူတွေကျတော့ specialties လို့ခေါ်တဲ့ဟာ၊ သူတို့ကျ အများကြီးပေးရမယ်။ အဲဒါမို့ သူတို့ကိုနေရာတွေပေးတယ် အချိန်တွေပေးတယ် လုပ်ပိုင်ခွင့်တွေပေးတယ် လွတ်လပ်ခွင့်တွေပေးတယ်၊ အပြင်မှာ သူတို့ဖောက်ခွဲလို့ မရတဲ့ဟာတွေကို ပန်းချီကားထဲမှာ ဖောက်ခွဲခွင့်ပေးထားတယ်။ အဲဒါကို သူတို့က ပိုပြီးအဆင်ပြေလာတယ် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျပ်တည်းမှုတွေက။”

စိတ်ဝေဒနာ ခံစားရသူတွေဟာ သာမန်ရောဂါသည်တွေလို တန်းတူဆက်ဆံခွင့်ရတဲ့ အခြေအနေမျိုး လိုအပ်နေတာပါ။ ဆေးရုံတွေမှာ ပိတ်လှောင်ခံထားရတာထက် အဖွဲ့အစည်း အသိုင်းအဝန်းနဲ့ နေခွင့်ရတဲ့အခြေအနေက ပိုပြီးသင့်တော်တယ်လို့ ပညာရှင်တွေက မြင်ပါတယ်။ သူ့ဆီရောက်လာတဲ့သူတွေ အတွက်တော့ ပန်းချီဆွဲနေခွင့်ရတာဟာ ဒီလိုအခြေအနေတွေကနေ ရုန်းထွက်ခွင့်ရသွားတယ်လို့ ဒေါက်တာအောင်မင်းက ပြောပါတယ်။

“ မင်းတို့ကို စိတ်ရောဂါဆေးရုံမှာ လှောင်ထားမယ် မင်းတို့က လောကအပြင်မှာနေ အရူးတွေငါတို့အနား မကပ်နဲ့လို့ အပြောခံရတဲ့ crisis မှာ ဒီပန်းချီဆွဲတာက opportunity ရအောင်ဆွဲထုတ်တာ။ Crisis မြင်ရင် ပြဿနာ၊ အန္တရာယ်တခုတည်း ရှိတာမဟုတ်ဘူး အခွင့်အလမ်းပါရှိတယ်ဆိုတာ ဒါပေါ့။ အခုကာလက အရမ်းခက်ခဲတဲ့ကာလလေ ၊ တယောက်နဲ့တယောက် တွေ့ဖို့မလွယ်တဲ့အချိန်မှာ ကျနော်က space ပေးလိုက်တော့ ကျနော့ space ကို လာခွင့်ရသွားတယ်၊ အဲဒီလူ့ဘဝတန်ဖိုးက အရမ်းကြီးတယ်။ ပန်းချီကားထွက်တာ မထွက်တာကနောက်မှ၊ ပန်းချီလာဆွဲခွင့်ရှိတယ်၊ အဲဒီနေရာလေးမှာသူတို့ secure လုံခြုံမှုရတဲ့နေရာလေး သူတို့ရလိုက်တယ်၊ အဲဒါမို့ကျနော်က ခေါင်းစဉ်ကို Safe Room လို့ ပေးထားတာ။ လုံခြုံတဲ့နေရာ။ မုန်တိုင်းတွေ အရမ်းတိုက်နေရင် လုံလုံခြုံခြုံ နေလို့ရတဲ့နေရာကို Safe Room ။”

တကယ်တော့ လူတိုင်းဟာ နှစ်သက်ရာ အနုပညာတခုခုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျော့ပါးအောင်လုပ်နိုင်တယ်လို့ သူကပြောပါတယ်။

သူတို့ရဲ့ ပန်းချီပြပွဲကို တနှစ်တကြိမ်လုပ်လေ့ရှိပြီး ဒါကတော့ တတိယအကြိမ်မြောက်ပါ။ သုံးလ ပရော့ဂျက်ထဲမှာ သူတို့ရေးဆွဲခဲ့တဲ့ ပန်းချီကားပေါင်း ၃၀၀ ရှိပြီး၊ ဒီနေ့ပြပွဲကို ယူလာတဲ့ ပန်းချီကားတွေကတော့ ပန်းချီဆရာ ၁၆ ယောက်ရဲ့ လက်ရာတွေ ဖြစ်ပါတယ်။

ပန်းချီဆရာ ညိုမင်းဝင်း ကတော့ သူ့အနေနဲ့ ပုံတွေဆွဲရင်း သူ့ရဲ့ရလာဒ်အပေါ်မှာ ပျော်ရွှင်မိတယ်လို့ ပြောပါတယ်။

“ ဘဝမှာ ဒီလိုမျိုးမကြုံခဲ့ဖူးဘူးလေ၊ ဆရာနဲ့ဆေးကုပြီးနောက်ပိုင်းမှ ဒီလိုကြုံခဲ့ဖူးတာဆိုတော့ ကိုယ့်ရဲ့ဆွဲတာလေးတွေကို လူတွေအသိအမှတ် ပြုတာလေးတွေ မြင်ရတော့ ကိုယ်ကြိုးစားအားထုတ်တာ အောင်မြင်တယ်လို့ ခံစားမိတယ်။”

လောကနတ်ဂယ်လာရီက ဒီပန်းချီပြပွဲကို မတ်လ ၂၉ ရက်ကနေ ၃၁ ရက်အထိ ပြသထားမှာပါ။ စိတ်ကူးစိတ်သန်း အမျိုးမျိုးနဲ့ ရေးဆွဲထားတဲ့ ဒီပန်းချီတွေကို ရောင်းချထားပြီး ကျပ် ၃၀,၀၀၀ ကနေ ၁၅၀,၀၀၀ အထိ အရွယ်အစား ပေါ်မူတည်ပြီး ဈေးသတ်မှတ်ထားပါတယ်။

XS
SM
MD
LG