သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးၿဗဲၿမိဳ႕နယ္တြင္း လက္နက္ႀကီးက်ည္က်ေရာက္ အရပ္သားတဦးေသဆုံး


ရွမ္းျပည္ေတာင္ပိုင္း၊ မိုးၿဗဲၿမိဳ႕။

ရွမ္းျပည္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕နယ္ ေကာင္းေဆာင္ေက်း႐ြာမွာ စစ္ေကာင္စီတပ္က ပစ္ခတ္တဲ့ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲလို႔ အရပ္သားျပည္သူ ၁ ဦးေသဆုံးၿပီး ၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ အဲဒီေက်း႐ြာမွာ ခုံလႈံေနတဲ့ စစ္ေျပးဒုကၡသည္ သုံးေထာင္ေလာက္ဟာလည္း၊ လက္နက္ႀကီးရန္ေၾကာက္ၿပီး ေဘးကင္းတဲ့တျခားေနရာေတြဆီ ထပ္မံေ႐ြ႕ေျပာင္းၾကရပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

ဇန္နဝါရီ ၁၆ ရက္ေန႔ မေန႔က မိုးၿဗဲၿမိဳ႕တြင္း တိုက္ပြဲငယ္တခ်ိဳ႕ရွိခဲ့ၿပီး၊ အဲဒီေနာက္ စစ္ေကာင္စီတပ္ဖက္က လက္နက္ႀကီးေတြနဲ႔ ႐ြာေတြဖက္ကို ဦးတည္ပစ္ခတ္ခဲ့တာပါ။ ည ၈နာရီေလာက္ စစ္ေကာင္စီဖက္က ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္ဟာ စစ္ေျပးဒုကၡသည္ေတြ ခိုလႈံၾကတဲ့ ေကာင္းေဆာင္ေက်း႐ြာ က်ေရာက္ေပါက္ကြဲၿပီး၊ အရပ္သားတဦးေသဆုံးခဲ့တယ္လို႔ စစ္ေရွာင္ေတြကို အကူအညီေပးေနသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ေကာင္းေဆာင္တို႔ လယ္ဝိုင္းတို႔ အဲ့မွာ ေက်း႐ြာေလး ရွိတာေပါ့ေနာ္ အဲ့ဖက္မွာက်တယ္၊ ၿမိဳ႕ထဲေတာ့ မဟုတ္ဘူးေပါ့ေနာ္ ထိခိုက္ေနတဲ့လူက၊ မေန႔ည က်ေနာ္တို႔လည္း အဲ့ဖက္မွာပါပဲ၊ ေသတာ ဒီအမ်ိဳးသမီးတစ္ဦးက ေသတာ ေနာက္က်တဲ့ အမ်ိဳးသား သုံးဦးက ဒီတစ္မိသားစုထဲပါပဲ သူတို႔ သုံးဦးေလာက္ ထိခိုက္ဒဏ္ရာရတာေပါ့ တစ္ဦးျပင္းထန္တယ္လို႔ က်ေနာ္တို႔ ၾကားသိရတာပဲ။ ခုထိတဲ့ အဖြဲ႕က ဒီစစ္ေရွာင္ေတြပဲ မိုးၿဗဲၿမိဳ႕ကေန ဒီမိုးၿဗဲၿမိဳ႕အျပင္ဖက္ကိုေပါ့ေနာ္ ဒါစစ္လာေရွာင္တာေပါ့၊ သူတို႔ တဲကုတ္ေလးေဆာက္တာေပါ့ မိုးကားနဲ႔ ယာယီတဲကုတ္ေလးေပါ့ေနာ္ အဲ့ဒါတဲမွာ တည့္တည့္က်တာပါ အဲ့မွာ တဲလည္း မီးထေလာင္ေရာ သူတို႔ ဆိုင္ကယ္ေတြပါ မီးေလာင္ေရာ။”

မေန႔ည ၆နာရီေလာက္က မိုးၿဗဲၿမိဳ႕ထဲမွာ ပစ္ခတ္သံအနည္းငယ္ ၾကားၿပီးေနာက္ စစ္ေကာင္စီဖက္က လက္နက္ႀကီးေတြနဲ႔ ေတာက္ေလွ်ာက္ပစ္ခတ္ေနၿပီး ည ၈နာရီေလာက္မွာေတာ့ စစ္ေျပးဒုကၡသည္ရွိတဲ့ ေကာင္းေဆာင္႐ြာမွာ က်ေရာက္ေပါက္ကြဲတာလို႔ ေျပာပါတယ္။

“တိုက္ပြဲအေျခအေနက်ေတာ့ မေန႔ညက်ေတာ့ က်ေနာ္တစ္ေယာက္အေနနဲ႔ ဒီၿမိဳ႕အျပင္မွာ ေနေတာ့ ဒီတိုက္ပြဲေတာ့ မၾကားရဘူး၊ ဒါေပမယ့္ ၿမိဳ႕ထဲမွာ ေျပာသံၾကားက်ေတာ့ ဒီပစ္ခတ္သံေတြေတာ့ နည္းနည္းပါးပါးၾကားရတာေပါ့ေနာ္၊ အဲ့ဒါမၾကားပါဘူး ဒီစစ္ေဘးေရွာင္ျပန္ေနတဲ့ဖက္ကိုေပါ့ေနာ္ ဒါလက္နက္ႀကီး လွမ္းထုတာေပါ့။”

လတ္တေလာ မိုးၿဗဲလက္နက္ႀကီး ပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဖက္က တစ္စုံတရာထုတ္ျပန္တာ မရွိေသးဘူး။

လက္နက္ႀကီးေတြနဲ႔ အခ်ိန္မေ႐ြး ပစ္ခတ္တိုက္ခိုက္ေနတဲ့အတြက္ ေဒသခံေတြဟာ ေဘးကင္းတဲ့ တျခားေနရာေတြဆီ ထပ္မံေျပာင္းေ႐ႊ႕ၾကသလို တခ်ိဳ႕ က လက္ရွိေနရာမွာပဲ လက္နက္ႀကီးရန္ကာကြယ္ႏိုင္မယ့္ ေျမက်င္းေတြထဲ ပုန္းခိုေနရတာလို႔ ေျပာဆိုပါတယ္။

“စစ္ေဘးေရွာင္ ၂,၀၀၀ ေက်ာ္ဝန္းက်င္ေလာက္က အဲ့ဖက္မွာ စစ္ေရွာင္တယ္ ႐ြာသားပါပါဆိုရင္ေတာ့ ၃,၀၀၀ ေလာက္ရွိမယ္ေပါ့ ဒီေက်း႐ြာက၊ မေန႔ညကလိုမ်ိဳးေတာ့ မထင္မွတ္ဘူးေပါ့ေနာ္ မထင္မွတ္ပဲက်တယ္ အဲ့ဒါလူထိတယ္ေပါ့ေနာ္ လူမထိတဲ့ဟာေတြလည္း အမ်ားႀကီးရွိတာေပါ့ေနာ္ က်တာ၊ အဲ့ဒါလက္နက္ႀကီးက်တယ္ဆိုေတာ့ သိတဲ့အတိုင္းေပါ့ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္တာေပါ့ေနာ္၊ ကားရွိတဲ့လူကားနဲ႔ ဆိုင္ကယ္ရွိတဲ့လူ ဆိုင္ကယ္နဲ႔ ေနာက္ၿပီးမသြားႏိုင္တဲ့လူခါက်ေတာ့ အနီးအနားမွာ ရွိတဲ့ ေရႏုတ္ေျမာင္းေတြေပ့ါေနာ္ ပုန္းေနၾကတာေပါ့ ဒီလက္နက္ႀကီးဒဏ္ကေန ကာကြယ္ႏိုင္ေအာင္ေပါ့ေနာ္။”

ႏိုင္ငံေနရာအႏွံမွာေတာ့ ျမန္မာစစ္ေကာင္စီတပ္ေတြဟာ အတိုက္အခံလက္နက္ကိုင္ေတာ္လွန္သူေတြကို ေျမျပင္ထိုးစစ္ဆင္တာထက္၊ လက္နက္ႀကီးနဲ႔ ေလေၾကာင္းအသုံးျပဳ တိုက္ခိုက္မႈေတြ ပိုမ်ားလာပါတယ္။ ဒီလိုအေျခအေနေၾကာင့္ စစ္ေရွာင္စခန္းေတြနဲ႔ အရပ္သားေက်း႐ြာေတြကိုပါ ထိခိုက္မႈရွိၿပီး၊ အရပ္သားျပည္သူ ေသဆုံး ဒဏ္ရာရမႈ ပိုတိုးလာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

မိုးဗြဲမြို့နယ်တွင်း လက်နက်ကြီးကျည်ကျရောက် အရပ်သားတဦးသေဆုံး
ဇန်နဝါရီ ၁၇၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ် ကောင်းဆောင်ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီကျေးရွာမှာ ခုံလှုံနေတဲ့ စစ်ပြေးဒုက္ခသည် သုံးထောင်လောက်ဟာလည်း၊ လက်နက်ကြီးရန်ကြောက်ပြီး ဘေးကင်းတဲ့တခြားနေရာတွေဆီ ထပ်မံရွေ့ပြောင်းကြရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

ဇန်နဝါရီ ၁၆ ရက်နေ့ မနေ့က မိုးဗြဲမြို့တွင်း တိုက်ပွဲငယ်တချို့ရှိခဲ့ပြီး၊ အဲဒီနောက် စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးတွေနဲ့ ရွာတွေဖက်ကို ဦးတည်ပစ်ခတ်ခဲ့တာပါ။ ည ၈နာရီလောက် စစ်ကောင်စီဖက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံကြတဲ့ ကောင်းဆောင်ကျေးရွာ ကျရောက်ပေါက်ကွဲပြီး၊ အရပ်သားတဦးသေဆုံးခဲ့တယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကောင်းဆောင်တို့ လယ်ဝိုင်းတို့ အဲ့မှာ ကျေးရွာလေး ရှိတာပေါ့နော် အဲ့ဖက်မှာကျတယ်၊ မြို့ထဲတော့ မဟုတ်ဘူးပေါ့နော် ထိခိုက်နေတဲ့လူက၊ မနေ့ည ကျနော်တို့လည်း အဲ့ဖက်မှာပါပဲ၊ သေတာ ဒီအမျိုးသမီးတစ်ဦးက သေတာ နောက်ကျတဲ့ အမျိုးသား သုံးဦးက ဒီတစ်မိသားစုထဲပါပဲ သူတို့ သုံးဦးလောက် ထိခိုက်ဒဏ်ရာရတာပေါ့ တစ်ဦးပြင်းထန်တယ်လို့ ကျနော်တို့ ကြားသိရတာပဲ။ ခုထိတဲ့ အဖွဲ့က ဒီစစ်ရှောင်တွေပဲ မိုးဗြဲမြို့ကနေ ဒီမိုးဗြဲမြို့အပြင်ဖက်ကိုပေါ့နော် ဒါစစ်လာရှောင်တာပေါ့၊ သူတို့ တဲကုတ်လေးဆောက်တာပေါ့ မိုးကားနဲ့ ယာယီတဲကုတ်လေးပေါ့နော် အဲ့ဒါတဲမှာ တည့်တည့်ကျတာပါ အဲ့မှာ တဲလည်း မီးထလောင်ရော သူတို့ ဆိုင်ကယ်တွေပါ မီးလောင်ရော။”

မနေ့ည ၆နာရီလောက်က မိုးဗြဲမြို့ထဲမှာ ပစ်ခတ်သံအနည်းငယ် ကြားပြီးနောက် စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေပြီး ည ၈နာရီလောက်မှာတော့ စစ်ပြေးဒုက္ခသည်ရှိတဲ့ ကောင်းဆောင်ရွာမှာ ကျရောက်ပေါက်ကွဲတာလို့ ပြောပါတယ်။

Act 2 “တိုက်ပွဲအခြေအနေကျတော့ မနေ့ညကျတော့ ကျနော်တစ်ယောက်အနေနဲ့ ဒီမြို့အပြင်မှာ နေတော့ ဒီတိုက်ပွဲတော့ မကြားရဘူး၊ ဒါပေမယ့် မြို့ထဲမှာ ပြောသံကြားကျတော့ ဒီပစ်ခတ်သံတွေတော့ နည်းနည်းပါးပါးကြားရတာပေါ့နော်၊ အဲ့ဒါမကြားပါဘူး ဒီစစ်ဘေးရှောင်ပြန်နေတဲ့ဖက်ကိုပေါ့နော် ဒါလက်နက်ကြီး လှမ်းထုတာပေါ့။”

လတ်တလော မိုးဗြဲလက်နက်ကြီး ပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က တစ်စုံတရာထုတ်ပြန်တာ မရှိသေးဘူး။

လက်နက်ကြီးတွေနဲ့ အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေဟာ ဘေးကင်းတဲ့ တခြားနေရာတွေဆီ ထပ်မံပြောင်းရွှေ့ကြသလို တချို့ က လက်ရှိနေရာမှာပဲ လက်နက်ကြီးရန်ကာကွယ်နိုင်မယ့် မြေကျင်းတွေထဲ ပုန်းခိုနေရတာလို့ ပြောဆိုပါတယ်။

“စစ်ဘေးရှောင် ၂,၀၀၀ ကျော်ဝန်းကျင်လောက်က အဲ့ဖက်မှာ စစ်ရှောင်တယ် ရွာသားပါပါဆိုရင်တော့ ၃,၀၀၀ လောက်ရှိမယ်ပေါ့ ဒီကျေးရွာက၊ မနေ့ညကလိုမျိုးတော့ မထင်မှတ်ဘူးပေါ့နော် မထင်မှတ်ပဲကျတယ် အဲ့ဒါလူထိတယ်ပေါ့နော် လူမထိတဲ့ဟာတွေလည်း အများကြီးရှိတာပေါ့နော် ကျတာ၊ အဲ့ဒါလက်နက်ကြီးကျတယ်ဆိုတော့ သိတဲ့အတိုင်းပေါ့ ရုတ်ရုတ်သဲသဲဖြစ်ကုန်တာပေါ့နော်၊ ကားရှိတဲ့လူကားနဲ့ ဆိုင်ကယ်ရှိတဲ့လူ ဆိုင်ကယ်နဲ့ နောက်ပြီးမသွားနိုင်တဲ့လူခါကျတော့ အနီးအနားမှာ ရှိတဲ့ ရေနုတ်မြောင်းတွေပေ့ါနော် ပုန်းနေကြတာပေါ့ ဒီလက်နက်ကြီးဒဏ်ကနေ ကာကွယ်နိုင်အောင်ပေါ့နော်။”

နိုင်ငံနေရာအနှံမှာတော့ မြန်မာစစ်ကောင်စီတပ်တွေဟာ အတိုက်အခံလက်နက်ကိုင်တော်လှန်သူတွေကို မြေပြင်ထိုးစစ်ဆင်တာထက်၊ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ပိုများလာပါတယ်။ ဒီလိုအခြေအနေကြောင့် စစ်ရှောင်စခန်းတွေနဲ့ အရပ်သားကျေးရွာတွေကိုပါ ထိခိုက်မှုရှိပြီး၊ အရပ်သားပြည်သူ သေဆုံး ဒဏ်ရာရမှု ပိုတိုးလာပါတယ်။

XS
SM
MD
LG