သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္ ၿမိဳ႕နယ္တခ်ိဳ႕မွာ လွ်ပ္စစ္မီးပုံမွန္မရလို႔ ေဒသခံေတြ အခက္အခဲႀကဳံ


Myanmar Energy Loan

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ လွ်ပ္စစ္မီး ပုံမွန္မရတာ လနဲ႔ခ်ီၿပီျဖစ္လို႔ ေဒသခံေတြ ေနထိုင္ရပ္တည္ဖို႔ အခက္အခဲေတြရွိေနပါတယ္။  ရွမ္းေျမာက္ ေဒသတခ်ိဳ႕မွာ လွ်ပ္စစ္မီးပုံမွန္မရလို႔ အခက္ေတြ႕ေနၾကတဲ့ အေျခအေန သတင္းေပးပို႔ခ်က္ကို  ကိုေအာင္ေအာင္က ေျပာျပမွာပါ။

ရွမ္းေျမာက္ ၿမိဳ႕နယ္တခ်ိဳ႕မွာ လွ်ပ္စစ္မီးပုံမွန္မရလို႔ ေဒသခံေတြ အခက္အခဲႀကဳံ

{{Zawgyi/Unicode}}
ရွမ္းျပည္နယ္ ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ လွ်ပ္စစ္မီး ပုံမွန္မရတာ လနဲ႔ခ်ီၿပီျဖစ္လို႔ ေဒသခံေတြ ေနထိုင္ရပ္တည္ဖို႔ အခက္အခဲေတြရွိေနပါတယ္။ ရွမ္းေျမာက္ ေဒသတခ်ိဳ႕မွာ လွ်ပ္စစ္မီးပုံမွန္မရလို႔ အခက္ေတြ႕ေနၾကတဲ့ အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုေအာင္ေအာင္က ေျပာျပမွာပါ။

လွ်ပ္စစ္မီး မၾကာခဏ ျပတ္ေတာက္ေနတာကို ၿမိဳ႕ႀကီးေတြ အပါအဝင္ ေနရာေဒသ အေတာ္မ်ားမ်ားမွာ ႀကဳံေတြ႕ေနရတာပါ။ အဲဒီထဲမွာ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာေတာ့ လနဲ႔ခ်ီၿပီး ဒီျပႆနာကို ရင္ဆိုင္ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေက်ာက္မဲၿမိဳ႕မွာဆိုရင္ လွ်ပ္စစ္မီးပုံမွန္မရတာက ၆ လနီးပါးေလာက္ရွိၿပီလို႔ ေနထိုင္သူေတြက ေျပာပါတယ္။ မီးေပးတဲ့ပုံစံကလည္း ရပ္ကြက္ ၁ ခုတည္းမွာတင္ အခ်ိန္အပိုင္းလိုက္ခြဲၿပီး အလွည့္က်လာတဲ့ပုံစံမ်ိဳး ျဖစ္ေနတယ္လို႔ ေက်ာက္မဲေဒသခံတဦးက ေျပာပါတယ္။

"လွ်ပ္စစ္မီး ပုံမွန္မလာတာက ၅ လ ဝန္းက်င္၊ ၆ လ နီးပါးေလာက္ရွိတယ္။ လာခ်င္တဲ့အခ်ိန္လာတယ္။ ေနာက္ၿပီးေတာ့ မီးျဖတ္မယ္ဆိုတဲ့ အေၾကာင္းလည္း မေျပာျပဘူးေပါ့ေနာ္။ မနက္ပိုင္း တခါလာၿပီးရင္ ညေနပိုင္း ၇ နာရီ၊ ၈ နာရီမွ ျပန္လာတယ္။ ၈ နာရီမွ လာၿပီးၿပီဆို ၁၀ နာရီမွာ ျပန္ပ်က္သြားၿပီ။ ေနာက္ဆုံး ညသန္းေခါင္မွ ျပန္လာခ်င္လာတယ္။ အဲလိုပုံစံမ်ိဳးက ၅ လ ဝန္းက်င္ေလာက္ေတာ့ ရွိသြားၿပီ။"

လွ်ပ္စစ္မီးေပးခ်ိန္ ပုံမွန္မရွိေပမယ့္ မီတာခက်သင့္ေငြကိုေတာ့ ပုံမွန္လာေကာက္တယ္လို႔ ေျပာပါတယ္။ မီတာခမေဆာင္တဲ့ ေနအိမ္ေတြကို မီးႀကိဳးျဖတ္တာမ်ိဳးလည္း ရွိတယ္လို႔ ေျပာပါတယ္။ မီးပုံမွန္မရတဲ့ျပႆနာက လက္လုပ္လက္စား အေျခခံလူတန္းစားေတြအတြက္ ပိုၿပီးအခက္ေတြ႕ေစတယ္လို႔ ေျပာပါတယ္။

"အလုပ္လုပ္တဲ့ လုပ္ငန္းရွင္ဆိုရင္လည္း မီးလာတဲ့အခ်ိန္ ေကာက္လုပ္တယ္ဗ်ာ။ မီးမလာတဲ့အခ်ိန္က် မီးစက္ႏႈိးရတာဆိုေတာ့ သူတို႔ရဲ႕ ကုန္က်စရိတ္က တအားမ်ားသြားတာေပါ့။ ေနာက္တခုက လူေနမႈအဆင့္အတန္းမွာလည္း မီးလာတဲ့အခ်ိန္က်ေတာ့ ဥပမာ ထမင္းအိုးခ်က္ထားတယ္ဗ်ာ။ ထမင္းအိုးခ်က္ထားၿပီးေတာ့ မီးကပ်က္သြားတယ္ဆို အဲဒီထမင္းအိုးႀကီးက ျပဳတ္တူးမနပ္ပုံစံ ျဖစ္သြားတာေပါ့။ အဲဒီမွာ ပစ္လိုက္ရၿပီေလ။ လူတန္းေစ့ေနႏိုင္တဲ့ သူေတြအတြက္ မဆိုလိုေပမယ့္လည္း တခ်ိဳ႕အတြက္က အဆင္မေျပဘူးေပါ့ေနာ္။ တခ်ိဳ႕က တရက္လုပ္ တရက္စားေတြ မ်ားေတာ့ေလ။"

ရွမ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕မွာဆိုရင္လည္း လွ်ပ္စစ္မီးရခ်ိန္က တေန႔ကို ပ်မ္းမွ် ၃ နာရီေလာက္သာ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လူမႈကြန္ယက္ေပၚမွာ လွ်ပ္စစ္မီးေပးမယ့္အခ်ိန္ကို ရပ္ကြက္အုပ္စုအလိုက္ခြဲၿပီး တင္ေပးတာမ်ိဳး ေတြ႕ရေပမယ့္ အဲဒီအခ်ိန္အတိုင္း လာတာမ်ိဳးမဟုတ္ဘူးလို႔ ေျပာပါတယ္။ လွ်ပ္စစ္အစားထိုးသုံးရတဲ့ ေလာင္စာတခ်ိဳ႕နဲ႔ ကုန္ပစၥည္းေစ်းႏႈန္းေတြလည္း အနည္းငယ္တက္တာမ်ိဳး ရွိတယ္လို႔ လားရႈိးမွာေနထိုင္သူတဦးက ေျပာပါတယ္။

"ပုံမွန္ေတာ့ မရွိဘူးဗ်။ တခါေပးရင္ေတာ့ ၃ နာရီ၊ ၄ နာရီ။ တခါတေလက်ေတာ့လည္း တညလုံးလာလိုက္တယ္။ တေန႔မီးေပးခ်ိန္က ပ်မ္းမွ်ဆို ၃ နာရီေလာက္ျဖစ္ေနတယ္။ အဲလိုျဖစ္ေနတာ ၂ လ၊ ၃ လေတာ့ရွိၿပီေပါ့ေနာ္။ ေရတြင္းကေန ေရကိုေမာ္တာနဲ႔ တင္ရတာဆိုေတာ့ လွ်ပ္စစ္မီးလာတဲ့အခ်ိန္ ညသန္းေခါင္လည္း ထၿပီးေရတင္ၾကေပါ့။ ညလာေတာ့လည္း ညထၿပီးေတာ့ လုပ္ၾကရတာေပါ့။ ခ်က္ျပဳတ္ဖို႔လည္း မီးေသြးတို႔၊ ဂတ္စ္တို႔ ေျပာင္းသုံးၾကရတာေပါ့။"

မူဆယ္နဲ႔ ကြတ္ခိုင္ၿမိဳ႕ေတြမွာလည္း လွ်ပ္စစ္မီးပုံမွန္မရတာ အခ်ိန္ၾကာၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။ မီးလာခ်ိန္ပုံမွန္မရွိလို႔ ေန႔စဥ္စားေသာက္ဖို႔ ခ်က္ျပဳတ္တဲ့ေနရာမွာ လွ်ပ္စစ္မီးအစားထိုးသုံးရတဲ့ စရိတ္ေတြကလည္း အကုန္အက်မ်ားလာတယ္လို႔ ေျပာပါတယ္။ ႏိုင္ငံတဝန္း ၿမိဳ႕ႀကီးေတြမွာပါ လွ်ပ္စစ္မီးပုံမွန္မရတာ အခ်ိန္ၾကာလာၿပီျဖစ္လို႔ ေဒသခံေတြက လွ်ပ္စစ္မီးေပးခ်ိန္ ႀကိဳၿပီးသိရဖို႔ကိုလည္း ေမွ်ာ္လင့္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

ရှမ်းမြောက် မြို့နယ်တချို့မှာ လျှပ်စစ်မီးပုံမှန်မရလို့ ဒေသခံတွေ အခက်အခဲကြုံ

{{Zawgyi/Unicode}}
ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ်တချို့မှာ လျှပ်စစ်မီး ပုံမှန်မရတာ လနဲ့ချီပြီဖြစ်လို့ ဒေသခံတွေ နေထိုင်ရပ်တည်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ရှမ်းမြောက် ဒေသတချို့မှာ လျှပ်စစ်မီးပုံမှန်မရလို့ အခက်တွေ့နေကြတဲ့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုအောင်အောင်က ပြောပြမှာပါ။

လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတာကို မြို့ကြီးတွေ အပါအဝင် နေရာဒေသ အတော်များများမှာ ကြုံတွေ့နေရတာပါ။ အဲဒီထဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်တချို့မှာတော့ လနဲ့ချီပြီး ဒီပြဿနာကို ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မဲမြို့မှာဆိုရင် လျှပ်စစ်မီးပုံမှန်မရတာက ၆ လနီးပါးလောက်ရှိပြီလို့ နေထိုင်သူတွေက ပြောပါတယ်။ မီးပေးတဲ့ပုံစံကလည်း ရပ်ကွက် ၁ ခုတည်းမှာတင် အချိန်အပိုင်းလိုက်ခွဲပြီး အလှည့်ကျလာတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ကျောက်မဲဒေသခံတဦးက ပြောပါတယ်။

"လျှပ်စစ်မီး ပုံမှန်မလာတာက ၅ လ ဝန်းကျင်၊ ၆ လ နီးပါးလောက်ရှိတယ်။ လာချင်တဲ့အချိန်လာတယ်။ နောက်ပြီးတော့ မီးဖြတ်မယ်ဆိုတဲ့ အကြောင်းလည်း မပြောပြဘူးပေါ့နော်။ မနက်ပိုင်း တခါလာပြီးရင် ညနေပိုင်း ၇ နာရီ၊ ၈ နာရီမှ ပြန်လာတယ်။ ၈ နာရီမှ လာပြီးပြီဆို ၁၀ နာရီမှာ ပြန်ပျက်သွားပြီ။ နောက်ဆုံး ညသန်းခေါင်မှ ပြန်လာချင်လာတယ်။ အဲလိုပုံစံမျိုးက ၅ လ ဝန်းကျင်လောက်တော့ ရှိသွားပြီ။"

လျှပ်စစ်မီးပေးချိန် ပုံမှန်မရှိပေမယ့် မီတာခကျသင့်ငွေကိုတော့ ပုံမှန်လာကောက်တယ်လို့ ပြောပါတယ်။ မီတာခမဆောင်တဲ့ နေအိမ်တွေကို မီးကြိုးဖြတ်တာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။ မီးပုံမှန်မရတဲ့ပြဿနာက လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် ပိုပြီးအခက်တွေ့စေတယ်လို့ ပြောပါတယ်။

"အလုပ်လုပ်တဲ့ လုပ်ငန်းရှင်ဆိုရင်လည်း မီးလာတဲ့အချိန် ကောက်လုပ်တယ်ဗျာ။ မီးမလာတဲ့အချိန်ကျ မီးစက်နှိုးရတာဆိုတော့ သူတို့ရဲ့ ကုန်ကျစရိတ်က တအားများသွားတာပေါ့။ နောက်တခုက လူနေမှုအဆင့်အတန်းမှာလည်း မီးလာတဲ့အချိန်ကျတော့ ဥပမာ ထမင်းအိုးချက်ထားတယ်ဗျာ။ ထမင်းအိုးချက်ထားပြီးတော့ မီးကပျက်သွားတယ်ဆို အဲဒီထမင်းအိုးကြီးက ပြုတ်တူးမနပ်ပုံစံ ဖြစ်သွားတာပေါ့။ အဲဒီမှာ ပစ်လိုက်ရပြီလေ။ လူတန်းစေ့နေနိုင်တဲ့ သူတွေအတွက် မဆိုလိုပေမယ့်လည်း တချို့အတွက်က အဆင်မပြေဘူးပေါ့နော်။ တချို့က တရက်လုပ် တရက်စားတွေ များတော့လေ။"

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာဆိုရင်လည်း လျှပ်စစ်မီးရချိန်က တနေ့ကို ပျမ်းမျှ ၃ နာရီလောက်သာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူမှုကွန်ယက်ပေါ်မှာ လျှပ်စစ်မီးပေးမယ့်အချိန်ကို ရပ်ကွက်အုပ်စုအလိုက်ခွဲပြီး တင်ပေးတာမျိုး တွေ့ရပေမယ့် အဲဒီအချိန်အတိုင်း လာတာမျိုးမဟုတ်ဘူးလို့ ပြောပါတယ်။ လျှပ်စစ်အစားထိုးသုံးရတဲ့ လောင်စာတချို့နဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေလည်း အနည်းငယ်တက်တာမျိုး ရှိတယ်လို့ လားရှိုးမှာနေထိုင်သူတဦးက ပြောပါတယ်။

"ပုံမှန်တော့ မရှိဘူးဗျ။ တခါပေးရင်တော့ ၃ နာရီ၊ ၄ နာရီ။ တခါတလေကျတော့လည်း တညလုံးလာလိုက်တယ်။ တနေ့မီးပေးချိန်က ပျမ်းမျှဆို ၃ နာရီလောက်ဖြစ်နေတယ်။ အဲလိုဖြစ်နေတာ ၂ လ၊ ၃ လတော့ရှိပြီပေါ့နော်။ ရေတွင်းကနေ ရေကိုမော်တာနဲ့ တင်ရတာဆိုတော့ လျှပ်စစ်မီးလာတဲ့အချိန် ညသန်းခေါင်လည်း ထပြီးရေတင်ကြပေါ့။ ညလာတော့လည်း ညထပြီးတော့ လုပ်ကြရတာပေါ့။ ချက်ပြုတ်ဖို့လည်း မီးသွေးတို့၊ ဂတ်စ်တို့ ပြောင်းသုံးကြရတာပေါ့။"

မူဆယ်နဲ့ ကွတ်ခိုင်မြို့တွေမှာလည်း လျှပ်စစ်မီးပုံမှန်မရတာ အချိန်ကြာပြီလို့ ဒေသခံတွေက ပြောပါတယ်။ မီးလာချိန်ပုံမှန်မရှိလို့ နေ့စဉ်စားသောက်ဖို့ ချက်ပြုတ်တဲ့နေရာမှာ လျှပ်စစ်မီးအစားထိုးသုံးရတဲ့ စရိတ်တွေကလည်း အကုန်အကျများလာတယ်လို့ ပြောပါတယ်။ နိုင်ငံတဝန်း မြို့ကြီးတွေမှာပါ လျှပ်စစ်မီးပုံမှန်မရတာ အချိန်ကြာလာပြီဖြစ်လို့ ဒေသခံတွေက လျှပ်စစ်မီးပေးချိန် ကြိုပြီးသိရဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG