သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လွ်ပ္စစ္မီးျပတ္ေတာက္မႈေၾကာင့္ ရန္ကုန္မွာ ေရျပတ္လပ္မႈနဲ႔ႀကံဳ 


လွ်ပ္စစ္မီးျပတ္ေတာက္မႈေၾကာင့္ ရန္ကုန္မွာ ေရျပတ္လပ္မႈနဲ႔ႀကံဳ (Photo Credit : : ေ႐ႊေရာင္သမိုင္း ပရဟိတ)

ျမန္မာႏိုင္ငံက ေဒသအသီးသီးမွာ အခုရက္ပိုင္းေတြအတြင္း လွ်ပ္စစ္မီးမၾကာခဏ ျပတ္ေတာက္တာ၊ မီးလာခ်ိန္ ပုံမွန္မရွိတာေတြေၾကာင့္ ေရရ႐ွိႏိုင္ဖု႔ိ အခက္အခဲျဖစ္ေနၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာေတာ့ ပရဟိတလုပ္သူတခ်ဳိ႕က ေရအကူအညီေပးေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေဇာ္မိုးေက်ာ္ က ေျပာျပမွာပါ။

လွ်ပ္စစ္မီးျပတ္ေတာက္မႈေၾကာင့္ ရန္ကုန္မွာ ေရျပတ္လပ္မႈနဲ႔ႀကံဳ


{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံက ေဒသအသီးသီးမွာ အခုရက္ပိုင္းေတြအတြင္း လွ်ပ္စစ္မီးမၾကာခဏ ျပတ္ေတာက္တာ၊ မီးလာခ်ိန္ ပုံမွန္မရွိတာေတြေၾကာင့္ ေရရ႐ွိႏိုင္ဖု႔ိ အခက္အခဲျဖစ္ေနၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာေတာ့ ပရဟိတလုပ္သူတခ်ဳိ႕က ေရအကူအညီေပးေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေဇာ္မိုးေက်ာ္ က ေျပာျပမွာပါ။

လူဦးေရထူထပ္တဲ့ ရန္ကုန္ၿမိဳ႕မွာ အခုရက္ပိုင္း မီးပ်က္ခ်ိန္ၾကာတဲ့ဒုကၡကို ၿမိဳ႕နယ္တုိင္းလိုလိုမွာ ခံစားေနၾကရပါတယ္။ မီးလာမွ ေရတင္ၾကရသူေတြအေနနဲ႔ မီးလာခ်ိန္မမွန္ေတာ့တာေၾကာင့္ ေသာက္သုံးေရ ႐ွားပါး ျပတ္လပ္မႈေတြနဲ႔ ႀကံဳေနၾကရပါတယ္။ ဒါေၾကာင့္ တခ်ဳိ႕ပရဟိတကူညီသူေတြက ေရကားေတြနဲ႔ ၿမိဳ႕နယ္ေတြလွည့္ၿပီး ေရးေပးေဝတာမ်ဳိးေတြ လုပ္ေနၾကပါတယ္။ ေျမာက္ဒဂုံ၊ ေတာင္ဥကၠလာ၊ သာေကတ၊ ေျမာက္ဥကၠလာနဲ႔ လႈိင္သာယာမွာ ေနထိုင္သူေတြရဲ႕ ေသာက္သုံးေရ လိုအပ္ခ်က္ေတြကို ကူညီေပးေနတဲ့ ရွင္သန္ေရးကူညီမႈအသင္းကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီေတြကထက္ အခု ေရလိုအပ္လို႔ အကူအညီေတာင္းသူေတြ ပိုမ်ားလာတယ္လို႔ ေျပာပါတယ္။

"အခုကေလ ၿမိဳ႕နယ္ေတြကေတာ့ နည္းနည္းမ်ားတာေပါ့ေနာ္။ ၿမိဳ႕နယ္အႏွံ႔အျပားမွာ ေရအခက္အခဲက ျဖစ္ေနတဲ့အခါက်ေတာ့ေလ။ ခါတိုင္းလွ်ဴရတာထက္ေတာ့ ပိုမ်ားတာေပါ့။ ၃,၈၀၀ ဂါလံနဲ႔ ေခါက္ျပန္ေပါ့ေနာ္ လွဴေပးေနရတာေပါ့။ တေန႔ကို ၁၀ စီးနဲ႔ ၁၂ စီးေပါ့။ ေႏြရာသီေရာက္ရင္ေတာ့ ဘယ္ေနရာမွာမဆို က်မတို႔ ရွင္သန္ေရးကူညီမႈ အသင္းအေနနဲ႔ကေတာ့ ေရလွ်ဴရတာေတြ ရွိတယ္ေပါ့ေနာ္။ ခါတိုင္း ဒီအခ်ိန္ေတြ ဆိုလို႔ရွိရင္ေတာ့ ပုံမွန္ဘုန္းႀကီးေက်ာင္းေတြရွိမယ္။ တခ်ိဳ႕ရပ္ကြက္ေတြမွာလည္း ပုံမွန္အားျဖင့္လည္း လႉေနရတဲ့ေနရာေတြရွိတယ္ရွင့္။ က်ဴးေက်ာ္လိုေနရာမ်ိဳးေတြ၊ လႈိင္သာယာလိုမ်ိဳးေနရာေတြ၊ ၿပီးရင္ တိုက္ခန္းမ်ားတဲ့ေနရာေတြမွာဆို ေႏြေရာက္လာၿပီဆိုလို႔ရွိရင္ လွ်ဴရတာေတြလည္း ရွိတာေပါ့ေနာ္။ အခုကေတာ့ မီးပ်က္လိုက္တဲ့အခါက်ေတာ့ ေနရာအႏွံ႔အျပား၊ ၿမိဳ႕နယ္အႏွံ႔အျပားမွာ ေရလွ်ဴျဖစ္တာေလးေတာ့ ရွိသြားတာေပါ့ေနာ္။"

တခ်ိဳ႕ကေတာ့ ကိုယ္ပိုင္မီးစက္ေတြကို လုိအပ္ေနသူေတြ႐ွိရာကို သယ္ယူလာၿပီး ေရတင္ႏိုင္ဖို႔အတြက္ တႏိုင္တပိုင္လိုက္လံ ကူညီေပးေနတာေတြလည္း ရွိပါတယ္။ ေႏြရာသီေရာက္တိုင္း ေသာက္သုံးေရလိုအပ္ခ်က္ ကူညီေဆာင္႐ြက္ေပးေနရတယ္ ဆိုေပမယ့္ အခုႏွစ္ကေတာ့ ေႏြရာသီအစမွာကတည္းက လွ်ပ္စစ္မီးပ်က္တဲ့ ေနာက္ဆက္တြဲ အခက္အခဲေတြရွိေနတာလို႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။ ေ႐ႊေရာင္သမိုင္းပရဟိတကေတာ့ ေရလိုအပ္ေနသူေတြကို အခက္အခဲေတြရွိတဲ့ၾကားက ကူညီေပးႏိုင္ေအာင္ ႀကိဳးပမ္းေနတဲ့အေၾကာင္း ေျပာပါတယ္။

"ဒီႏွစ္မွာက အရင္ႏွစ္ေတြနဲ႔ မတူဘဲနဲ႔ ေႏြရာသီအစပိုင္း ကာလမွာကိုက ေရလိုအပ္ခ်က္ေတြ စႀကဳံေတြ႕ရတယ္ေပါ့။ အဓိက ကေတာ့ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြေၾကာင့္ ေရတင္ဖို႔အခက္အခဲရွိရာကေန ျဖစ္တယ္ေပါ့။ က်ေနာ္တို႔အသင္းကေတာ့ လက္ရွိ ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း ၿမိဳ႕နယ္မွာ ေရလိုအပ္မႈျဖစ္တဲ့ ေနရာေတြမွာေတာ့ အသင္းပိုင္ေရသယ္ယာဥ္နဲ႔ ေရလွ်ဴဒါန္း ကူညီမႈေတြကို အခမဲ့ေဆာင္႐ြက္လ်က္ ရွိပါတယ္။ က်ေနာ္တို႔ သိရသေလာက္ကေတာ့ ဒီလွ်ပ္စစ္မီး ပုံမွန္မလာတာရဲ႕ ေနာက္ဆက္တြဲေၾကာင့္ ျဖစ္တယ္လို႔ေတာ့ ေဒသခံေတြရဲ႕အေျပာအရ သိထားရပါတယ္ခင္ဗ်။ တေန႔မွာ ေရအနည္းဆုံး ၅ ေခါက္ေလာက္ေပးရတဲ့အတြက္ တေန႔ကို ဂါလံ ၁၅,၀၀၀ ေလာက္ကို ပုံမွန္လႉေနရပါတယ္။ က်ေနာ္တို႔ ေရသယ္ယာဥ္ဆိုရင္ ကားရဲ႕ဖြဲ႕စည္းတည္ေဆာက္ပုံအရ က်ေနာ္တို႔က ဆီပမာဏကို ပိုၿပီးေတာ့ထည့္ရတဲ့ အပိုင္းေလးေတြရွိေတာ့ ပရဟိတအသင္းဆိုေတာ့ ရံပုံေငြနဲ႔သြားရတာ ျဖစ္တဲ့အတြက္ စက္သုံးဆီကုန္က်မႈေတြလည္း မ်ားပါတယ္။ တဖက္မွာလည္း က်ေနာ္တို႔က ေရျပန္ေရာင္းတာေတြ ဘာေတြမလုပ္ဘဲနဲ႔ အခမဲ့ကူညီတာဆိုေတာ့ ေစတနာအေလ်ာက္ အလႉေငြကို လက္ခံတာေပါ့။ သို႔ေသာ္လည္းပဲ မ်ားေသာအားျဖင့္ကေတာ့ အခမဲ့ကူညီရတာမ်ားတဲ့အတြက္ က်ေနာ္တို႔မွာလည္း မေမွ်ာ္မွန္းႏိုင္တဲ့ စိန္ေခၚမႈေတြနဲ႔ အခက္အခဲေတြရွိပါတယ္။"

မီးစက္အသုံးျပဳၿပီး လွ်ပ္စစ္မီးမလာတဲ့ ျပႆနာကို ေျဖရွင္းၾကတဲ့ေနရာမွာလည္း စက္သံုးဆီေစ်းေတြ ႀကီးျမင့္ေနတာေၾကာင့္ အခက္အခဲေတြ႐ွိေနပါတယ္။ ေလာင္စာဆီ ေစ်းႏႈန္းေတြက မတ္လ ၁၁ ရက္ ေသာၾကာေန႔မွာ ေအာ့တိန္း 95 တလီတာကို ၂,၁၆၅ က်ပ္အထိ ေရာင္းခ်ေနၿပီး၊ ပရီမီယမ္ ဒီဇယ္ တလီတာ ၂,၃၉၀ က်ပ္အထိ ေစ်းရွိပါတယ္။ ဒါက ရန္ကုန္ေစ်းႏႈန္းပါ။ တျခားေနရာေတြမွာေတာ့ သယ္ယူပို႔ေဆာင္တဲ့စရိတ္ေၾကာင့္ ရန္ကုန္မွာေရာင္းခ်တဲ့ ေစ်းႏႈန္းထက္ ပိုျမင့္ပါတယ္။

ဘီလူးေခ်ာင္း ေလာပိတေရအားလ ွ်ပ္စစ္ စက္႐ံုက ပို႔လႊတ္တဲ့လွ်ပ္စစ္ဓါတ္အားေတြကို ျဖန္႔ေဝေပးတဲ့ ဓာတ္အားလိုင္းတခ်ိဳ႕ ေဖာက္ခြဲခံရတာ၊ ေ႐ႊသဘာဝဓာတ္ေငြ႕ ကမ္းလြန္လုပ္ကြက္က ေရေအာက္ပိုက္လိုင္း ျပဳျပင္ေနတာ အပါအဝင္၊ LNG ဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံကို ပိတ္လိုက္ရတာေတြေၾကာင့္ မတ္လ ၁၂ ရက္ စေနေန႔ကေန ၁၈ ရက္ အထိ တခ်ိဳ႕ေနရာေတြမွာ လ ွ်ပ္စစ္ဝန္အားကို ၂၄ နာရီ ေလွ်ာ့ခ်သြားမယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဌာနက ထုတ္ျပန္ထားပါတယ္။ ဘယ္ေနရာေတြမွာ ဘယ္လို ဝန္အားေလ ွ်ာ့မွာလည္းဆိုတာေတာ့ ႐ွင္း႐ွင္း မသိရေသးပါဘူး။ လွ်ပ္စစ္ဝန္အားေလွ်ာ့ခ်မယ္၊ အလွည့္က် လ ွ်ပ္စစ္မီးေပးမယ္ဆိုရင္လည္း ဘယ္ၿမိဳ႕နယ္မွာ ဘယ္အခ်ိန္ေပးမလဲဆိုတဲ့ အခ်ိန္ကို အတိအက်သိခ်င္တယ္လို႔ မီးပ်က္ဒုကၡခံေနၾကရတဲ့ ျပည္သူေတြက ေျပာေနၾကပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရန်ကုန်မှာ ရေပြတ်လပ်မှုနဲ့ကြုံ
{{Zawgyi/Unicode}}

မြန်မာနိုင်ငံက ဒေသအသီးသီးမှာ အခုရက်ပိုင်းတွေအတွင်း လျှပ်စစ်မီးမကြာခဏ ပြတ်တောက်တာ၊ မီးလာချိန် ပုံမှန်မရှိတာတွေကြောင့် ရေရရှိနိုင်ဖု့ိ အခက်အခဲဖြစ်နေကြပါတယ်။ ရန်ကုန်မြို့မှာတော့ ပရဟိတလုပ်သူတချို့က ရေအကူအညီပေးနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်မိုးကျော် က ပြောပြမှာပါ။

လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့မှာ အခုရက်ပိုင်း မီးပျက်ချိန်ကြာတဲ့ဒုက္ခကို မြို့နယ်တိုင်းလိုလိုမှာ ခံစားနေကြရပါတယ်။ မီးလာမှ ရေတင်ကြရသူတွေအနေနဲ့ မီးလာချိန်မမှန်တော့တာကြောင့် သောက်သုံးရေ ရှားပါး ပြတ်လပ်မှုတွေနဲ့ ကြုံနေကြရပါတယ်။ ဒါကြောင့် တချို့ပရဟိတကူညီသူတွေက ရေကားတွေနဲ့ မြို့နယ်တွေလှည့်ပြီး ရေးပေးဝေတာမျိုးတွေ လုပ်နေကြပါတယ်။ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သာကေတ၊ မြောက်ဥက္ကလာနဲ့ လှိုင်သာယာမှာ နေထိုင်သူတွေရဲ့ သောက်သုံးရေ လိုအပ်ချက်တွေကို ကူညီပေးနေတဲ့ ရှင်သန်ရေးကူညီမှုအသင်းကတော့ ပြီးခဲ့တဲ့ နွေရာသီတွေကထက် အခု ရေလိုအပ်လို့ အကူအညီတောင်းသူတွေ ပိုများလာတယ်လို့ ပြောပါတယ်။

"အခုကလေ မြို့နယ်တွေကတော့ နည်းနည်းများတာပေါ့နော်။ မြို့နယ်အနှံ့အပြားမှာ ရေအခက်အခဲက ဖြစ်နေတဲ့အခါကျတော့လေ။ ခါတိုင်းလျှူရတာထက်တော့ ပိုများတာပေါ့။ ၃,၈၀၀ ဂါလံနဲ့ ခေါက်ပြန်ပေါ့နော် လှူပေးနေရတာပေါ့။ တနေ့ကို ၁၀ စီးနဲ့ ၁၂ စီးပေါ့။ နွေရာသီရောက်ရင်တော့ ဘယ်နေရာမှာမဆို ကျမတို့ ရှင်သန်ရေးကူညီမှု အသင်းအနေနဲ့ကတော့ ရေလျှူရတာတွေ ရှိတယ်ပေါ့နော်။ ခါတိုင်း ဒီအချိန်တွေ ဆိုလို့ရှိရင်တော့ ပုံမှန်ဘုန်းကြီးကျောင်းတွေရှိမယ်။ တချို့ရပ်ကွက်တွေမှာလည်း ပုံမှန်အားဖြင့်လည်း လှူနေရတဲ့နေရာတွေရှိတယ်ရှင့်။ ကျူးကျော်လိုနေရာမျိုးတွေ၊ လှိုင်သာယာလိုမျိုးနေရာတွေ၊ ပြီးရင် တိုက်ခန်းများတဲ့နေရာတွေမှာဆို နွေရောက်လာပြီဆိုလို့ရှိရင် လျှူရတာတွေလည်း ရှိတာပေါ့နော်။ အခုကတော့ မီးပျက်လိုက်တဲ့အခါကျတော့ နေရာအနှံ့အပြား၊ မြို့နယ်အနှံ့အပြားမှာ ရေလျှူဖြစ်တာလေးတော့ ရှိသွားတာပေါ့နော်။"

တချို့ကတော့ ကိုယ်ပိုင်မီးစက်တွေကို လိုအပ်နေသူတွေရှိရာကို သယ်ယူလာပြီး ရေတင်နိုင်ဖို့အတွက် တနိုင်တပိုင်လိုက်လံ ကူညီပေးနေတာတွေလည်း ရှိပါတယ်။ နွေရာသီရောက်တိုင်း သောက်သုံးရေလိုအပ်ချက် ကူညီဆောင်ရွက်ပေးနေရတယ် ဆိုပေမယ့် အခုနှစ်ကတော့ နွေရာသီအစမှာကတည်းက လျှပ်စစ်မီးပျက်တဲ့ နောက်ဆက်တွဲ အခက်အခဲတွေရှိနေတာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ရွှေရောင်သမိုင်းပရဟိတကတော့ ရေလိုအပ်နေသူတွေကို အခက်အခဲတွေရှိတဲ့ကြားက ကူညီပေးနိုင်အောင် ကြိုးပမ်းနေတဲ့အကြောင်း ပြောပါတယ်။

"ဒီနှစ်မှာက အရင်နှစ်တွေနဲ့ မတူဘဲနဲ့ နွေရာသီအစပိုင်း ကာလမှာကိုက ရေလိုအပ်ချက်တွေ စကြုံတွေ့ရတယ်ပေါ့။ အဓိက ကတော့ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် ရေတင်ဖို့အခက်အခဲရှိရာကနေ ဖြစ်တယ်ပေါ့။ ကျနော်တို့အသင်းကတော့ လက်ရှိ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ ရေလိုအပ်မှုဖြစ်တဲ့ နေရာတွေမှာတော့ အသင်းပိုင်ရေသယ်ယာဉ်နဲ့ ရေလျှူဒါန်း ကူညီမှုတွေကို အခမဲ့ဆောင်ရွက်လျက် ရှိပါတယ်။ ကျနော်တို့ သိရသလောက်ကတော့ ဒီလျှပ်စစ်မီး ပုံမှန်မလာတာရဲ့ နောက်ဆက်တွဲကြောင့် ဖြစ်တယ်လို့တော့ ဒေသခံတွေရဲ့အပြောအရ သိထားရပါတယ်ခင်ဗျ။ တနေ့မှာ ရေအနည်းဆုံး ၅ ခေါက်လောက်ပေးရတဲ့အတွက် တနေ့ကို ဂါလံ ၁၅,၀၀၀ လောက်ကို ပုံမှန်လှူနေရပါတယ်။ ကျနော်တို့ ရေသယ်ယာဉ်ဆိုရင် ကားရဲ့ဖွဲ့စည်းတည်ဆောက်ပုံအရ ကျနော်တို့က ဆီပမာဏကို ပိုပြီးတော့ထည့်ရတဲ့ အပိုင်းလေးတွေရှိတော့ ပရဟိတအသင်းဆိုတော့ ရံပုံငွေနဲ့သွားရတာ ဖြစ်တဲ့အတွက် စက်သုံးဆီကုန်ကျမှုတွေလည်း များပါတယ်။ တဖက်မှာလည်း ကျနော်တို့က ရေပြန်ရောင်းတာတွေ ဘာတွေမလုပ်ဘဲနဲ့ အခမဲ့ကူညီတာဆိုတော့ စေတနာအလျောက် အလှူငွေကို လက်ခံတာပေါ့။ သို့သော်လည်းပဲ များသောအားဖြင့်ကတော့ အခမဲ့ကူညီရတာများတဲ့အတွက် ကျနော်တို့မှာလည်း မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေရှိပါတယ်။"

မီးစက်အသုံးပြုပြီး လျှပ်စစ်မီးမလာတဲ့ ပြဿနာကို ဖြေရှင်းကြတဲ့နေရာမှာလည်း စက်သုံးဆီဈေးတွေ ကြီးမြင့်နေတာကြောင့် အခက်အခဲတွေရှိနေပါတယ်။ လောင်စာဆီ ဈေးနှုန်းတွေက မတ်လ ၁၁ ရက် သောကြာနေ့မှာ အော့တိန်း 95 တလီတာကို ၂,၁၆၅ ကျပ်အထိ ရောင်းချနေပြီး၊ ပရီမီယမ် ဒီဇယ် တလီတာ ၂,၃၉၀ ကျပ်အထိ ဈေးရှိပါတယ်။ ဒါက ရန်ကုန်ဈေးနှုန်းပါ။ တခြားနေရာတွေမှာတော့ သယ်ယူပို့ဆောင်တဲ့စရိတ်ကြောင့် ရန်ကုန်မှာရောင်းချတဲ့ ဈေးနှုန်းထက် ပိုမြင့်ပါတယ်။

ဘီလူးချောင်း လောပိတရေအားလ ျှပ်စစ် စက်ရုံက ပို့လွှတ်တဲ့လျှပ်စစ်ဓါတ်အားတွေကို ဖြန့်ဝေပေးတဲ့ ဓာတ်အားလိုင်းတချို့ ဖောက်ခွဲခံရတာ၊ ရွှေသဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်က ရေအောက်ပိုက်လိုင်း ပြုပြင်နေတာ အပါအဝင်၊ LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ပိတ်လိုက်ရတာတွေကြောင့် မတ်လ ၁၂ ရက် စနေနေ့ကနေ ၁၈ ရက် အထိ တချို့နေရာတွေမှာ လ ျှပ်စစ်ဝန်အားကို ၂၄ နာရီ လျှော့ချသွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဌာနက ထုတ်ပြန်ထားပါတယ်။ ဘယ်နေရာတွေမှာ ဘယ်လို ဝန်အားလေ ျှာ့မှာလည်းဆိုတာတော့ ရှင်းရှင်း မသိရသေးပါဘူး။ လျှပ်စစ်ဝန်အားလျှော့ချမယ်၊ အလှည့်ကျ လ ျှပ်စစ်မီးပေးမယ်ဆိုရင်လည်း ဘယ်မြို့နယ်မှာ ဘယ်အချိန်ပေးမလဲဆိုတဲ့ အချိန်ကို အတိအကျသိချင်တယ်လို့ မီးပျက်ဒုက္ခခံနေကြရတဲ့ ပြည်သူတွေက ပြောနေကြပါတယ်။

XS
SM
MD
LG