သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လ်ွပ္စစ္မီးျပတ္ေတာက္မႈ တပိုင္တႏိုင္စီးပြားေရးလုပ္ငန္းေတြ အခက္အခဲေတြနဲ႔ရင္ဆိုင္ေနရ


Myanmar Energy Loan (ယခင္မွတ္တမ္းဓါတ္ပုံ)

လ်ွပ္စစ္မီးျပတ္ေတာက္မႈ တပိုင္တႏိုင္စီးပြားေရးလုပ္ငန္းေတြ အခက္အခဲေတြနဲ႔ရင္ဆိုင္ေနရ

{{Zawgyi/Unicode}}
ျမန္မာႏို္င္ငံမွာ လ်ွပ္စစ္မီးေတြ ေန႔စဥ္ျပတ္ေတာက္ေနတာေၾကာင့္ ျပည္သူေတြရဲ႕ ေန႔စဥ္လုပ္ငန္းေတြ ထိခိုက္ေနသလို တစ္ပိုင္တစ္ႏိုင္စီးပြားေရး လုပ္ငန္း လုပ္ကိုင္သူေတြအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ လွ်ပ္စစ္မီးကို အဓိက ထားၿပီး လုပ္ကိုင္ေနရတဲ့ လုပ္ငန္းေတြမွာ မီးစက္ေတြရွိေပမယ့္လည္း စက္သံုးဆီေစ်းေတြ ျမင့္တက္ေနတာေၾကာင့္ လုပ္ငန္းလည္ပတ္ဖို႔ အခက္ႀကံဳေနၾကရပါတယ္။ လ ွ်ပ္စစ္မီးျပတ္လပ္မႈနဲ႔ စက္သံုးဆီေစ်းႀကီးျမင့္ေနမႈေၾကာင့္ တစ္ပိုင္းတစ္ႏိုင္စီးပြား ေရးလုပ္ငန္းေတြထိခိုက္ေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္း က တင္ျပေပးပါမယ္။

ျမန္မာနိုင္ငံအတြင္းက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ တေန႔ကို လ ွ်ပ္စစ္မီး ၁ ႀကိမ္မက ျပတ္ေတာက္မႈေတြ ျဖစ္ေနၿပီး ျပတ္ေတာက္ခ်ိန္ ႀကိဳမသိရတာ၊ ၾကာျမင့္တာေတြေၾကာင့္ ျပည္သူေတြရဲ႕ ေန႔စဥ္လုပ္ငန္းခြင္ေတြ ထိခိုက္ေနပါတယ္။ မီးပ်က္ခ်ိန္ၾကာၿပီး၊ ပံုမွန္မီးပ်က္ခ်ိန္ ခန္႔မွန္းလို႔ မရတာေၾကာင့္ လုပ္ငန္းခြင္မွာ ဆံုးရွုံးမႈေတြ မ်ားလာသလို ဝင္ေငြပိုင္းလည္း ထိခိုက္လာတယ္လို႔ အပ္ခ်ဳပ္ဆိုင္လုပ္ငန္း လုပ္ကိုင္တဲ့ ေဒၚေအးမႈံက ေျပာပါတယ္။

“ မီးက ပံုမွန္မရွိဘူး ပ်က္ခ်င္တဲ့ အခ်ိန္ပ်က္သြားတယ္။ လာခ်င္တဲ့အခ်ိန္လာတယ္။ တစခါပ်က္ရင္ ၃နာရီ ၄နာရီၾကာတယ္၊ ဘာမွလုပ္လို႔မရဘူး။ စက္ခ်ဳပ္တဲ့အလုပ္ဆိုေတာ့ မီလာမွ လုပ္လို႔ ရတာေလ၊ အကုန္လံုးနီးပါးထိခိုက္တာေပါ့ ။ မီလာမွ လုပ္ရတဲ့ အလုပ္ဆိုေတာ့ မီးမလာေတာ့ အလုပ္လည္း မၿပီးဘူး။ အဲေတာ့ အလုပ္ထိခိုက္တာေပါ့။”

စီးပြားေရးလုပ္ငန္းလုပ္သူေတြက မီးပ်က္တဲ့အခါသံုးဖုိ႔ မီးစက္ေတြ႐ွိၾကေပမဲ့ မီးစက္ထဲထည့္ရတဲ့ စက္သံုးဆီေစ်းေတြကလည္း ျမင့္တက္ေနတာေၾကာင့္ အခက္ေတြ႔ေနၾကျပန္ပါတယ္။ ဒီအခက္အခဲကို ရန္ကုန္ၿမိဳ႕ သုဝဏၰေစ်းအနီးမွာ အလွျပင္ဆိုင္ဖြင့္ထားတဲ့ မေခ်ာစုကခုလို ေျပာျပပါတယ္။

“ထိခိုက္မွုေတြကေတာ့ အမ်ားႀကီးရွိတာေပါ့ေနာ္၊ ဘာလို႔လည္းဆိုေတာ့ ဆီေစ်းကလည္း တက္ေနတာဆိုေတာ့ေလ၊ မီးစက္ေတာ့ ရွိတယ္၊ ဒါေပမယ့္ ဆီေစ်းကတက္ေနေတာ့ အဆင္မေျပဘူးေပါ့ေနာ္၊ လုပ္ငန္းမွာဆုိရင္လည္း မီးက တစ္ေန႔ကို ေလးငါးနာရီေလာက္ ပ်က္တယ္။ အဲခါက်ေတာ့မွ မီးျပန္လာတာေပါ့ေနာ္။ ဧည့္သည္ေတြနဲ႔ က်ေတာ့ နည္းနည္း ကသိကေအာင့္ ျဖစ္တာေပါ့၊ အလုပ္လုပ္ရတာေလ။ မီးမလာတဲ့အတြက္ေၾကာင့္ေပါ့ေလ”

မီးပ်က္ရင္ ေရရ႐ွိႏိုင္ဖုိ႔ပါ ခက္သြားတဲ့အတြက္ သူတုိ႔လို အလွျပင္ဆိုင္လုပ္ငန္းေတြပိုၿပီး ဒုကၡေရာက္ၾကရပါတယ္။

“ မီးစက္ကလည္း အျမဲတမ္းမရဘူးေပါ့ေနာ္။ ဆီေစ်းတက္ေနတာဆိုေတာ့၊ တခ်ိဳ႕ဆိုင္ကိုလာတဲ့ ဧည့္သည္ေတြဆိုရင္ ျပန္လြတ္လိုက္ရတာရွိတယ္ေပါ့ေနာ္၊ အဲခါက်ေတာ့ အမ်ားႀကီးေတာ့ နစ္နာမွုေတြေတာ့ ရွိတာေပါ့၊ အလုပ္လုပ္ေနရင္း မီးပ်က္သြားတဲ့ အခါက်ေတာ့ ဧည့္သည္ေတြကို အားနာရတာေပါ့ေနာ္၊ ေစာင့္ခိုင္းရတာေတြ ဘာေတ ြလ ည္းရွိတယ္၊ မီးမပ်က္ေစခ်င္ဘူး ။အလုပ္က မီးနဲ႔ပဲ အလုပ္လုပ္ေနရတာဆိုေတာ့ေလ။ ေရကလည္း အျမဲတမ္းရွိမွလည္း ျဖစ္တာဆိုေတာ့ မီးမလာရင္ ေရလည္းမလာဘူး၊ အဲတာေၾကာင့္ မီး ၂၄နာရီ္ရေအာင္ လုပ္ေပးပါလို႔ ေျပာခ်င္ပါတယ္ရွင့္။”

ရခိုင္ျပည္နယ္မွာ ဆိုရင္လည္း တေန႔ကို ၂ ႀကိမ္ေလာက္ လွ်ပ္စစ္မီးျပတ္ေတာက္ေနၿပီး တခါပ်က္ရင္ အနည္းဆံုး ၆ နာရီေလာက္ၾကာတာမို႔ ေဒသခံေတြရဲ႕ လုပ္ငန္းေတြ ထိခိုက္ေနၾကပါတယ္။ ရံုးခ်ိန္အတြင္း မီးပ်က္တာေၾကာင့္ အလုပ္မတြင္က်ယ္႐ံုသာမက အကုန္အက်လည္း မ်ားေနတယ္လို႔ စစ္ေတြၿမိဳ႕က ပုဂၢလိက ရံုးဝန္ထမ္း တစ္ဦးက ေျပာပါတယ္။

“မီးပ်က္ရင္ေတာ့ မီးစက္ႏိုးရတာေပါ့ မီစက္ႏိုးဖို႔က်ေတာ့လည္း ဆီေစ်းေတြကတက္ေနေတာ့ အခက္အခဲျဖစ္တာေပါ့။ မီးပ်က္တာကလည္း တခ်ိန္တည္းပ်က္တာမဟုတ္ဘူး။ တစ္ခါ တေလ တႀကိမ္ နွစ္ႀကိမ္ အထိပ်က္တယ္။ တခါပ်က္ရင္လည္း ၃ နာရီ ၄နာရီ အထိၾကာ တယ္။အဲေတာ့ ရံုးခ်ိန္မဟုတ္တဲ့ အခ်ိန္မွာ ပ်က္တာ သိပ္မသိသာေပမယ့္ ရံုးခ်ိန္ အတြင္းမွာ မီးပ်က္တာကေတာ့ ကုန္က်စရုိတ္ပိုမ်ားတာေပါ့။”

စြမ္းအင္ မလုံေလာက္မႈေၾကာင့္ ၂၀၂၁ ေအာက္တိုဘာလကစၿပီး လွ်ပ္စစ္မီးျဖတ္ေတာက္တာ၊ အလွည့္က်ေပးတာေတြကို သက္ဆိုင္ရာက စတင္လုပ္ေဆာင္ခဲ့ပါတယ္။ ၿမိဳ႕နယ္အလိုက္ မီးပ်က္မဲ့အခ်ိန္ေတြကို စစ္ေကာင္စီက အစပိုင္း ႀကိဳတင္အသိေပးခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့ အသိေပးျခင္းမရွိေတာ့သလို မီးပ်က္ခ်ိန္နဲ႔ အႀကိမ္အေရအတြက္လည္း ပိုမ်ားလာပါတယ္။ ဓါတ္ဆီေစ်းကလည္း အခုေလာေလာဆယ္ ၁ လီတာကို က်ပ္ ၂၀၀၀ ေက်ာ္ျဖစ္ေနတာေၾကာင့္ မီးပ်က္ရင္ မီးစက္အားကိုး အလုပ္လုပ္ၾကရသူေတြ အၾကပ္႐ိုက္ေနၾကပါတယ္။
...........................................

https://burmese.voanews.com/a/electricity-epc/6471239.html
please wait

No media source currently available

0:00 0:03:29 0:00
တိုက္႐ိုက္ လင့္ခ္

လျှပ်စစ်မီးပြတ်တောက်မှု တပိုင်တနိုင်စီးပွားရေးလုပ်ငန်းတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ လျှပ်စစ်မီးတွေ နေ့စဉ်ပြတ်တောက်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လုပ်ငန်းတွေ ထိခိုက်နေသလို တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူတွေအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ လျှပ်စစ်မီးကို အဓိက ထားပြီး လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေမှာ မီးစက်တွေရှိပေမယ့်လည်း စက်သုံးဆီဈေးတွေ မြင့်တက်နေတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်ကြုံနေကြရပါတယ်။ လ ျှပ်စစ်မီးပြတ်လပ်မှုနဲ့ စက်သုံးဆီဈေးကြီးမြင့်နေမှုကြောင့် တစ်ပိုင်းတစ်နိုင်စီးပွား ရေးလုပ်ငန်းတွေထိခိုက်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်း က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်းက မြို့နယ်တော်တော်များများမှာ တနေ့ကို လ ျှပ်စစ်မီး ၁ ကြိမ်မက ပြတ်တောက်မှုတွေ ဖြစ်နေပြီး ပြတ်တောက်ချိန် ကြိုမသိရတာ၊ ကြာမြင့်တာတွေကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လုပ်ငန်းခွင်တွေ ထိခိုက်နေပါတယ်။ မီးပျက်ချိန်ကြာပြီး၊ ပုံမှန်မီးပျက်ချိန် ခန့်မှန်းလို့ မရတာကြောင့် လုပ်ငန်းခွင်မှာ ဆုံးရှုံးမှုတွေ များလာသလို ဝင်ငွေပိုင်းလည်း ထိခိုက်လာတယ်လို့ အပ်ချုပ်ဆိုင်လုပ်ငန်း လုပ်ကိုင်တဲ့ ဒေါ်အေးမှုံက ပြောပါတယ်။

“ မီးက ပုံမှန်မရှိဘူး ပျက်ချင်တဲ့ အချိန်ပျက်သွားတယ်။ လာချင်တဲ့အချိန်လာတယ်။ တစခါပျက်ရင် ၃နာရီ ၄နာရီကြာတယ်၊ ဘာမှလုပ်လို့မရဘူး။ စက်ချုပ်တဲ့အလုပ်ဆိုတော့ မီလာမှ လုပ်လို့ ရတာလေ၊ အကုန်လုံးနီးပါးထိခိုက်တာပေါ့ ။ မီလာမှ လုပ်ရတဲ့ အလုပ်ဆိုတော့ မီးမလာတော့ အလုပ်လည်း မပြီးဘူး။ အဲတော့ အလုပ်ထိခိုက်တာပေါ့။”

စီးပွားရေးလုပ်ငန်းလုပ်သူတွေက မီးပျက်တဲ့အခါသုံးဖို့ မီးစက်တွေရှိကြပေမဲ့ မီးစက်ထဲထည့်ရတဲ့ စက်သုံးဆီဈေးတွေကလည်း မြင့်တက်နေတာကြောင့် အခက်တွေ့နေကြပြန်ပါတယ်။ ဒီအခက်အခဲကို ရန်ကုန်မြို့ သုဝဏ္ဏဈေးအနီးမှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ မချောစုကခုလို ပြောပြပါတယ်။

“ထိခိုက်မှုတွေကတော့ အများကြီးရှိတာပေါ့နော်၊ ဘာလို့လည်းဆိုတော့ ဆီဈေးကလည်း တက်နေတာဆိုတော့လေ၊ မီးစက်တော့ ရှိတယ်၊ ဒါပေမယ့် ဆီဈေးကတက်နေတော့ အဆင်မပြေဘူးပေါ့နော်၊ လုပ်ငန်းမှာဆိုရင်လည်း မီးက တစ်နေ့ကို လေးငါးနာရီလောက် ပျက်တယ်။ အဲခါကျတော့မှ မီးပြန်လာတာပေါ့နော်။ ဧည့်သည်တွေနဲ့ ကျတော့ နည်းနည်း ကသိကအောင့် ဖြစ်တာပေါ့၊ အလုပ်လုပ်ရတာလေ။ မီးမလာတဲ့အတွက်ကြောင့်ပေါ့လေ”

မီးပျက်ရင် ရေရရှိနိုင်ဖို့ပါ ခက်သွားတဲ့အတွက် သူတို့လို အလှပြင်ဆိုင်လုပ်ငန်းတွေပိုပြီး ဒုက္ခရောက်ကြရပါတယ်။

“ မီးစက်ကလည်း အမြဲတမ်းမရဘူးပေါ့နော်။ ဆီဈေးတက်နေတာဆိုတော့၊ တချို့ဆိုင်ကိုလာတဲ့ ဧည့်သည်တွေဆိုရင် ပြန်လွတ်လိုက်ရတာရှိတယ်ပေါ့နော်၊ အဲခါကျတော့ အများကြီးတော့ နစ်နာမှုတွေတော့ ရှိတာပေါ့၊ အလုပ်လုပ်နေရင်း မီးပျက်သွားတဲ့ အခါကျတော့ ဧည့်သည်တွေကို အားနာရတာပေါ့နော်၊ စောင့်ခိုင်းရတာတွေ ဘာတေ ွလ ည်းရှိတယ်၊ မီးမပျက်စေချင်ဘူး ။အလုပ်က မီးနဲ့ပဲ အလုပ်လုပ်နေရတာဆိုတော့လေ။ ရေကလည်း အမြဲတမ်းရှိမှလည်း ဖြစ်တာဆိုတော့ မီးမလာရင် ရေလည်းမလာဘူး၊ အဲတာကြောင့် မီး ၂၄နာရီ်ရအောင် လုပ်ပေးပါလို့ ပြောချင်ပါတယ်ရှင့်။”

ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း တနေ့ကို ၂ ကြိမ်လောက် လျှပ်စစ်မီးပြတ်တောက်နေပြီး တခါပျက်ရင် အနည်းဆုံး ၆ နာရီလောက်ကြာတာမို့ ဒေသခံတွေရဲ့ လုပ်ငန်းတွေ ထိခိုက်နေကြပါတယ်။ ရုံးချိန်အတွင်း မီးပျက်တာကြောင့် အလုပ်မတွင်ကျယ်ရုံသာမက အကုန်အကျလည်း များနေတယ်လို့ စစ်တွေမြို့က ပုဂ္ဂလိက ရုံးဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“မီးပျက်ရင်တော့ မီးစက်နိုးရတာပေါ့ မီစက်နိုးဖို့ကျတော့လည်း ဆီဈေးတွေကတက်နေတော့ အခက်အခဲဖြစ်တာပေါ့။ မီးပျက်တာကလည်း တချိန်တည်းပျက်တာမဟုတ်ဘူး။ တစ်ခါ တလေ တကြိမ် နှစ်ကြိမ် အထိပျက်တယ်။ တခါပျက်ရင်လည်း ၃ နာရီ ၄နာရီ အထိကြာ တယ်။အဲတော့ ရုံးချိန်မဟုတ်တဲ့ အချိန်မှာ ပျက်တာ သိပ်မသိသာပေမယ့် ရုံးချိန် အတွင်းမှာ မီးပျက်တာကတော့ ကုန်ကျစရိုတ်ပိုများတာပေါ့။”

စွမ်းအင် မလုံလောက်မှုကြောင့် ၂၀၂၁ အောက်တိုဘာလကစပြီး လျှပ်စစ်မီးဖြတ်တောက်တာ၊ အလှည့်ကျပေးတာတွေကို သက်ဆိုင်ရာက စတင်လုပ်ဆောင်ခဲ့ပါတယ်။ မြို့နယ်အလိုက် မီးပျက်မဲ့အချိန်တွေကို စစ်ကောင်စီက အစပိုင်း ကြိုတင်အသိပေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အသိပေးခြင်းမရှိတော့သလို မီးပျက်ချိန်နဲ့ အကြိမ်အရေအတွက်လည်း ပိုများလာပါတယ်။ ဓါတ်ဆီဈေးကလည်း အခုလောလောဆယ် ၁ လီတာကို ကျပ် ၂၀၀၀ ကျော်ဖြစ်နေတာကြောင့် မီးပျက်ရင် မီးစက်အားကိုး အလုပ်လုပ်ကြရသူတွေ အကြပ်ရိုက်နေကြပါတယ်။

XS
SM
MD
LG