သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 လောင်စာဆီရှားပါးမှုကြောင့် ဘင်္ဂလားဒေရှ့်ကျောင်းဖွင့်ရက် နဲ့ ရုံးချိန်လျှော့ချ


bd school
bd school

ယူကရိန်းစစ်ပွဲ ဂယက်ကြောင့် လောင်စာဆီဈေးတွေ ထိုးတက်လာနေတဲ့အပေါ် စိုးရိမ်မှုတွေတိုးလာနေချိန်မှာ လ ျှပ်စစ်ဓာတ်အားခြွေတာတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်က စာသင်ကျောင်းတွေကို အပတ်စဉ် တရက်လေ ျှာ့ဖွင့်မှာဖြစ်သလို အစိုးရရုံးတွေနဲ့ ဘဏ်တွေကိုလည်း အလုပ်ချိန်တနာရီလေ ျှာ့ ချတော့မှာဖြစ်ပါတယ်။

လောင်စာဆီရှားပါးမှုကြောင့် ဘင်္ဂလားဒေရှ့်ကျောင်းဖွင့်ရက် နဲ့ ရုံးချိန်လျှော့ချ

{{Zawgyi/Unicode}}
ယူကရိန်းစစ်ပွဲ ဂယက်ကြောင့် လောင်စာဆီဈေးတွေ ထိုးတက်လာနေတဲ့အပေါ် စိုးရိမ်မှုတွေတိုးလာနေချိန်မှာ လ ျှပ်စစ်ဓာတ်အားခြွေတာတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်က စာသင်ကျောင်းတွေကို အပတ်စဉ် တရက်လေ ျှာ့ဖွင့်မှာဖြစ်သလို အစိုးရရုံးတွေနဲ့ ဘဏ်တွေကိုလည်း အလုပ်ချိန်တနာရီလေ ျှာ့ ချတော့မှာဖြစ်ပါတယ်။

မနက်ဖန် ဗုဒ္ဓဟူးနေ့ကစပြီး အလုပ်ချိန်တွေလေ ျှာ့ချမှာလည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သောကြာနေ့တိုင်း ကျောင်းအများစု ပိတ်တာဖြစ်ပေမယ့် ခုတော့ စနေနေ့မှာလည်း ကျောင်းတွေပိတ်ထားမယ်လို့ ကက်ဘိနက်အစိုးရအဖွဲ့ တာဝန်ရှိသူတဦးက တနင်္လာနေ့မှာ ပြောပါတယ်။ ဘဏ်နဲ့ အစိုးရရုံးတွေရဲ့အလုပ်ချိန်ကိုလည်း တရက် ၈ နာရီကနေ ၇ နာရီထိလေ ျှာ့ချမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့်လည်း ပုဂ္ဂလိက ရုံးတွေကတော့ သူတို့အစီအစဉ်အတိုင်း လုပ်ငန်းလည်ပတ်ဖွင့်လှစ်ခွင့်ပြုထားပါတယ်။

နိုင်ငံတွင်း ဒီဇယ်ဆီနဲ့ လည်ပတ်တဲ့ ဓာတ်အားပေးစက်ရုံတွေ ကိုအစိုးရက ပိတ်လိုက်တဲ့အချိန်ကစပြီး ဘင်္ဂလားဒေ့ရှ်မှာ မကြာခဏ လ ျှပ်စစ်ဓာတ်အားပြတ်တောက်လာတာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွေ ပြတ်တောက်နေတဲ့အတွက် ကမ္ဘာတဝန်း လောင်စာဆီနဲ့ စားနပ်ရိက္ခာ ဈေးနှုန်းတွေ ထိုးတက်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

...............................................


{{Zawgyi/Unicode}}





XS
SM
MD
LG