သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ တွေ့ဆုံရေး မြန်မာစစ်ခေါင်းဆောင်ကတိပေးခဲ့ (အာဆီယံအထူးကိုယ်စားလှယ်)


ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)
ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အလားအလာ အများကြီးရှိတယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ကတိပြု ပြောကြားခဲ့ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ကဖနွမ်းပင်မြို့တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံအတွက် အထူးဆွေးနွေးပွဲမှာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ထပ်မံအတည်ပြု

Zawgyi/Unicode

ဒေါ်စုနဲ့ တွေ့ဆုံရေး မြန်မာစစ်ခေါင်းဆောင်ကတိပေးခဲ့ (အာဆီယံအထူးကိုယ်စားလှယ်)

ဒေါ်အောင်ဆန်းစုကြည်နဲ့ အနာဂတ်မှာတွ့ဆုံဖို့ အလားအလာ အများကြီးရှိတယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ကတိပြု ပြောကြားခဲ့ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ကဖနွမ်းပင်မြို့တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံအတွက် အာစီယံရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်တဲ့ အထူးဆွေးနွေးပွဲမှာ အာစီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ထပ်မံအတည်ပြုပြောကြားကြောင်း Phnom Penh Post သတင်းစာက ရေးသားဖေါ်ပြလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Park Sokhonn က သူမြန်မာနိုင်ငံကိုသွားရောက်စဉ်က ဒေါ် အောင်ဆန်းစုကြည်ဟာ အမှုရင်ဆိုင်နေရတဲ့အတွက် တွေ့ခွင့်မရခဲ့ပေမယ့်၊ ဗိုလ်ချုပ်မှုး ကြီးမင်းအောင်လှိုင်က အနာဂတ်မှာသူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးနိုင်မယ့် သဘောရှိပါတယ်လို့ ကတိပြု ပြောဆိုခဲ့ကြောင်း ဗွီဒီယိုအွန်လိုင်းကတဆင့်ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ် ပြောဆိုရာမှ ာထည့်သွင်းပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့မြန်မာနိုင်ငံကို ဇွန်လ ၂၉ ရက်နေ့က ဒုတိယတခေါက်အပါအဝင် ၂ ခေါက် သွားရောက်ခဲ့ကြောာင်းနဲ့ ဒုတိယ တခေါက်မှာတိုင်းရင်း သားလက်နှက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ပါတွေ့ဆုံခဲ့ကြောင်းပြောဆိုပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကိုဝိုင်းဝန်း ဖြေရှင်းတဲ့ကိစ္စဟာ အားလုံးပါဝင်လုပ်ဆောင်နိုင်တဲ့ အခြေခံကောင်းတခုအဖြစ် သူ့အနေနဲ့မြင်ကြောင်းနဲ့ ဒါဟာနိုင်ငံရေး အရ လုပ်တဲ့ကိစ္စမဟုတ်ဘူးလို့ သူကပြောဆိုခဲ့ပါတယ်။

ကျနော်တို့လုပ်ဆောင်နိုင်တာက မြန်မာနိုင်ငံကအင်အားစုတွေ အနေနဲ့အကြမ်းဖက် မှုတွေကိုရပ်တန့်အောင်လုပ်ဖို့နဲ့ လုံးဝပြည်တွင်းစစ်ကြီးတခု ဖြစ်အောင်မလုပ်ကြဖို့ဖြစ်ပါတယ်။ လုံးဝပြည်တွင်းစစ်ဖြစ်ခဲ့ရင် ဒေသတွင်းမတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

#

Unicode







XS
SM
MD
LG