သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံနဲ႔ မိတ္ဖက္ႏုိင္ငံေတြရဲ႕ ကာကြယ္ေရးဝန္ႀကီးေတြေဆြးေႏြးပြဲ ကိုဗစ္အေရးပါဝင္


အာဆီယံကာကြယ္ေရး၀န္ႀကီးေတြနဲ႔ မိတ္ဖက္ႏုိင္ငံေတြက ကာကြယ္ေရး၀န္ႀကီးေတြရဲ႕ ၇ ႀကိမ္ေျမာက္ အစည္းအေဝး။ (ဓာတ္ပံု - Reuters - ဒီဇင္ဘာ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

အာဆီယံကာကြယ္ေရး၀န္ႀကီးေတြနဲ႔ မိတ္ဖက္ႏုိင္ငံေတြက ကာကြယ္ေရး၀န္ႀကီးေတြရဲ႕ ၇ ႀကိမ္ေျမာက္ အစည္းအေ၀း (ADMM+) ကို ဒီေန႔မွာ အင္တာနက္ အြန္လိုင္းကေနတဆင့္ က်င္းပခဲ့ပါတယ္။ အာဆီယံအဖဲြ႔ရဲ႕ အလွည့္က်ဥကၠ႒ျဖစ္တဲ့ ဗီယက္နမ္ႏုိင္ငံက ဦးေဆာင္က်င္းပတဲ့ ဒီအစည္းအေ၀းကို အာဆီယံအဖဲြ႔၀င္ႏုိင္ငံေတြရဲ႕ ကာကြယ္ေရး၀န္ႀကီးေတြအျပင္ အေမရိကန္၊ ႐ုရွား၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ တ႐ုတ္၊ အိႏၵိယ၊ ၾသစေၾတးလ်နဲ႔ နယူးဇီလန္ႏုိင္ငံေတြက ကာကြယ္ေရး၀န္ႀကီးေတြလည္း တက္ေရာက္ခဲ့ၾကၿပီး ျမန္မာႏုိင္ငံကေတာ့ ကာကြယ္ေရး၀န္ႀကီး ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးစိန္၀င္း တက္ေရာက္ခဲ့ပါတယ္။

ဒီအစည္းအေ၀းကိုေတာ့ အာဆီယံနဲ႔ သူ႔ရဲ႕မိတ္ဖက္ႏုိ္ငံေတြၾကား လက္ေတြ႔ကာကြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြကို ျမွင့္တင္ေဆာင္ရြက္ဖို႔၊ ကိုဗစ္ ၁၉ ကပ္ေရာဂါကာလအတြင္း ေဒသတြင္းနဲ႔ ကမာၻလုံးဆုိင္ရာ အေျခအေနေတြအေပၚမွာ အျမင္ေတြ ဖလွယ္ဖို႔၊ ကပ္ေရာဂါအေပၚ သက္ဆုိင္ရာစစ္တပ္ေတြရဲ႕ တုံ႔ျပန္ေဆာင္ရြက္မႈ အေတြ႔အႀကဳံေတြကို ဖလွယ္ဖို႔ ရည္ရြယ္လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

မေန႔ ဗုဒၶဟူးေန႔ကေတာ့ ကပ္ေရာဂါတုိက္ဖ်က္ေရးအေပၚ စစ္တပ္ေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေတြနဲ႔ပတ္သက္ၿပီး အာဆီယံကာကြယ္ေရး၀န္ႀကီးေတြရဲ႕ ပူးတဲြေၾကျငာခ်က္ကို ဗီယက္နမ္ႏုိ္င္ငံက ထုတ္ျပန္ခဲ့ပါတယ္။ လာမယ့္ ကာလအတြင္း ဗီယက္နမ္ အမ်ိဳးသားကာကြယ္ေရး၀န္ႀကီးဌာနအေနနဲ႔လည္း မိတ္ဖက္ႏုိင္ငံေတြနဲ႔ အလားတူပူးေပါင္းေဆာင္ရြက္မႈေတြကို တိုးခ်႕ဲလုပ္ေဆာင္သြားဖို႔ ေမွွ်ာ္လင့္တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေဆွေးနွေးပွဲ ကိုဗစ်အရေးပါဝင်

အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ မိတ်ဖက်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေရဲ့ ၇ ကြိမ်မြောက် အစည်းအဝေး (ADMM+) ကို ဒီနေ့မှာ အင်တာနက် အွန်လိုင်းကနေတဆင့် ကျင်းပခဲ့ပါတယ်။ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ ဒီအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေအပြင် အမေရိကန်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံကတော့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးကိုတော့ အာဆီယံနဲ့ သူ့ရဲ့မိတ်ဖက်နိုငံတွေကြား လက်တွေ့ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဆောင်ရွက်ဖို့၊ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေအနေတွေအပေါ်မှာ အမြင်တွေ ဖလှယ်ဖို့၊ ကပ်ရောဂါအပေါ် သက်ဆိုင်ရာစစ်တပ်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှု အတွေ့အကြုံတွေကို ဖလှယ်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ကတော့ ကပ်ရောဂါတိုက်ဖျက်ရေးအပေါ် စစ်တပ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေငြာချက်ကို ဗီယက်နမ်နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။ လာမယ့် ကာလအတွင်း ဗီယက်နမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း မိတ်ဖက်နိုင်ငံတွေနဲ့ အလားတူပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချ့ဲလုပ်ဆောင်သွားဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG