သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ASEAN စီးပြါးေရးအဆင္ေျပေခ်ာေမြ႕ဖို႔ ၾကားခံအေကာက္ခြန္စနစ္ (ACTS) က်င့္သံုးမည္ 


(Zawgyi/Unicode)

အာဆီယံႏုိင္ငံေတြက ပုဂၢလိက စီးပြားလုပ္ငန္းေတြအေနနဲ႔ (ASEAN Customs Transit System - ACTS) လုိ႔ေခၚတဲ့ ထိေရာက္တဲ့ အြန္လုိင္း ၾကားခံ အေကာက္ခြန္းစနစ္ကုိ အသုံးျပဳခြင့္ ရၾကေတာ့မွာျဖစ္ေၾကာင္း အာဆီယံအဖြဲ႔က ႏုိ၀င္ဘာ ၃၀ ရက္ေန႔မွာ ေၾကညာပါတယ္။

ဒီ ACTS စနစ္ကုိ အသုံးျပဳျခင္းအားျဖင့္ အာဆီယံ ႏုိင္ငံေတြ အျခင္းျခင္းၾကားက ကုန္သြယ္မႈဆုိင္ရာ စိန္ေခၚမႈေတြကုိ ေလွ်ာ့ခ်ေပးႏုိင္မွာျဖစ္သလုိ အာဆီယံ စီးပြားေရး အသုိက္အ၀န္း (ACE) ရဲ႕ အက်ဳိးေက်းဇူးေတြကုိ အျပည့္အ၀ ခံစားခြင့္ရမွာျဖစ္တဲ့အျပင္ အာဆီယႏုိင္ငံေတြအၾကားမွာ လြတ္လပ္စြာ ကုန္စည္ စီးဆင္းမႈလည္း ရရွိေစမွာျဖစ္တယ္လုိ႔ ဆုိပါတယ္။

၂၀၁၇ ခုႏွစ္မွာ က်င္းပခဲ့တဲ့ အာဆီယံစီးပြားေရး၀န္ႀကီးေတြရဲ႕ အစည္းေ၀းက ခ်မွတ္ခဲ့တဲ့ ကုန္သြယ္ေရးနဲ႔သက္ဆုိင္တဲ့ ကုန္က်စားရိတ္ေတြ ၁၀% ေလွ်ာ့ခ်ေရးနဲ႔ ၂၀၁၇ ကေန ၂၀၂၅ ခုႏွစ္အၾကား ကုန္သြယ္မႈပမာဏ ၂ ဆ တုိးျမင့္ေရးဆုိတဲ့ ရည္မွန္းခ်က္ ၂ ခုကုိ လက္ေတြ႔ အေကာင္အထည္ ေဖာ္ေဆာင္လုိက္တာလည္း ျဖစ္ပါတယ္။ ဒီ ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ႏုိင္ေရးအတြက္ ကုန္ပစၥည္း စတင္ တင္ပုိ႔တဲ့ေနရာမွာတင္ ပစၥည္းအမ်ဳိးအစားနဲ႔ အေရအတြက္ကုိ အာဆီယံအေကာက္ခြန္ဌာနမွာ တခါထဲ မွတ္တမ္းတင္ၿပီး သတ္မွတ္တဲ့ေနရာ ေရာက္တဲ့အထိ တင္ပုိ႔ေပးႏုိင္မယ့္ ဒီ ACTS ကုိ တီထြင္လုိက္တာ ျဖစ္ပါတယ္။

ဒီ ACTS စနစ္ကုိေတာ့ အီးယူ ဥေရာပသမဂၢရဲ႕ ပံ့ပုိးေပးထားတဲ့ ARISE Plus အစီအစဥ္နဲ႔ အင္ဒုိနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ႕မွာရွိတဲ့ အာဆီယံ အတြင္း၀န္ရုံးကေန ႀကီးၾကပ္ ကြပ္ကုိင္မွာ ျဖစ္ေပမယ့္ ႏုိင္ငံတခုခ်င္းစီနဲ႔ ေဒသတြင္း Help Desk ကူညီ ပ့ံပုိးေပးေရးဌာနေတြလည္း ထားရွိသြားမယ္လုိ႔ ဆုိပါတယ္။

ACTS ဟာ အီးယူနဲ႔ အာဆီယံအၾကားက ေရရွည္တည္ရွိလာခဲ့တဲ့ အားေကာင္းၿပီး တုိးတက္ ေျပာင္းလဲေနတဲ့ ပူးေပါင္းေဆာင္ရြက္မႈရဲ႕ သက္ေသတခုျဖစ္ေၾကာင္း အီးယူရဲ႕ ႏုိင္ငံတကာပူးေပါင္းေဆာင္ရြက္ေရးနဲ႔ ဖြံ႔ၿဖိဳးမႈဌာန ညြန္ၾကားေရးမွဴးခ်ဳပ္ မစၥတာ Koen Doens က ေျပာပါတယ္။

ဒါ့အျပင္ အီးယူနဲ႔ အာဆီယံအၾကား မဟာျဗဴဟာေျမာက္ ပူးေပါင္းေဆာင္တဲ့ မိတ္ဖက္ႏုိင္ငံေတြအျဖစ္ အဆင့္တုိးျမင့္ သတ္မွတ္ဖုိ႔ သေဘာတူလုိက္ေၾကာင္း အီးယူရဲ႕ လက္ရွိ အလွည့္က်ဥကၠ႒ ဂ်ာမနီက အဂၤါေန႔မွာ ေျပာၾကားလုိက္ပါတယ္။

လူဦးေရ ၁ ဘီလီယံေက်ာ္ရွိတဲ့ အီးယူနဲ႔ အာဆီယံအၾကားက ကုန္သြယ္မႈပမာဏဟာ ကမၻာ့ကုန္သြယ္မႈ စုစုေပါင္းရဲ႕ ၂၅% ရွိေၾကာင္း ဂ်ာမန္ႏုိင္ငံျခားေရး၀န္ႀကီး Heiko Maas ကလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ASEAN စီးပွါးရေးအဆင်ပြေချောမွေ့ဖို့ ကြားခံအကောက်ခွန်စနစ် (ACTS) ကျင့်သုံးမည်

(Unicode)
အာဆီယံနိုင်ငံတွေက ပုဂ္ဂလိက စီးပွားလုပ်ငန်းတွေအနေနဲ့ (ASEAN Customs Transit System - ACTS) လို့ခေါ်တဲ့ ထိရောက်တဲ့ အွန်လိုင်း ကြားခံ အကောက်ခွန်းစနစ်ကို အသုံးပြုခွင့် ရကြတော့မှာဖြစ်ကြောင်း အာဆီယံအဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကြေညာပါတယ်။ ဒီ ACTS စနစ်ကို အသုံးပြုခြင်းအားဖြင့် အာဆီယံ နိုင်ငံတွေ အခြင်းခြင်းကြားက ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို လျှော့ချပေးနိုင်မှာဖြစ်သလို အာဆီယံ စီးပွားရေး အသိုက်အဝန်း (ACE) ရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အ၀ ခံစားခွင့်ရမှာဖြစ်တဲ့အပြင် အာဆီယနိုင်ငံတွေအကြားမှာ လွတ်လပ်စွာ ကုန်စည် စီးဆင်းမှုလည်း ရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အာဆီယံစီးပွားရေးဝန်ကြီးတွေရဲ့ အစည်းဝေးက ချမှတ်ခဲ့တဲ့ ကုန်သွယ်ရေးနဲ့သက်ဆိုင်တဲ့ ကုန်ကျစားရိတ်တွေ ၁၀% လျှော့ချရေးနဲ့ ၂၀၁၇ ကနေ ၂၀၂၅ ခုနှစ်အကြား ကုန်သွယ်မှုပမာဏ ၂ ဆ တိုးမြင့်ရေးဆိုတဲ့ ရည်မှန်းချက် ၂ ခုကို လက်တွေ့ အကောင်အထည် ဖော်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ရေးအတွက် ကုန်ပစ္စည်း စတင် တင်ပို့တဲ့နေရာမှာတင် ပစ္စည်းအမျိုးအစားနဲ့ အရေအတွက်ကို အာဆီယံအကောက်ခွန်ဌာနမှာ တခါထဲ မှတ်တမ်းတင်ပြီး သတ်မှတ်တဲ့နေရာ ရောက်တဲ့အထိ တင်ပို့ပေးနိုင်မယ့် ဒီ ACTS ကို တီထွင်လိုက်တာ ဖြစ်ပါတယ်။

ဒီ ACTS စနစ်ကိုတော့ အီးယူ ဥရောပသမဂ္ဂရဲ့ ပံ့ပိုးပေးထားတဲ့ ARISE Plus အစီအစဉ်နဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ အာဆီယံ အတွင်းဝန်ရုံးကနေ ကြီးကြပ် ကွပ်ကိုင်မှာ ဖြစ်ပေမယ့် နိုင်ငံတခုချင်းစီနဲ့ ဒေသတွင်း Help Desk ကူညီ ပံ့ပိုးပေးရေးဌာနတွေလည်း ထားရှိသွားမယ်လို့ ဆိုပါတယ်။

ACTS ဟာ အီးယူနဲ့ အာဆီယံအကြားက ရေရှည်တည်ရှိလာခဲ့တဲ့ အားကောင်းပြီး တိုးတက် ပြောင်းလဲနေတဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ သက်သေတခုဖြစ်ကြောင်း အီးယူရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးမှုဌာန ညွန်ကြားရေးမှူးချုပ် မစ္စတာ Koen Doens က ပြောပါတယ်။

ဒါ့အပြင် အီးယူနဲ့ အာဆီယံအကြား မဟာဗြူဟာမြောက် ပူးပေါင်းဆောင်တဲ့ မိတ်ဖက်နိုင်ငံတွေအဖြစ် အဆင့်တိုးမြင့် သတ်မှတ်ဖို့ သဘောတူလိုက်ကြောင်း အီးယူရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ဂျာမနီက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

လူဦးရေ ၁ ဘီလီယံကျော်ရှိတဲ့ အီးယူနဲ့ အာဆီယံအကြားက ကုန်သွယ်မှုပမာဏဟာ ကမ္ဘာ့ကုန်သွယ်မှု စုစုပေါင်းရဲ့ ၂၅% ရှိကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Heiko Maas ကလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG