သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် COC မူဘောင် ASEAN သဘောတူ


အနှစ်(၅၀)မြောက် ASEAN နိုင်ငံခြားရေးဝန်ကြီးများညီလာခံ (ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့)
အနှစ်(၅၀)မြောက် ASEAN နိုင်ငံခြားရေးဝန်ကြီးများညီလာခံ (ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့)

တောင်တရုတ်ပင်လယ်တွင်း လိုက်နာလုပ်ဆောင်ရမယ့် ကျင့်ဝတ်နည်းလမ်း CoC ရေးဆွဲရေး မူဘောင်တခုအပေါ် အရှေ့တောင် အာရှ နိုင်ငံခြားရေးဝန်ကြီးတွေ စနေနေ့က သဘောတူလိုက်ကြပါပြီ။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာကျင်းပတဲ့ အကြိမ် ၅၀ မြောက် ASEAN နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း အခုလို သဘောတူလိုက်ကြတာပါ။

သြဂုတ်လ ၆ ရက်၊ ဒီကနေ့မှာကျင်းပမယ့် အာဆီယံ-တရုတ် ဝန်ကြီးအဆင့် အစည်း အဝေးမှာ သဘောတူ ချမှတ်နိုင်ရေးအတွက် ဒီ CoC ရေးဆွဲရေးမူဘောင်ကို ဝန်ကြီးတွေက ထောက်ခံလိုက်ကြတဲ့အကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Robespierre Bolivar က တရက်ကြာ အစည်းအဝေးအပြီးလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောသွားပါတယ်။

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ရေပြင်မှာ တင်းမာမှုတွေဖြစ်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့ နှစ်ပေါင်းများစွာ ကြိုးစားလာကြတာကနေ အခုလို CoC ရေးဆွဲရေးမူဘောင်ကို သဘောတူလိုက်ကြတာဟာဖြင့် အဓိက ဖြစ်ထွန်းတိုးတက်မှုတခုအဖြစ် မြင်ကြတာ ရှိပါတယ်။ ဒါပေမဲ့လဲ တရုတ်နိုင်ငံအတွက် သံတမန်ရေးအောင်မြင်မှုတခုအဖြစ်ထက် ပိုပြီး မမြင်ကြသူတွေလဲရှိပါတယ်။

ASEAN အဖွဲ့ကိုတည်ထောင်တာ ဒီလ ၈ ရက်နေ့မှာ နှစ် ၅၀ ပြည့်မြောက်တော့မှာဖြစ်ပြီး စပြီးတည်ထောင်ချိန်ကတည်းကဆိုရင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင်လုပ်ဆောင်နိုင်ခဲ့တဲ့ လေးစားခံရတဲ့ ဒေသတွင်းအဖွဲ့အစည်းတခုအဖြစ် ဖြစ်ထွန်း တိုးတက်ခဲ့ပြီလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano က ပြောပါတယ်။

မနီလာမြို့တော်မှာကျင်းပမယ့် တခြားဆက်စပ်အစည်းအဝေးတွေကတော့ ၁၈ ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၊ ၇ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးနဲ့ ၂၄ ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်တို့ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာလဲ သက်ဆိုင်ရာ ဆက်စပ် အစည်းအဝေးတွေကိုတက်ဖို့ မနီလာမြို့တော်မှာရောက်နေပါပြီ။

တောင်တရုတ် COC မူဘောင် ASEAN သဘောတူ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG