သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမုန်တိုင်းဒုက္ခသည်တွေအတွက် အာဆီယံ အကူအညီများ ပေးပို့

အာဆီယံအကူအညီများ ပေးပို့ရေးလမ်းကြောင်း စင်္ကာပူစစ်တပ် စစ်ဆေး
အာဆီယံအကူအညီများ ပေးပို့ရေးလမ်းကြောင်း စင်္ကာပူစစ်တပ် စစ်ဆေး
မိုခါမုန်တိုင်းဒဏ်ခံ ဒေသတွေအတွက် အာဆီယံပေးတဲ့အကူအညီပစ္စည်းတွေ ကို စင်္ကာပူလေတပ်ပိုင် C 130 သယ်ယူပို့ဆောင်ရေး လေယာဥ်နှစ်စင်း နဲ့ တနင်္ဂနွေ‌နဲ့ တနင်္လာနေ့တွေမှာ ပို့ဆောင်ပေးခဲ့တယ်လို့ စင်္ကာပူ အခြေစိုက် The Strait Times သတင်းစာက ဆိုပါတယ်။ ကုလသမဂ္ဂ ကလည်း မိုခါမုန်တိုင်းဒဏ်ခံ မြန်မာ နိုင်ငံ ကို လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးဖို့အတွက် ဒေါ်လာ သန်း ၃၃၃ သန်း အကူအညီပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
လူတွေ နေထိုင်ရေး နဲ့ ရေကြောင့် ကူးစက်တဲ့ ရောဂါတွေ ကို ကာကွယ်ဖို့အတွက် မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမယ့် အချိန် ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီ ယာယီ ပေါင်းစပ်ညှိုနှိုင်းရေးမှူး Ramanathan Balakrishnan က ပြောပါတယ်။ ဒါပေမဲ့ အစိုးရ ခွင့်ပြုချက် ကို စောင့်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က ကုလသမဂ္ဂ ရုံးမှာ ပြုလုပ်တဲ့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တယ်။

ပစ္စည်းတွေက အာဆီယံသဘာဝဘေးအန္တရာယ် အကူအညီပေးရေး စနစ် DELSA က ပစ္စည်းတွေ ဖြစ်ပါတယ်။

DELSA ဌာနကို ၂၀၁၂ ခုနှစ်က ထူထောင်ခဲ့တာဖြစ်ပြီး၊ အရေးပေါ် ပစ္စည်းတွေကို မလေးရှားနိုင်ငံ ဆူဘန် မှာရှိတဲ့ ကုလသမဂ္ဂဂိုထောင်မှာ သိုလှောင်ထားတာပါ။ ဒီလိုအကူအညီပေးတာကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ဌာန (AHA Center) ကတာဝန်ယူ လုပ်ဆောင်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်းကြား လုပ်ငန်းတွေနဲ့ ကုလသမဂ္ဂ ဆက်စပ်လုပ်ငန်းတွေ ကို AHA စင်တာ က ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း က ဆောင်ရွက်တာတွေ ကို ထောက်ူဖို့အတွက် စင်္ကာပူ ကြက်ခြေနီ အသင်း က စင်္ကာပူ ဒေါ်လာ ၅ သောင်း အကူအညီပေးမယ်လို့ ကတီပေးထားပါတယ်။

မြန်မာမုန်တိုင်းဒုက္ခသည်တွေအတွက် အာဆီယံအကူအညီများ ပေးပို့
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG