ပစ္စည်းတွေက အာဆီယံသဘာဝဘေးအန္တရာယ် အကူအညီပေးရေး စနစ် DELSA က ပစ္စည်းတွေ ဖြစ်ပါတယ်။
DELSA ဌာနကို ၂၀၁၂ ခုနှစ်က ထူထောင်ခဲ့တာဖြစ်ပြီး၊ အရေးပေါ် ပစ္စည်းတွေကို မလေးရှားနိုင်ငံ ဆူဘန် မှာရှိတဲ့ ကုလသမဂ္ဂဂိုထောင်မှာ သိုလှောင်ထားတာပါ။ ဒီလိုအကူအညီပေးတာကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ဌာန (AHA Center) ကတာဝန်ယူ လုပ်ဆောင်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်းကြား လုပ်ငန်းတွေနဲ့ ကုလသမဂ္ဂ ဆက်စပ်လုပ်ငန်းတွေ ကို AHA စင်တာ က ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း က ဆောင်ရွက်တာတွေ ကို ထောက်ူဖို့အတွက် စင်္ကာပူ ကြက်ခြေနီ အသင်း က စင်္ကာပူ ဒေါ်လာ ၅ သောင်း အကူအညီပေးမယ်လို့ ကတီပေးထားပါတယ်။