သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈမ်ား ခ်က္ခ်င္းရပ္ဖို႔ အာရွ-ဥေရာပ ေခါင္းေဆာင္ေတြ တိုက္တြန္း


အြန္လုိင္းက က်င္းပတဲ့ အာရွ-ဥေရာပ ထိပ္သီးအစည္းအေဝး။ (ႏိုဝင္ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတြင္း အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္တန႔္ဖို႔ အာရွနဲ႔ ဥေရာပႏိုင္ငံ ၅၀ ေက်ာ္က ေခါင္းေဆာင္ေတြက တိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာ့ႏုိင္ငံေရးမွာ ပါဝင္ပတ္သက္ေနတဲ့ အစုအဖြဲ႔အားလုံး အေနနဲ႔ အၾကမ္းဖက္မႈေတြ ရပ္ၾကဖို႔ ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ တက္ခြင့္မရတဲ့ အာရွ-ဥေရာပ (ASEM) ထိပ္သီးအစည္းအေဝးအၿပီး အခုလို ထုတ္ျပန္တာျဖစ္သလို မတရား ဖမ္းဆီးထိန္းသိမ္းထားသူေတြကို ျပန္လႊတ္ဖို႔လည္း စစ္ေကာင္စီကို ေတာင္းဆိုထားပါတယ္။

လက္ရွိ အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏုိင္ငံက ဦးစီးၿပီးေတာ့ အင္တာနက္ကတဆင့္ ႏုိဝင္ဘာ ၂၅ ရက္က စတင္ၿပီး ၂ ရက္ၾကာလုပ္တဲ့ ဒီထိပ္သီးအစည္းအေဝးပြဲမွာ ျမန္မာစစ္အာဏာသိမ္းအၿပီး အက်ပ္အတည္း ျဖစ္လာေနတာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံအျပင္ တာလီဘန္အုပ္စိုးတဲ့ အာဖဂနစၥတန္ အက်ပ္အတည္း ကိစၥကိုပါ ေဆြးေႏြးၿပီး လူသားခ်င္းစာနာ အကူအညီေတြေပးေရး မပိတ္ပင္ၾကဖို႔ကိုလည္း တိုက္တြန္းခဲ့ပါတယ္။

ျမန္မာစစ္ေကာင္စီအေနနဲ႔ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲ၊ တ႐ုတ္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲေတြမွာ တက္ေရာက္ခြင့္ မရခဲ့သလို အခု အာရွ-ဥေရာပ ASEM ထိပ္သီးေဆြးေႏြးပြဲကိုလည္း တက္ေရာက္ခြင့္ မရခဲ့ပါဘူး။

ဒါ့အျပင္ ကိုဗစ္ကာကြယ္ေဆး အညီအမွ်ရေရး ပူးေပါင္းေဆာင္ရြက္ၾကဖို႔ကိုလည္း ထိပ္သီးအစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ ကူးစက္ျမန္လြန္းႏိုင္တဲ့ ေတာင္အာဖရိက မ်ိဳးကြဲသစ္ ေပၚလာခ်ိန္နဲ႔ တိုက္ဆိုင္ေနတဲ့ ဒီထိပ္သီးပြဲအၿပီးမွာ ႏိုင္ငံေတြအားလုံး ကိုဗစ္ကာကြယ္ေဆး အခ်ိန္မီ အညီအမွ်ရဖို႔အျပင္ ကိုဗစ္ေဆးစစ္မႈေတြနဲ႔ ကုသေဆးေတြ ကိစၥေတြကိုပါ အေလးေပး ေဆြးေႏြးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်ဖို့ အာရှ-ဥရောပ ခေါင်းဆောင်တွေ တိုက်တွန်း

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အာရှနဲ့ ဥရောပနိုင်ငံ ၅၀ ကျော်က ခေါင်းဆောင်တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့အားလုံး အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်ကြဖို့ မြန်မာစစ်ကောင်စီခေါင်းဆောင် တက်ခွင့်မရတဲ့ အာရှ-ဥရောပ (ASEM) ထိပ်သီးအစည်းအဝေးအပြီး အခုလို ထုတ်ပြန်တာဖြစ်သလို မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ဖို့လည်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဦးစီးပြီးတော့ အင်တာနက်ကတဆင့် နိုဝင်ဘာ ၂၅ ရက်က စတင်ပြီး ၂ ရက်ကြာလုပ်တဲ့ ဒီထိပ်သီးအစည်းအဝေးပွဲမှာ မြန်မာစစ်အာဏာသိမ်းအပြီး အကျပ်အတည်း ဖြစ်လာနေတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံအပြင် တာလီဘန်အုပ်စိုးတဲ့ အာဖဂနစ္စတန် အကျပ်အတည်း ကိစ္စကိုပါ ဆွေးနွေးပြီး လူသားချင်းစာနာ အကူအညီတွေပေးရေး မပိတ်ပင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၊ တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ တက်ရောက်ခွင့် မရခဲ့သလို အခု အာရှ-ဥရောပ ASEM ထိပ်သီးဆွေးနွေးပွဲကိုလည်း တက်ရောက်ခွင့် မရခဲ့ပါဘူး။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး အညီအမျှရရေး ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကူးစက်မြန်လွန်းနိုင်တဲ့ တောင်အာဖရိက မျိုးကွဲသစ် ပေါ်လာချိန်နဲ့ တိုက်ဆိုင်နေတဲ့ ဒီထိပ်သီးပွဲအပြီးမှာ နိုင်ငံတွေအားလုံး ကိုဗစ်ကာကွယ်ဆေး အချိန်မီ အညီအမျှရဖို့အပြင် ကိုဗစ်ဆေးစစ်မှုတွေနဲ့ ကုသဆေးတွေ ကိစ္စတွေကိုပါ အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG