အာရှသားတွေကို တိုက်ခိုက်မှုနဲ့ ဆူရှီလုပ်ငန်းအပေါ် ရိုက်ခတ်လာနိုင်ခြေ
အမေရိကန်ပြည်ထောင်စုအတွင်း အမုန်းတရားပေါ် အခြေခံပြီး အာရှနွယ်ဖွားတွေအပေါ် တိုက်ခိုက်မှု ဒီထက် ပိုကျယ်ပြန့်လာမယ်ဆိုရင် မြန်မာအများစု လွှမ်းမိုးထားတဲ့ ဆူရှီလုပ်ငန်းကဏ္ဍမှာ ကြီးမားတဲ့ ရိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ အမေရိကန် အနောက်ဘက်ခြမ်း Las Vegas မြို့က ဆူရှီလုပ်ငန်းရှင် ဦးဆန်နီက VOA ကို ပြောပါတယ်။