လက္ေဝွ႕ေက်ာ္ ေအာင္လအန္ဆန္း ျမန္မာ့ၿငိမ္းခ်မ္းေရး အတြက္ ဆုေတာင္း
{{Zawgyi/Unicode}}
ဇႏၷဝါရီလ ၁၃ ရက္ ေသာၾကာည က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႔ေတာ္ မွာ က်င္းပတဲ့ One Championship လက္ေဝွ႔ပဲြမွာ ၿပိဳင္ဘက္ ဘရာဇီးလက္ေ၀ွ႔သမား Gilberto Galvao ကို ပထမအခ်ီမွာ အလဲထိုးအႏိုင္ရရွိခဲ့တဲ့ ျမန္မာႏိုင္ငံကိုယ္စားျပဳ ျမန္မာ့စပါးအုန္း ေအာင္လအန္ဆန္း ဟာ လက္ေ၀ွ႔စင္ျမင့္ေပၚကေန ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ ဆုေတာင္းခဲ့ပါတယ္။
“ ဒီအရင္ ၂ ႏွစ္ဟာ က်ေနာ္တို႔အားလုံးအတြက္ အလြန္ခက္ခဲတဲ့ႏွစ္ေတြျဖစ္ေၾကာင္းနဲ႔ ၿငိမ္းခ်မ္းေရးဟာ အေရးႀကီးဆုံးကိစၥျဖစ္ပါတယ္။ သူ႔အေနနဲ႔လည္း ဒီႏွစ္ပိုင္းေတြမွာ စိတ္ဓာတ္ထိခိုက္က်ဆင္းရတာေတြရွိပါတယ္။ ဒါေပမယ့္ အားလုံးစိတ္မေလ်ာ႔ဘဲ ၿငိမ္းခ်မ္းေရးအတြက္ ဆက္ဆုေတာင္းၾကပါလို႔” ေျပာဆိုပါတယ္။
လက္ေ၀ွ႔ပဲြ႐ုံအတြင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသား အမ်ားအျပား လာေရာက္အားေပးခဲ့ၾကၿပီး အႏိုင္ရရွိခဲ႔တဲ့ လက္ေ၀ွ႔ေက်ာ္ ေအာင္လအန္ဆန္း ကလည္း ျမန္မာပရိသတ္ကို ေက်းဇူးတင္ေၾကာင္း လက္ေ၀ွ႕ႀကိဳးဝိုင္း အတြင္းကေန ျမန္မာလို ျပန္လည္ေျပာၾကားခဲ့တာပါ။
ဒီပဲြဟာ သူ႔ရဲ႔ လက္ေ၀ွ႔သက္တမ္းတေလ်ာက္ ပထမအခ်ီမွာပဲ အလဲထိုးသတ္ခဲ့တဲ့ အႀကိမ္ ၂၀ ေျမာက္ ပဲြလည္းျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အရြယ္ MMA ခ်န္ပီယံေဟာင္းလည္းျဖစ္တဲ့ ေအာင္လအန္ဆန္း ဟာ လက္ေ၀ွ႔ပြဲေပါင္း ၄၃ ပဲြထိုးသတ္ခဲ့ၿပီး ၂၉ ပဲြ အႏိုင္ရရွိထားပါတယ္။
အသက္ ၄၀ အရြယ္ရွိၿပီျဖစ္တဲ့ ၿပိဳင္ဘက္ Gilberto Galvao ကို ပထမအခ်ီ ၁ မိနစ္နဲ႔ ၂၉ စကၠန္႔မွာ အလဲထိုးခဲ့ၿပီး ဒိုင္ပဲြရပ္နဲ႔ အႏိုင္ရရွိသြားတာ ျဖစ္ပါတယ္။
လက်ဝှေ့ကျော် အောင်လအန်ဆန်း မြန်မာ့ငြိမ်းချမ်းရေး အတွက် ဆုတောင်း
{{Zawgyi/Unicode}}
ဇန္နဝါရီလ ၁၃ ရက် သောကြာည က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် မှာ ကျင်းပတဲ့ One Championship လက်ဝှေ့ပွဲမှာ ပြိုင်ဘက် ဘရာဇီးလက်ဝှေ့သမား Gilberto Galvao ကို ပထမအချီမှာ အလဲထိုးအနိုင်ရရှိခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့စပါးအုန်း အောင်လအန်ဆန်း ဟာ လက်ဝှေ့စင်မြင့်ပေါ်ကနေ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ပါတယ်။
“ ဒီအရင် ၂ နှစ်ဟာ ကျနော်တို့အားလုံးအတွက် အလွန်ခက်ခဲတဲ့နှစ်တွေဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဟာ အရေးကြီးဆုံးကိစ္စဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ဒီနှစ်ပိုင်းတွေမှာ စိတ်ဓာတ်ထိခိုက်ကျဆင်းရတာတွေရှိပါတယ်။ ဒါပေမယ့် အားလုံးစိတ်မလျော့ဘဲ ငြိမ်းချမ်းရေးအတွက် ဆက်ဆုတောင်းကြပါလို့” ပြောဆိုပါတယ်။
လက်ဝှေ့ပွဲရုံအတွင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အများအပြား လာရောက်အားပေးခဲ့ကြပြီး အနိုင်ရရှိခဲ့တဲ့ လက်ဝှေ့ကျော် အောင်လအန်ဆန်း ကလည်း မြန်မာပရိသတ်ကို ကျေးဇူးတင်ကြောင်း လက်ဝှေ့ကြိုးဝိုင်း အတွင်းကနေ မြန်မာလို ပြန်လည်ပြောကြားခဲ့တာပါ။
ဒီပွဲဟာ သူ့ရဲ့ လက်ဝှေ့သက်တမ်းတလျောက် ပထမအချီမှာပဲ အလဲထိုးသတ်ခဲ့တဲ့ အကြိမ် ၂၀ မြောက် ပွဲလည်းဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် MMA ချန်ပီယံဟောင်းလည်းဖြစ်တဲ့ အောင်လအန်ဆန်း ဟာ လက်ဝှေ့ပွဲပေါင်း ၄၃ ပွဲထိုးသတ်ခဲ့ပြီး ၂၉ ပွဲ အနိုင်ရရှိထားပါတယ်။
အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ပြိုင်ဘက် Gilberto Galvao ကို ပထမအချီ ၁ မိနစ်နဲ့ ၂၉ စက္ကန့်မှာ အလဲထိုးခဲ့ပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။