သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နဲ့ Rex Tillerson ဖုန်းဆက်ဆွေးနွေး


People take part in an All Black Lives Matter march, organized by Black LGBTQ+ leaders, in the aftermath of the death in Minneapolis police custody of George Floyd, in Hollywood, Los Angeles, California, June 14, 2020.
People take part in an All Black Lives Matter march, organized by Black LGBTQ+ leaders, in the aftermath of the death in Minneapolis police custody of George Floyd, in Hollywood, Los Angeles, California, June 14, 2020.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson တို့ အင်္ဂါနေ့က တယ်လီဖုန်းနဲ့ဆက်သွယ် ပြောကြားခဲ့ကြပါတယ်။

အခုလို ဆက်သွယ်ပြောကြားတဲ့အခါမှာ အရှေ့တောင်အာရှဒေသ အပေါ် အမေရိကန်ရဲ့ ဆက်လက်ထားရှိတဲ့ ကတိကဝတ်တွေ အကြောင်း အလေးပေး ပြောကြားခဲ့တာဖြစ်ပြီး မစ္စတာ Tillerson က ဒေသတွင်း လုံခြုံရေး စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ ကြာသပတေးနေ့မှာ ရန်ကုန် အမေရိကန် သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ- အမေရိကန် ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တွေရဲ့ ဆက်သွယ် ပြောကြားမှုဟာ အမေရိကန်နိုင်ငံမှာ အစိုးရသစ်တက်လာခဲ့တဲ့ နောက်ပိုင်း အခုတခါ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက အာရှ နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်အောင် ကြိုးစားနေတာ ဖြစ်ပြီး အမေရိကန် နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား မဟာဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက် မှုတွေကို ပြန်ပြီးမြှင့်တင်တဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson ဟာ မေလထဲမှာ ဝါရှင်တန်ဒီစီမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းဝေးကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်တခုကိုစီစဉ်ထားပြီး ဖြစ်တာမို့ ဒီအစည်းဝေးကို မတက်ရောက်နိုင်ပဲ မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်း တက်ရောက်ခဲ့တာ ဖြစ်ပြီး ဝန်ကြီး Tillerson အတွက် ဒေါ်အောင်ဆန်းစုကြည်က စာလွာပဲ ပါးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သမ္မတအိုဘားမားအစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တာဖြစ်ပြီး၊ အိုဘားမားအစိုးရလက်ထက်မှာ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိအမေရိကန်သမ္မတ Trump အစိုးရ လက်ထက်မှာလည်း အရင်သမ္မတ လက်ထက်က ဆက်ဆံရေး အတိုင်း ဆက်လက်ထားရှိနေဆဲ ဖြစ်ပြီး အခု ပထမဆုံး အကြိမ်အဖြစ် အမေရိကန်နှင့်မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ၂ ဦး ဆက်သွယ် ပြောကြားတာ ဖြစ်ပါတယ်။

ဒေါ်စု နဲ့ Rex Tillerson ဖုန်းဆက်ဆွေးနွေး
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG