သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင်ဒဏ်စီရင်ချက်ချတဲ့အပေါ် ပြင်သစ်ရှုတ်ချ 


Myanmar Suu Kyi
Myanmar Suu Kyi

ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တဲ့ မြန်မာစစ်ကောင်စီ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြင်သစ်အစိုးရက အင်္ဂါနေ့က ရှုတ်ချလိုက်ပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့လည်း ထပ်လောင်းပြီး တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင်ဒဏ်စီရင်ချက်ချတဲ့အပေါ် ပြင်သစ်ရှုတ်ချ

{{Zawgyi/Unicode}}
ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တဲ့ မြန်မာစစ်ကောင်စီ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြင်သစ်အစိုးရက အင်္ဂါနေ့က ရှုတ်ချလိုက်ပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့လည်း ထပ်လောင်းပြီး တိုက်တွန်းလိုက်ပါတယ်။

ဒါအပြင် ဥရောပ သမဂ္ဂ EU ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ အကြီးအကဲ Josep Borrell ကလည်း မြန်မာစစ်ကောင်စီ တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ်ချမှတ်လိုက်တဲ့ အတွက် ရှုတ်ချကြောင်း တနင်္လာနေ့က Twitter မှာ ရေးသားခဲ့ပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့နဲ့ ပြည်သူလူထု့ဆန္ဒကို လေးစားလိုက်နာဖို့လည်း သူက တိုက်တွန်း လိုက်ပါတယ်။

အလားတူ လူ့အခွင့်အရေး စောင့်ကြည်ရေးအဖွဲ့ HRW ကလည်း မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တရားမျှတမှုမရှိတဲ့ တရားစီရင်ရေး နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အဲဒီအတွက် ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN၊ ဥရောပသမဂ္ဂ EU၊ အမေရိကန်နဲ့ တခြား သက်ဆိုင်ရာအစိုးရတွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်မြောက်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးဖို့လည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

......................................


{{Zawgyi/Unicode}}



XS
SM
MD
LG