သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကိုစြဲတဲ့ အဂတိမႈ သက္ေသမျပႏိုင္ဟု ေရွ႕ေနေတြ ေလွ်ာက္ထားခဲ့


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။

(Zawgyi / Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေရႊနဲ႔ ေဒၚလာေတြ ယူတယ္ဆိုၿပီး အဂတိလိုက္စားမႈနဲ႔ စစ္ေကာင္စီက တရားစြဲထားတဲ့အမႈကို ေနျပည္ေတာ္မွာရွိတဲ့ သီးသန႔္တရား႐ုံးက စြဲခ်က္တင္လိုက္ပါတယ္။ ဒီအမႈကို စြဲခ်က္တင္လိုက္ေပမယ့္လည္း တရားလိုဘက္က သက္ေသတစုံတရာ ျပသႏိုင္ခဲ့ျခင္း မရွိခဲ့ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္က ေျပာပါတယ္။ ၿပီးခဲ့တဲ့ တပတ္အတြင္းက တရားခြင္ၾကားနာမႈ အေျခအေနေတြကို ကိုရန္ႏိုင္ စုစည္းတင္ျပေပးထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစဲြထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့တပတ္က ႐ုံးခ်ိန္းမွာ ေရႊနဲ႔ ေဒၚလာ ယူတယ္ဆိုၿပီး အဂတိလိုက္စားမႈနဲ႔ စြဲထားတဲ့ အမႈကို စြဲခ်က္တင္လိုက္ပါတယ္။ NLD အစိုးရလက္ထက္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဆီကေန အေမရိကန္ေဒၚလာ ၆ သိန္းနဲ႔ အေခါက္ေရႊ ၇ ပိသာ လက္ခံရယူခဲ့တဲ့ဆိုတဲ့ အမႈကို အဂတိလိုက္စားမႈ ေျမာက္တယ္ဆိုၿပီး စြဲခ်က္တင္လိုက္တာပါ။ ဒါကေတာ့ ၿပီးခဲ့တဲ့တပတ္က တရားခြင္ၾကားနာမႈေတြ အတြင္းက အဓိက အေရးပါတဲ့အခ်က္တခု ျဖစ္တယ္လို႔ ဆိုရမွာပါ။

NLD အစိုးရလက္ထက္ ရန္ကုန္တိုင္းအတြင္း လုပ္ငန္းေဆာင္ရြက္မႈေတြကို ေထာက္ခံေပးဖို႔နဲ႔ ကာကြယ္ေပးဖို႔အတြက္ဆိုၿပီး ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းက ေဒၚလာနဲ႔ ေရႊေတြေပးခဲ့တာကို လက္ခံတယ္ဆိုၿပီး စစ္ေကာင္စီဘက္က အဂတိလိုက္စားမႈနဲ႔ တရားစြဲခဲ့တာ ျဖစ္ပါတယ္။ ဒီအမႈကို စြဲခ်က္တင္သင့္၊ မတင္သင့္ဆိုတာနဲ႔ ပတ္သက္ၿပီး တရား႐ုံးမွာ ႏွစ္ဖက္ေရွ႕ေနေတြ အၿပီးသတ္ေလွ်ာက္လဲ တင္ျပၿပီးတဲ့ေနာက္ ေနျပည္ေတာ္မွာရွိတဲ့ သီးသန႔္တရား႐ုံးက ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔မွာ စြဲခ်က္တင္ဖို႔ ဆုံးျဖတ္လိုက္တာပါ။

ဒီအမႈမွာ ထူးျခားတာကေတာ့ သက္ေသခိုင္ခိုင္မာမာ တင္ျပႏိုင္ျခင္းမရွိဘဲ သက္ေသခိုင္မာမႈ မရွိဘဲနဲ႔ စြဲခ်က္တင္ဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ေရႊနဲ႔ ေဒၚလာေတြ ေပးတယ္ဆိုၿပီး တရားလိုဘက္က တရားစြဲခဲ့ေပမယ့္လည္း သက္ေသမျပႏိုင္ခဲ့ပါဘူး။ တရားလိုဘက္က လိုျပသက္ေသျဖစ္တဲ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းက ဒါေတြကို ေပးခဲ့တယ္လို႔ ထြက္ဆိုခဲ့ေပမယ့္လည္း ႏွစ္ဖက္ေရွ႕ေနေတြ အျပန္အလွည္ ေမးခြန္းေတြနဲ႔ ေမးခဲ့တုန္းကလည္း သက္ေသျပသႏိုင္ခဲ့ျခင္း မရွိခဲ့သလို စစ္ေကာင္စီက အာဏာသိမ္းတဲ့ေန႔က ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးထိန္းသိမ္းလိုက္ခ်ိန္ကလည္း ေဒၚေအာင္ဆန္းစုၾကည္ဆီကေန သိမ္းဆည္းရမိတဲ့အထဲမွာ ပါဝင္ျခင္း မရွိခဲ့ပါဘူး။

တည္ဆဲဥပေဒမွာ အဂတိလိုက္စားတယ္လို႔ စြပ္စြဲခံရသူဆီမွာ အဂတိလိုက္စားခ်ိန္က ရခဲ့တဲ့ တံစိုးလက္ေဆာင္နဲ႔ ေငြေၾကးေတြကို စြပ္စြဲခံရသူဆီက သိမ္းဆည္းရမိမွာသာ တရားစြဲဆိုရမယ္လို႔ ပါဝင္သလို အဂတိလိုက္စားတယ္လို႔ ေက်ာ္ေဇာ္သတင္း ထြက္မွသာ အဂတိအမႈနဲ႔ စစ္ေဆးႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

အခုလက္ရွိ ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိအမႈနဲ႔ စြဲထားတဲ့ အမႈေတြမွာ ဒီျပ႒ာန္းထားတဲ့ အခ်က္ေတြနဲ႔ မကိုက္ညီသလို ဒါေတြကို ယူတယ္ဆိုၿပီး စြပ္စြဲခ်က္သာရွိၿပီး တရားလိုဘက္က သက္ေသျပသႏိုင္ခဲ့ျခင္း မရွိသလို စစ္တပ္က အာဏာသိမ္းတဲ့ေန႔မွာလည္း ေဒၚေအာင္ဆန္းစုၾကည္ဆီက သိမ္းဆည္းရမိတာ မရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္က ၾကားနာစစ္ေဆးမႈေတြအတြင္း တရား႐ုံးကို ေလွ်ာက္လဲတင္ျပႏိုင္ခဲ့ၾကပါတယ္။

ဆိုေတာ့ သက္ေသခိုင္ခိုင္မာမာ ျပသႏိုင္ခဲ့ျခင္းမရွိတဲ့ အမႈကို တရား႐ုံးက ဘာေၾကာင့္ စြဲခ်က္တင္ဖို႔ ဆုံးျဖတ္လိုက္တာလဲ၊ ဒါကေတာ့ ဥပေဒေၾကာင္းအရ ေမးခြန္းထုတ္စရာ ျဖစ္သလို တရားစီရင္ေရး လြတ္လပ္ခြင့္နဲ႔ ပတ္သက္ၿပီးေတာ့ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကို မီဒီယာေတြကို မေျပာရဘူးဆိုၿပီး ပိတ္ထားတဲ့အတြက္ တရား႐ုံးက ဘာေၾကာင့္ အခုလိုဆုံးျဖတ္တယ္၊ ဒီဆုံးျဖတ္ခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္တို႔ဘက္က အယူခံဝင္မယ္၊ မဝင္ဘူး ဆိုတာေတြနဲ႔ ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ အခုလို စြဲခ်က္တင္လိုက္တာေၾကာင့္ လာမယ့္႐ုံးခ်ိန္းေတြကစၿပီး ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ေလွ်ာက္လဲခ်က္ေပးဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ တပတ္အတြင္း ၾကားနာမႈေတြထဲက တျခား ထူးျခားတဲ့ အခ်က္ေတြကေတာ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ ေျမေနရာရယူမႈနဲ႔ ေနအိမ္တည္ေဆာက္မႈေတြနဲ႔ ပတ္သက္ၿပီး စြဲထားတဲ့အမႈ ၄ မႈကိုလည္း ၾကားနာစစ္ေဆးခဲ့ၿပီးေတာ့ စစ္ေကာင္စီဘက္က တရားလိုသက္ေသအျဖစ္နဲ႔ ေနျပည္ေတာ္စည္ပင္က ေဒါက္တာပြင့္သႏၲာေက်ာ္နဲ႔ ရန္ကုန္စည္ပင္က ဦးေအာင္မ်ိဳးဦးတို႔ကို စစ္ေဆးခဲ့ပါတယ္။ ဒါ့အျပင္ အဂၤါေန႔ကေတာ့ ရဟတ္ယာဥ္ငွားရမ္းတာ၊ ဝယ္ယူတာေတြနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္၊ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးတို႔ကို အဂတိ ၅ မႈနဲ႔ စြဲထားတဲ့ အမႈေတြကိုလည္း ၾကားနာစစ္ေဆးခဲ့ၾကပါတယ္။ ဒီအမႈေတြအတြက္ စစ္ေကာင္စီဘက္က တရားလို ဦးေအာင္ခန႔္က လိုျပသက္ေသအျဖစ္နဲ႔ ထြက္ဆိုခဲ့ၿပီး ေရွ႕လာမယ့္ ႐ုံးခ်ိန္းမွာေတာ့ ႏွစ္ဖက္ေရွ႕ေနေတြ အျပန္အလွန္ ေမးခြန္းေတြနဲ႔ စစ္ေဆးေမးျမန္းၾကမွာ ျဖစ္ပါတယ္။

အခုေလာေလာဆယ္မွာ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈ ၁၁ မႈနဲ႔ စြဲဆိုထားၿပီး အခုေလာေလာဆယ္ ၁၀ မႈကေတာ့ ရင္ဆိုင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲတဲ့ အဂတိမှု သက်သေမပြနိုင်ဟု ရှေ့နေတွေ လျှောက်ထားခဲ့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ ဒေါ်လာတွေ ယူတယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက တရားစွဲထားတဲ့အမှုကို နေပြည်တော်မှာရှိတဲ့ သီးသန့်တရားရုံးက စွဲချက်တင်လိုက်ပါတယ်။ ဒီအမှုကို စွဲချက်တင်လိုက်ပေမယ့်လည်း တရားလိုဘက်က သက်သေတစုံတရာ ပြသနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်အတွင်းက တရားခွင်ကြားနာမှု အခြေအနေတွေကို ကိုရန်နိုင် စုစည်းတင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့တပတ်က ရုံးချိန်းမှာ ရွှေနဲ့ ဒေါ်လာ ယူတယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ စွဲထားတဲ့ အမှုကို စွဲချက်တင်လိုက်ပါတယ်။ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အခေါက်ရွှေ ၇ ပိသာ လက်ခံရယူခဲ့တဲ့ဆိုတဲ့ အမှုကို အဂတိလိုက်စားမှု မြောက်တယ်ဆိုပြီး စွဲချက်တင်လိုက်တာပါ။ ဒါကတော့ ပြီးခဲ့တဲ့တပတ်က တရားခွင်ကြားနာမှုတွေ အတွင်းက အဓိက အရေးပါတဲ့အချက်တခု ဖြစ်တယ်လို့ ဆိုရမှာပါ။

NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအတွင်း လုပ်ငန်းဆောင်ရွက်မှုတွေကို ထောက်ခံပေးဖို့နဲ့ ကာကွယ်ပေးဖို့အတွက်ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်လာနဲ့ ရွှေတွေပေးခဲ့တာကို လက်ခံတယ်ဆိုပြီး စစ်ကောင်စီဘက်က အဂတိလိုက်စားမှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကို စွဲချက်တင်သင့်၊ မတင်သင့်ဆိုတာနဲ့ ပတ်သက်ပြီး တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေ အပြီးသတ်လျှောက်လဲ တင်ပြပြီးတဲ့နောက် နေပြည်တော်မှာရှိတဲ့ သီးသန့်တရားရုံးက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒီအမှုမှာ ထူးခြားတာကတော့ သက်သေခိုင်ခိုင်မာမာ တင်ပြနိုင်ခြင်းမရှိဘဲ သက်သေခိုင်မာမှု မရှိဘဲနဲ့ စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး တရားလိုဘက်က တရားစွဲခဲ့ပေမယ့်လည်း သက်သေမပြနိုင်ခဲ့ပါဘူး။ တရားလိုဘက်က လိုပြသက်သေဖြစ်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒါတွေကို ပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ပေမယ့်လည်း နှစ်ဖက်ရှေ့နေတွေ အပြန်အလှည် မေးခွန်းတွေနဲ့ မေးခဲ့တုန်းကလည်း သက်သေပြသနိုင်ခဲ့ခြင်း မရှိခဲ့သလို စစ်ကောင်စီက အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဆီကနေ သိမ်းဆည်းရမိတဲ့အထဲမှာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။

တည်ဆဲဥပဒေမှာ အဂတိလိုက်စားတယ်လို့ စွပ်စွဲခံရသူဆီမှာ အဂတိလိုက်စားချိန်က ရခဲ့တဲ့ တံစိုးလက်ဆောင်နဲ့ ငွေကြေးတွေကို စွပ်စွဲခံရသူဆီက သိမ်းဆည်းရမိမှာသာ တရားစွဲဆိုရမယ်လို့ ပါဝင်သလို အဂတိလိုက်စားတယ်လို့ ကျော်ဇော်သတင်း ထွက်မှသာ အဂတိအမှုနဲ့ စစ်ဆေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှုနဲ့ စွဲထားတဲ့ အမှုတွေမှာ ဒီပြဋ္ဌာန်းထားတဲ့ အချက်တွေနဲ့ မကိုက်ညီသလို ဒါတွေကို ယူတယ်ဆိုပြီး စွပ်စွဲချက်သာရှိပြီး တရားလိုဘက်က သက်သေပြသနိုင်ခဲ့ခြင်း မရှိသလို စစ်တပ်က အာဏာသိမ်းတဲ့နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဆီက သိမ်းဆည်းရမိတာ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ကြားနာစစ်ဆေးမှုတွေအတွင်း တရားရုံးကို လျှောက်လဲတင်ပြနိုင်ခဲ့ကြပါတယ်။

ဆိုတော့ သက်သေခိုင်ခိုင်မာမာ ပြသနိုင်ခဲ့ခြင်းမရှိတဲ့ အမှုကို တရားရုံးက ဘာကြောင့် စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်တာလဲ၊ ဒါကတော့ ဥပဒေကြောင်းအရ မေးခွန်းထုတ်စရာ ဖြစ်သလို တရားစီရင်ရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မီဒီယာတွေကို မပြောရဘူးဆိုပြီး ပိတ်ထားတဲ့အတွက် တရားရုံးက ဘာကြောင့် အခုလိုဆုံးဖြတ်တယ်၊ ဒီဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က အယူခံဝင်မယ်၊ မဝင်ဘူး ဆိုတာတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုလို စွဲချက်တင်လိုက်တာကြောင့် လာမယ့်ရုံးချိန်းတွေကစပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လျှောက်လဲချက်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်း ကြားနာမှုတွေထဲက တခြား ထူးခြားတဲ့ အချက်တွေကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာရယူမှုနဲ့ နေအိမ်တည်ဆောက်မှုတွေနဲ့ ပတ်သက်ပြီး စွဲထားတဲ့အမှု ၄ မှုကိုလည်း ကြားနာစစ်ဆေးခဲ့ပြီးတော့ စစ်ကောင်စီဘက်က တရားလိုသက်သေအဖြစ်နဲ့ နေပြည်တော်စည်ပင်က ဒေါက်တာပွင့်သန္တာကျော်နဲ့ ရန်ကုန်စည်ပင်က ဦးအောင်မျိုးဦးတို့ကို စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂါနေ့ကတော့ ရဟတ်ယာဉ်ငှားရမ်းတာ၊ ဝယ်ယူတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိ ၅ မှုနဲ့ စွဲထားတဲ့ အမှုတွေကိုလည်း ကြားနာစစ်ဆေးခဲ့ကြပါတယ်။ ဒီအမှုတွေအတွက် စစ်ကောင်စီဘက်က တရားလို ဦးအောင်ခန့်က လိုပြသက်သေအဖြစ်နဲ့ ထွက်ဆိုခဲ့ပြီး ရှေ့လာမယ့် ရုံးချိန်းမှာတော့ နှစ်ဖက်ရှေ့နေတွေ အပြန်အလှန် မေးခွန်းတွေနဲ့ စစ်ဆေးမေးမြန်းကြမှာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ၁၁ မှုနဲ့ စွဲဆိုထားပြီး အခုလောလောဆယ် ၁၀ မှုကတော့ ရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG