သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရားခွင် နေပြည်တော်မှာ ဆက်လက်ကြားနာ 


Daw Aung San Su Kyi(မှတ်တမ်းဓါတ်ပုံ)
Daw Aung San Su Kyi(မှတ်တမ်းဓါတ်ပုံ)

ဒေါ်အောင်ဆန်းစုကြည် တရားခွင် နေပြည်တော်မှာ ဆက်လက်ကြားနာ

{{Zawgyi/Unicode}}
နိုင်ငံတော်အတိုင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ စွဲဆိုထားတဲ့ အမှုတွေထဲက ရဟတ်ယဉ်ငှားရမ်း မှုနဲ့ပတ်သက်ပြီးစွဲချက် ၅ ခုထဲက ၂ ခုကို သောကြာနေ့က စစ်ဆေးခဲ့ကြောင်း တရားခွင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ရှေ့နေတွေကတရားလိုပြသက်သေတချို့ကိုကန့်ကွက်ခဲ့တာကြောင့်၊ စစ်ဆေးနိုင်ခြင်းမရှိတာဖြစ်ပြီး နောက်တပတ် သောကြာနေ့ကျမှ လိုပြသက်သေတွေကို လက်ခံသင့်မသင့် တရားရုံးကကြားနာမယ်လို့လည်း ပြောပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်တိုင်းတွေမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေကိုတော့ ဒီတပတ်မှာ စစ်ဆေးခြင်းမရှိဘဲ နောက်တပတ် သောကြာနေ့မှာ ရုံးချိန်းပေးထားပါတယ်။ နေပြည်တော်က လရောင်တော မြေနဲ့အိမ် ကိစ္စအတွက် တရာလိုပြသက်သေတဦးကို စစ်ဆေးဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူကဆိုပါတယ်။

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် စီးပွားရေးသမားတဦးထံက ဒေါ်လာ ၅ သိန်းခွဲရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကြာသေးမီက စစ်ကောင်စီ ကနေပြည်တော် ရဲစခန်းတခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံအမှုဖွင့်တိုင်ကြားခဲ့ပေမယ့်တရားရုံးကို တော့ရောက်မလာသေးပါဘူး။

လောလောဆယ်ထိအထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၅ မှုအတွက်ထောင်ဒါဏ် ၆ နှစ်ချခံထားရပြီး၊ နောက်ထပ် အဂတိမှု ၁၁ မှု၊ နိုင်ငံတော်လျှို့ဝှက်ချက်မှု ၁ မှုနဲ့ ဆက်လက်တရားရင်ဆိုင်နေရပါတယ်။

...................................

တိုက်ရိုက် လင့်ခ်


{{Unicode}}




ဆက်စပ်သတင်းများ ...

XS
SM
MD
LG