သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းၾကည္ အဂတိအမႈ တရားရံုး ႐ံုးခ်ိန္း တက္ေရာက္ႏိုင္ 


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု - Aung San Suu Kyi - ေမ ၁၄၊ ၂၀၂၀)

[[Zawgyi/Unicode]]

က်န္းမာေရးေၾကာင့္ မေန႔က တရား႐ံုး မတက္ေရာက္ႏိ္ုင္ခဲ့တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢဳိလ္ ေဒၚေအာင္ဆန္းၾကည္ဟာ ဒီကေန႔ေတာ့ ေခါင္းနည္းနည္းမူးေပမယ့္ တရား႐ံုးတက္ခဲ့တယ္လို႔ တရား႐ံုးနဲ႔နီးစပ္တဲ့ ေရွ႕ေနတဦးက ဗြီအိုေအကို ေျပာပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ NLD အစိုးရလက္ထက္ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးတို႔ကို ရဟတ္ယာဥ္ဝယ္ယူမႈ၊ ငွားရမ္းမႈနဲ႔ပတ္သက္ၿပီး စြဲဆိုထားတဲ့ အဂတိအမႈ ၅ မႈကို ဒီကေန႔ ေနျပည္ေတာ္ အထူးတရား႐ံုးမွာ ၾကားနာ စစ္ေဆးတာျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ ႏွစ္ဦးလံုး တက္ေရာက္ခဲ့ပါတယ္။ စစ္ေကာင္စီရဲ႕ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္က တာဝန္ရွိသူတဦးျဖစ္တဲ့ ဦးေအာင္ခန္႔ကို ဒီကေန႔ စတင္ စစ္ေဆးခဲ့တဲ့အေၾကာင္း တရား႐ံုးနဲ႔ နီးစပ္တဲ့ ေရွ႕ေနတဦးက ဗြီအိုေအကို ေျပာပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဘက္က လိုက္ပါ ေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေနေတြကို အမႈအေၾကာင္း မေျပာဖို႔ စစ္ေကာင္စီက ပုဒ္မ ၁၄၄ ထုတ္ျပန္ ပိတ္ပင္ထားတဲ့အတြက္ ၾကားနာပြဲ အေသးစိတ္ကိုေတာ့ မသိရပါဘူး။
ဒီအေတာအတြင္းမွာပဲ ေဒၚေအာင္ဆန္းစုၾကည္ဟာ ရာထူးတာဝန္ကို အလြဲသံုးစားလုပ္ၿပီး စီးပြားေရး လုပ္ငန္းရွင္တဦးထံကေန လွဴဒါန္းေငြ အေၾကာင္းျပ၊ တံစိုးလက္ေဆာင္ ေငြတခ်ိဳ႕ လက္ခံရယူခဲ့တာေတြ႔ရတယ္ဆိုၿပီး စစ္ေကာင္စီရဲ႕ အဂတိတိုက္ဖ်က္ေရး ေကာက္မရွင္က မေန႔က ေနာက္ထပ္ အဂတိအမႈနဲ႔ တိုင္ၾကားထားပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိအမႈ ၁၀ မႈေက်ာ္အျပင္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္ဥပေဒခ်ဳိးေဖာက္မႈနဲ႔လည္း တရား ရင္ဆုိင္ေနရတာပါ။ ဒီအထဲက အမႈ ၅ မႈအတြက္ စုစုေပါင္းေထာင္ဒဏ္ ၆ ႏွစ္ ခ်မွတ္ခံထားရပါတယ္။

#ေဒၚေအာင္ဆန္းစုၾကည္ #အဂတိမႈ #ရဟတ္ယာဥ္ဝယ္ယူမႈ၊ငွားရမ္းမႈ #ပုဒ္မ၁၄၄ #မေလ်ာ္ၾသဇာသံုးမႈ #ဗီြအိုေအျမန္မာ

=========

[[Zawgyi/Unicode]]


ဒေါ်အောင်ဆန်းကြည် အဂတိအမှု တရားရုံး ရုံးချိန်း တက်ရောက်နိုင်

ကျန်းမာရေးကြောင့် မနေ့က တရားရုံး မတက်ရောက်နိုင်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်ဟာ ဒီကနေ့တော့ ခေါင်းနည်းနည်းမူးပေမယ့် တရားရုံးတက်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ NLD အစိုးရလက်ထက် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ရဟတ်ယာဉ်ဝယ်ယူမှု၊ ငှားရမ်းမှုနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိအမှု ၅ မှုကို ဒီကနေ့ နေပြည်တော် အထူးတရားရုံးမှာ ကြားနာ စစ်ဆေးတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ နှစ်ဦးလုံး တက်ရောက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်က တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအောင်ခန့်ကို ဒီကနေ့ စတင် စစ်ဆေးခဲ့တဲ့အကြောင်း တရားရုံးနဲ့ နီးစပ်တဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို အမှုအကြောင်း မပြောဖို့ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန် ပိတ်ပင်ထားတဲ့အတွက် ကြားနာပွဲ အသေးစိတ်ကိုတော့ မသိရပါဘူး။
ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ပြီး စီးပွားရေး လုပ်ငန်းရှင်တဦးထံကနေ လှူဒါန်းငွေ အကြောင်းပြ၊ တံစိုးလက်ဆောင် ငွေတချို့ လက်ခံရယူခဲ့တာတွေ့ရတယ်ဆိုပြီး စစ်ကောင်စီရဲ့ အဂတိတိုက်ဖျက်ရေး ကောက်မရှင်က မနေ့က နောက်ထပ် အဂတိအမှုနဲ့ တိုင်ကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှု ၁၀ မှုကျော်အပြင် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်မှုနဲ့လည်း တရား ရင်ဆိုင်နေရတာပါ။ ဒီအထဲက အမှု ၅ မှုအတွက် စုစုပေါင်းထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရပါတယ်။

#ဒေါ်အောင်ဆန်းစုကြည် #အဂတိမှု #ရဟတ်ယာဉ်ဝယ်ယူမှု၊ငှားရမ်းမှု #ပုဒ်မ၁၄၄ #မလျော်သြဇာသုံးမှု #ဗွီအိုအေမြန်မာ
----------------------

XS
SM
MD
LG