သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရွှေနဲ့ဒေါ်လာအမှု စွဲချက်တင်သင့်မသင့် ဖေဖော်ဝါရီ ၂၅ လျှောက်လဲချက်ပေးရမည်


 နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Aung San Suu Kyi's Official Facebook - စက်တင်ဘာ ၀၇၊ ၂၀၂၀)
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Aung San Suu Kyi's Official Facebook - စက်တင်ဘာ ၀၇၊ ၂၀၂၀)

[[Zawgyi/Unicode]]

NLD အစိုးရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုပုဒ်မတွေနဲ့ တရားစွဲထားတဲ့ထဲက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပေးတဲ့ ရွှေနဲ့ဒေါ်လာတွေ လက်ခံယူခဲ့တယ်ဆိုတဲ့အမှုကို စွဲချက်တင်သင့် မသင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ကျရင် နောက်ဆုံး လျှောက်လဲချက်ပေးရမှာဖြစ်ပါတယ်။ အဲဒီအမှုအတွက် တရားလိုပြသက်သေ ရဲ အရာရှိ ၅ ယောက်ကို ဒီနေ့ရုံးချိန်းမှာ စစ်ဆေးကြားနာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အဂတိလိုက်စားမှုတွေထဲက ဦးဖြိုးမင်းသိန်းပေးခဲ့တဲ့ ရွေတွေ၊ ဒေါ်လာတွေ လက်ခံယူခဲ့တယ်ဆိုတဲ့အမှုကို နေပြည်တော်အထူးတရားရုံးမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မှာ ဆက်လက်စစ်ဆေးပါတယ်။ တရားလိုပြသက်သေအဖြစ် ရဲအရာရှိ ၅ ယောက်လာရောက်ထွက်ဆိုတယ် လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ခုလိုပြောပါတယ်။

“ရဲသက်သေ ၅ ယောက်ထွက်တယ်လေ။ အမှုနံပါတ် ၂ ရွှေ၊ ဒေါ်လာပေးတဲ့ကိစ္စလေ။ ဟုတ်တယ်၊ သက်သေ ၅ ယောက်စစ်ဖြစ်တယ်။ သူတို့ပညာရပ်ဆိုင်ရာပြောသွားတာပါ။ သိပ်အဓိက မကျပါဘူး။ အကြမ်းဖျင်းကတော့ လာသွားတယ်ဆိုတာကို သက်သေထူတာပေါ့။ လာသွားတယ်ဆိုတာ ဟို လူပေါ့။ ဘယ်သူလာမှာလဲ။ မစစ်ဘူး။ ဒီနေ့က တခုတည်း ချိန်းထားတာ။ ၂၅ ရက်နေ့မှာမှ စွဲချက်တင်ဖို့ သင့်မသင့် လျှောက်လဲချက်ပေးဖို့ရှိတယ်။”

ဒီအမှုအတွက် စစ်ဖို့ကျန်နေတဲ့ သက်သေတွေ ရှိနေသေးပေမယ့် တရားသူကြီးရဲ့လုပ်ပိုင်ခွင့်အရ စွဲချက် တင် သင့် မသင့် လျှောက်လဲချက်တောင်းတဲ့အတွက် ဖေဖော်ဝါရီ ၂၅ ရက်မှာ အပြီးသတ်လျှောက်လဲချက်တင်ကြမှာဖြစ်ပါတယ်။ ရှေ့တပတ် ဖေဖော်ဝါ ရီ ၁၈ ရက်နေ့ကျရင် နေပြည်တော်နဲ့ရန်ကုန်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီး စွဲဆိုထားတဲ့ အဂတိမှု ၄ မှုနဲ့ ရဟတ်ယာဉ်ငှားရမ်းမှု၊ ဝယ်ယူမှုတို့နဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှု ၅ မှုကို စစ်ဆေးမှာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စီးပွားရေးသမားတဦးထံက ဒေါ်လာ ငါးသိန်းခွဲကို ၂၀၁၉ နဲ့၂၀၂၀ ပြည့်နှစ်တို့မှာ လက်ခံရယူခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးစွဲဆိုထားတဲ့ အဂတိအမှုကတော့ နေပြည်တော်အထူးတရားရုံးကိုရောက်လာခြင်းမရှိသေးသလို တရားသူကြီးကလည်း တစုံတရာအသိပေးပြောကြားတာမရှိဘူးလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် Kim aris လက်ဆောင်ပေးထားတဲ့ ခွေးကလေး သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ခွေးလေး နေမကောင်းဖြစ်နေပေမဲ့ အသက်ရှင်လျက် သူမနဲ့အတူ ရှိနေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဆိုပါတယ်။

“ဘာမှမဖြစ်ပါဘူး။ နေမကောင်းဖြစ်တာပါ။ နေမကောင်းတာမို့ သူ ကာကွယ်ဆေးထိုးမှရမယ်။ ဒီလောက်ပဲ ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စစ်ကောင်စီက ဖမ်းဆီးပြီး ခုချိန်ထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပါတယ်။ လောလောဆယ် အမှုပေါင်း ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရပြီး အဂတိမှု ၁၁ မှု၊ နိုင်ငံတော်လျှို့ဝှက်အက် ၁ မှု၊ ရွေးကောက်ပွဲမှာ မလျှော်သြဇာသုံးခဲ့မှု ၁ မှုတို့နဲ့ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။

============

[[Unicode]]










============

XS
SM
MD
LG