သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ၅၀၅(ခ)အမႈ တရားလိုစတင္စစ္ေဆး


စစ္အာဏာသိမ္း ဆန္ ့က်င္သူမ်ား ေဒၚ ေအာင္ဆန္းစုၾကည္လြတ္ေျမာက္ေရး ေတာင္းဆိုစဥ္ ( ဓာတ္ပံု- AFP)

(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚ ေအာင္ဆန္းစုၾကည္အေပၚ တရားစြဲဆိုထားတဲ့ အမႈေတြထဲက ဒီေန႔ ဇြန္လ ၁၅ ရက္ေန႔မွာ အမႈ ၂ ခုစစ္ေဆးပါတယ္။ သမၼတဦးဝင္းျမင့္၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔နဲ႔ တတြဲထဲအမႈျဖစ္တဲ့ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒ ခ်ဳိးေဖာက္မႈ၊ တခါ အမ်ားျပည္သူတည္ ၿငိမ္မႈေအးခ်မ္းမႈ ပ်က္ေအာင္ လုပ္ေဆာင္မႈ၊ ဒီအမႈ ၂ ခုကို စစ္ေဆးတာပါ။ ေနျပည္ေတာ္က သီးသန္႔တရား႐ံုးမွာ ေဒၚေအာင္ဆန္းစုၾကည္အမႈေတြကို ဒုတိယေျမာက္ေန႔အျဖစ္ စစ္ေဆးတဲ့ အေၾကာင္း ရန္ကုန္ကလာတဲ့သတင္း ကို မခင္ျဖဴေထြးေျပာျပမွာပါ။

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ထဲက ႐ိုးရွင္းတဲ့အမႈေတြအတြက္ အမႈတခုစီကို ရက္ေပါင္း ၁၈၀ အတြင္း အၿပီးစစ္ဖို႔ တရားသူႀကီးက ခြင့္ျပဳခဲ့ၿပီးေနာက္ ဒီေန႔မွာ ဒုတိယေန႔အျဖစ္ ေနျပည္ေတာ္က သီးသန္႔တရား႐ံုးမွာ ဆက္လက္စစ္ေဆးပါတယ္။ ဒီကေန႔မွာေတာ့ ဒုတိယေျမာက္အေနနဲ႔ ထပ္မံစစ္ေဆး မႈေတြ လုပ္တာ ျဖစ္ၿပီး ဒီေန႔မွာေတာ့ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ ကိုခ်ဳိးေဖာက္မႈ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ဥပေဒ ပုဒ္မ ၅၀၅(ခ) ခ်ဳိးေဖာက္မႈ တို႔ကိုဒီကေန႔မွာစစ္ေဆး ခဲ့တယ္လို႔ ေဒၚေအာင္ဆန္း စုၾကည္ရဲ႕ ေရွ႕ေနေဒၚစန္းမာလာၫႊန႔္က ဗြီအိုေအ ျမန္မာပိုင္းကိုေျပာပါတယ္။ ၅၀၅(ခ) အမႈအတြက္ တရားလိုဘက္က သက္ေသတင္သြင္းတာကို သူတုိ႔ဖက္က ကန္႔ကြက္ခဲ့တယ္လို႔ ေရွ႕ေနေဒၚစန္းမာလာၫႊန႔္က ေျပာပါတယ္။

"ဒီကေန႔ ၅၀၅(ခ) ကေတာ့ တရားလိုကိုစစ္တယ္။ တရားလိုစစ္ၿပီးသူတို႔သက္ေသခံသြင္းတာကို က်မတို႔ဘက္က ကန႔္ကြက္လို႔ လာမယ့္ ႐ုံးခ်ိန္း ၂ဖက္ေလွ်ာက္လႊဲခ်က္ တင္မယ္။ အမႈမွာသူတို႔ဘက္ကတင္ရင္ အမတို႔ဘက္ကကန႔္ကြက္ပိုင္ခြင့္ရွိတယ္။ သူတို႔ဘက္က သက္ေသခံသြင္းရင္ေပါ့.။ အမတို႔ဘက္ကတင္ရင္လည္း သူတို႔ ကန႔္ကြက္ပိုင္ခြင့္ရွိတယ္ေလ။ ကန႔္ကြက္လို႔ရလို႔ အမတို႔သူတို႔တင္တာကိုကန႔္ကြက္တယ္။ အဲအေပၚလာမယ့္႐ုံးခ်ိန္း ၂ဖက္ေလွ်ာက္လဲခ်က္ေျပာမယ္။ ညီမတို႔ကိုေတာ့ ေလွ်ာက္လဲခ်က္ေပးၿပီးမွ ဘယ္လိုဆိုတာေျပာခ်င္ပါတယ္။ ေနာက္ပုဒ္မ ၂၅ ကေတာ့ သဘာဝေဘးကေတာ့ တရားလိုကိုစစ္တာၿပီးသြားၿပီ။ လာမယ့္႐ုံးခ်ိန္းတရားလိုကိုျပန္လွန္ေမး ရမွာေပါ့"။

ဒီကေန႔ စစ္တဲ့ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ ခ်ဳိးေဖာက္မႈကိုေတာ့ တရားလို ဦးထြန္းျမင့္ေအာင္ ေခၚ ဦးညီညီဆိုသူက အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။ အမ်ားျပည္သူတည္ တည္ၿငိမ္ ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ဥပေဒ ပုဒ္မ ၅၀၅ (ခ) နဲ႔ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ ၃ ေယာက္ေပါင္းကိုေတာ့ အေထြေထြ အုပ္ခ်ဳပ္ေရးဌာနက ဦးစိုးစိုးေ႐ႊက အမႈဖြင့္ထားတာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြကို စတင္စစ္ေဆးတဲ့ မေန႔က ဇြန္ ၁၄ ရက္ေန႔ကေတာ့ သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈဥပေဒနဲ႔ စြဲဆိုခံထားရတဲ့ အမႈ ၂ ခု၊ ထုတ္ကုန္သြင္းကုန္ဥပေဒနဲ႔ စဲြဆိုခံရထားတဲ့ အမႈ၊ ဆက္သြယ္ေရး ဥပေဒနဲ႔ စဲြဆိုခံထားရတဲ့ အမႈ၊ စုစုေပါင္း အမႈ ၄ ခုစစ္ခဲ့ပါတယ္။ ဒီေန႔အမႈ မၾကားနာခင္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္၊ ဦးမ်ိဳးေအာင္တို႔နဲ႔ ေရွ႕ေနေတြ သီးျခားေတြ႕ခြင့္ရခဲ့တယ္လို႔ ေဒၚစန္းမာလာၫႊန႔္ကေျပာပါတယ္။

"မေန႔ကအမႈနဲ႔ ဒီကေန႔အမႈကိစၥေျပာေနတာနဲ႔ အန္တီဘက္ကထူးထူးေထြေထြမွာၾကားတာေတာ့မရွိပါဘူး။ ဒီကေန႔မွာ ၃ေယာက္အမႈဆိုေတာ့ အန္တီတို႔ ၃ေယာက္နဲ႔ က်မတို႔ ေရွ႕ေနေတြနဲ႔ေတာ္ေတာ္ၾကာၾကာေတြ႕ရပါတယ္။"

လာမယ့္ သီတင္းပတ္ ဇြန္ ၂၁ နဲ႔ ၂၂ ရက္ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ ေနာက္ထပ္ ႐ံုးခ်ိန္း႐ွိပါတယ္။ အဲဒီအခါ အျပန္အလွန္ ေလ ွ်ာက္လဲဖို႔ ႐ွိတာေတြနဲ႔ပါတ္သက္လို႔ ေ႐ွ႕ေန ေဒၚစန္းမာလာၫႊန႔္က အခုလို႐ွင္းျပပါတယ္။
"မေန႔က အမႈေတြကေတာ့ သူတို႔ဘက္က တရားလိုေတြ စစ္ၿပီးတာမို႔ လာမယ့္ အပတ္မွာ သူတို႔ဘက္က သက္ေသေတြစစစ္မယ္။ အခု ဒီေန႔ ၅၀၅(ခ) အမႈကေတာ့ တရားလိုကိုစစ္ေနရင္းနဲ႔ သူတို႔သက္ေသခံကို အမတို႔ကန႔္ကြက္ လို႔ ၂ ဖက္ေလွ်ာက္လဲမယ္ လာမယ့္႐ုံးခ်ိန္းက်ရင္။ ဒီေန႔ စစ္တဲ့ ပုဒ္မ ၂၅ တမႈကေတာ့ တရားလိုကိုေတာ့ စစ္ၿပီးတယ္ အမတို႔ဘက္က အဲတရားလိုကိုျပန္လွန္ေမးခြန္းေမးရမယ္"

ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅၊ အစိုးရလွ်ိဳ႕ဝွက္ ခ်က္ေပါက္ ၾကားမႈဥပေဒပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၇ မႈနဲ႔ တရားစြဲခံထားရပါတယ္။ ရန္ကုန္မွာ တရားစြဲခဲ့တဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ေပါက္ ၾကားမႈ ဥပေဒပုဒ္မ ၃(၁) (ဂ)ကို ေနျပည္ေတာ္မွာ ႐ုံးေျပာင္း စစ္ေဆးခြင့္ရမရ ၾကားနာမႈကိုလည္း ေနျပည္ေတာ္တရားလႊတ္ေတာ္ခ်ဳပ္မွာ လာမယ့္ သီတင္းပတ္အတြင္း ဇြန္လ ၂၃ ရက္ေန႔မွာျပဳလုပ္ဖို႔ ရွိေနပါတယ္။

........................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည် ၅၀၅(ခ)အမှု တရားလိုစတင်စစ်ဆေး

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ အမှုတွေထဲက ဒီနေ့ ဇွန်လ ၁၅ ရက်နေ့မှာ အမှု ၂ ခုစစ်ဆေးပါတယ်။ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ တတွဲထဲအမှုဖြစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ တခါ အများပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက်အောင် လုပ်ဆောင်မှု၊ ဒီအမှု ၂ ခုကို စစ်ဆေးတာပါ။ နေပြည်တော်က သီးသန့်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို ဒုတိယမြောက်နေ့အဖြစ် စစ်ဆေးတဲ့ အကြောင်း ရန်ကုန်ကလာတဲ့သတင်း ကို မခင်ဖြူထွေးပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ထဲက ရိုးရှင်းတဲ့အမှုတွေအတွက် အမှုတခုစီကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဖို့ တရားသူကြီးက ခွင့်ပြုခဲ့ပြီးနောက် ဒီနေ့မှာ ဒုတိယနေ့အဖြစ် နေပြည်တော်က သီးသန့်တရားရုံးမှာ ဆက်လက်စစ်ဆေးပါတယ်။ ဒီကနေ့မှာတော့ ဒုတိယမြောက်အနေနဲ့ ထပ်မံစစ်ဆေး မှုတွေ လုပ်တာ ဖြစ်ပြီး ဒီနေ့မှာတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ကိုချိုးဖောက်မှု၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်မှု ဥပဒေ ပုဒ်မ ၅၀၅(ခ) ချိုးဖောက်မှု တို့ကိုဒီကနေ့မှာစစ်ဆေး ခဲ့တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေဒေါ်စန်းမာလာညွှန့်က ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။ ၅၀၅(ခ) အမှုအတွက် တရားလိုဘက်က သက်သေတင်သွင်းတာကို သူတို့ဖက်က ကန့်ကွက်ခဲ့တယ်လို့ ရှေ့နေဒေါ်စန်းမာလာညွှန့်က ပြောပါတယ်။

"ဒီကနေ့ ၅၀၅(ခ) ကတော့ တရားလိုကိုစစ်တယ်။ တရားလိုစစ်ပြီးသူတို့သက်သေခံသွင်းတာကို ကျမတို့ဘက်က ကန့်ကွက်လို့ လာမယ့် ရုံးချိန်း ၂ဖက်လျှောက်လွှဲချက် တင်မယ်။ အမှုမှာသူတို့ဘက်ကတင်ရင် အမတို့ဘက်ကကန့်ကွက်ပိုင်ခွင့်ရှိတယ်။ သူတို့ဘက်က သက်သေခံသွင်းရင်ပေါ့.။ အမတို့ဘက်ကတင်ရင်လည်း သူတို့ ကန့်ကွက်ပိုင်ခွင့်ရှိတယ်လေ။ ကန့်ကွက်လို့ရလို့ အမတို့သူတို့တင်တာကိုကန့်ကွက်တယ်။ အဲအပေါ်လာမယ့်ရုံးချိန်း ၂ဖက်လျှောက်လဲချက်ပြောမယ်။ ညီမတို့ကိုတော့ လျှောက်လဲချက်ပေးပြီးမှ ဘယ်လိုဆိုတာပြောချင်ပါတယ်။ နောက်ပုဒ်မ ၂၅ ကတော့ သဘာဝဘေးကတော့ တရားလိုကိုစစ်တာပြီးသွားပြီ။ လာမယ့်ရုံးချိန်းတရားလိုကိုပြန်လှန်မေး ရမှာပေါ့"။

ဒီကနေ့ စစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ချိုးဖောက်မှုကိုတော့ တရားလို ဦးထွန်းမြင့်အောင် ခေါ် ဦးညီညီဆိုသူက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အများပြည်သူတည် တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်ပေါင်းကိုတော့ အထွေထွေ အုပ်ချုပ်ရေးဌာနက ဦးစိုးစိုးရွှေက အမှုဖွင့်ထားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို စတင်စစ်ဆေးတဲ့ မနေ့က ဇွန် ၁၄ ရက်နေ့ကတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ စွဲဆိုခံထားရတဲ့ အမှု ၂ ခု၊ ထုတ်ကုန်သွင်းကုန်ဥပဒေနဲ့ စွဲဆိုခံရထားတဲ့ အမှု၊ ဆက်သွယ်ရေး ဥပဒေနဲ့ စွဲဆိုခံထားရတဲ့ အမှု၊ စုစုပေါင်း အမှု ၄ ခုစစ်ခဲ့ပါတယ်။ ဒီနေ့အမှု မကြားနာခင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဦးမျိုးအောင်တို့နဲ့ ရှေ့နေတွေ သီးခြားတွေ့ခွင့်ရခဲ့တယ်လို့ ဒေါ်စန်းမာလာညွှန့်ကပြောပါတယ်။

"မနေ့ကအမှုနဲ့ ဒီကနေ့အမှုကိစ္စပြောနေတာနဲ့ အန်တီဘက်ကထူးထူးထွေထွေမှာကြားတာတော့မရှိပါဘူး။ ဒီကနေ့မှာ ၃ယောက်အမှုဆိုတော့ အန်တီတို့ ၃ယောက်နဲ့ ကျမတို့ ရှေ့နေတွေနဲ့တော်တော်ကြာကြာတွေ့ရပါတယ်။"

လာမယ့် သီတင်းပတ် ဇွန် ၂၁ နဲ့ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ထပ် ရုံးချိန်းရှိပါတယ်။ အဲဒီအခါ အပြန်အလှန် လေ ျှာက်လဲဖို့ ရှိတာတွေနဲ့ပါတ်သက်လို့ ရှေ့နေ ဒေါ်စန်းမာလာညွှန့်က အခုလိုရှင်းပြပါတယ်။
"မနေ့က အမှုတွေကတော့ သူတို့ဘက်က တရားလိုတွေ စစ်ပြီးတာမို့ လာမယ့် အပတ်မှာ သူတို့ဘက်က သက်သေတွေစစစ်မယ်။ အခု ဒီနေ့ ၅၀၅(ခ) အမှုကတော့ တရားလိုကိုစစ်နေရင်းနဲ့ သူတို့သက်သေခံကို အမတို့ကန့်ကွက် လို့ ၂ ဖက်လျှောက်လဲမယ် လာမယ့်ရုံးချိန်းကျရင်။ ဒီနေ့ စစ်တဲ့ ပုဒ်မ ၂၅ တမှုကတော့ တရားလိုကိုတော့ စစ်ပြီးတယ် အမတို့ဘက်က အဲတရားလိုကိုပြန်လှန်မေးခွန်းမေးရမယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရလျှို့ဝှက် ချက်ပေါက် ကြားမှုဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရပါတယ်။ ရန်ကုန်မှာ တရားစွဲခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက် ကြားမှု ဥပဒေပုဒ်မ ၃(၁) (ဂ)ကို နေပြည်တော်မှာ ရုံးပြောင်း စစ်ဆေးခွင့်ရမရ ကြားနာမှုကိုလည်း နေပြည်တော်တရားလွှတ်တော်ချုပ်မှာ လာမယ့် သီတင်းပတ်အတွင်း ဇွန်လ ၂၃ ရက်နေ့မှာပြုလုပ်ဖို့ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG