သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံတက်ဖို့ ကုလအတွင်းရေးမှူးချုပ်ကို ဖိတ်ကြား


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres တို့ တွေ့ဆုံ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres တို့ တွေ့ဆုံ

မေလ ၂၄ ရက်နေ့ ကျင်းပဖို့စီစဉ်ထားတဲ့ ၂၁ ရာစုပင်လုံ ဒုတိယစည်းဝေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တက်ရောက်ဖို့ မြန်မာနိုင်ငံက ဖိတ်ကြားထားပါတယ်။

ရေလမ်း ကုန်းလမ်းပါဝင်တဲ့ ခေတ်သစ်ပိုးလမ်းကြီးစီမံကိန်းအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တနင်္လာနေ့က တေ့ွဆုံခဲ့ကြတာပါ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကုလသမဂ္ဂက အားပေး ထောက်ခံနေတဲ့ကိစ္စတွေအပြင် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပြဿနာရဲ့ဇစ်မြစ်ကို မျှမျှတတ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Guterres တို့ ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေကို ဆွေးနွေးကြတဲ့အပြင် မကြာခင်ကျင်းပမယ့် ၂၁ ရာစုပင်လုံ ဒုတိယစည်းဝေးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ မေလ ၁၄ ရက်နဲ့ ၁၅ ရက် ၂ ရက်ကျင်းပခဲ့တဲ့ Belt and Road Forum ထိပ်သီးဆွေးနွေးပွဲအတွင်း နိုင်ငံ့အကြီးအကဲတွေကြား စားပွဲဝိုင်းထိုင် ဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ဆွေးနွေးမိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပိုးလမ်းမသစ်ကြီး စီမံချက် အောင်မြင်စေဖို့အတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှုကို အခြေခံတဲ့ ပြည်သူအချင်းချင်းကြား ကောင်းမွန်တဲ့ဆက်ဆံရေး ရှိမှုနဲ့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ရပ် ရှိမှုတို့ဟာ အဓိကကျတဲ့ အခြေခံအချက်တွေဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အလေးထားပြောခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရည်မှန်းချက်ပေါင်း ၂၇၀ ပြည့်မှီအောင် ဆောင်ရွက်ရမယ့်အစီအစဉ်တွေကို ထိပ်သီးစည်းဝေးပွဲတက်ရောက်ခဲ့တဲ့ နိုင်ငံတွေ သဘောတူညီခဲ့ကြတယ်လို့ တရုတ်သမ္မတ Xi Jinping ကဆွေးနွေးပွဲ အဆုံးသပ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံတက်ဖို့ ကုလအတွင်းရေးမှူးချုပ်ကို ဖိတ်ကြား
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG