သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ Xi Jinping တွေ့ဆုံဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ Xi Jinping တွေ့ဆုံဆွေးနွေး (ဒီဇင်ဘာ ၁ ရက်၊၂၀၁၇ )(MOI)
ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ Xi Jinping တွေ့ဆုံဆွေးနွေး (ဒီဇင်ဘာ ၁ ရက်၊၂၀၁၇ )(MOI)

ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေး ပါတီတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်သမ္မတ Xi Jingping နဲ့ ဒီကနေ့ပဲ တွေ့ဆုံခဲ့ပါတယ်။

အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ညီလာခံမတိုင်မီ တရုတ်သမ္မတနဲ့ သီးသန့်တွေ့ဆုံခဲ့တာဖြစ်ကြောင်း တရုတ်အစိုးရပိုင် မီဒီယာတွေက ဖော်ပြခဲ့ပေမဲ့ ဆွေးနွေးမှု အသေးစိတ်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။

တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားတာပါ။ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အဆုံးသတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ဒီနှစ်အတွင်း ဒုတိယအကြိမ် ထပ်မံသွားရောက်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက တရုတ်နိုင်ငံကို အလည်အပတ်ရောက်ခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတကြိမ် ခရီးစဉ်ကနေ ၂ နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ အားကောင်းလာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ခရီးစဉ်မတိုင်မီမှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ တရုတ်ကွန်မြူနစ် ပါတီတို့ကြား အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြုခဲ့ကြောင်းလည်း သတင်းမှာ ဖော်ပြခဲ့တာပါ။ တနင်္ဂနွေနေ့အထိ ကျင်းပသွားမယ့် ဘေဂျင်းမြို့က ညီလာခံမှာတော့ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ တို့ အပါအဝင် နိုင်ငံပေါင်း ၁၂၀ ကျော်က၊ နိုင်ငံရေးပါတီပေါင်း ၂၀၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG