သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ချက်သမ္မတနိုင်ငံသွားမည်


မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ၊ ၁၄၊ ၂၀၁၈)
မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဒီဇင်ဘာ၊ ၁၄၊ ၂၀၁၈)

မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ အစောပိုင်းမှာ ချက် သမ္မတနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ချက် ဝန်ကြီးချုပ် Andrej Babis ရဲ့ ဖိတ်ကြားချက်နဲ့ ၄ ရက်ကြာ ခရီးစဉ်သွားရောက်မှာ ဖြစ်ပြီး ချက် သမ္မတ Milos Zeman၊ နိုင်ငံခြားရေးဝန်ကြီး Tomas Petricek၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားကြောင်း Radio Prague သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

ချက်သမ္မတဟောင်း Vaclav Havel က ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု ရဖို့ ၁၉၉၁ တုန်းက စာရင်းသွင်း ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

Havel ရဲ့ ကောင်းမွေအဖြစ် ဆက်စပ်နေတဲ့ Forum ၂၀၀၀ အစည်းအဝေးပွဲကို ၂၀၁၃ ခုနှစ်တုန်းက Prague နိုင်ငံမှာ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ချက်သမ္မတနိုင်ငံသွားမည်
please wait

No media source currently available

0:00 0:00:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG