သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေတာ္အတိုင္ပင္ခံ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသ ေရာက္ရွိ


ႏိုင္ငံေတာ္အတိုင္ပင္ခံ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသ ေရာက္ရွိ (Myanmar State Counsellor Office)

(Zawgyi / Unicode)

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ စစ္ကိုင္းတုိင္းေဒသႀကီးခရီးစဥ္ ဒုတိယေန႔မွာ ေလရီွးနဲ႔ ဗန္းေမာက္ၿမိဳ႔ေတြကို သြားေရာက္ၿပီး လူထုေတြဆံုပဲြေတြက်င္းပပါတယ္။

ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းသတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ စစ္ကိုင္းတုိင္းေဒသၾကီး ဒုတိယေန႔ ခရီးစဥ္မွာ ပထမဆံုး ဟုမၼလင္းၿမိဳ႔ကေန နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလရီွးၿမိဳ႔ကို ရဟတ္ယာဥ္ ၂စီးနဲ႔ သြားေရာက္ၿပီး လူထုေတြ႔ဆံုပဲြ က်င္းပခဲ့ပါတယ္။

ေလရီွးၿမိဳ႔ လူထုေတြ႔ဆံုပဲြမွာ ဒီမိုကေရစီ ႏိုင္ငံတည္ေဆာက္ဖုိ႔ ျပည္သူက အေရး ပါေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က အဓိကထား ေျပာၾကား ခဲ့တယ္လို႔ ေလရီွးေဒသ အမိ်ဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမင္းႏိုင္က ေျပာပါတယ္။

“ ႏိုင္ငံေတာ္အေျပာင္းအလဲမွာေပါ့ေနာ္ ျပည္သူလူထုလည္း စည္းကမ္းရိွရိွ ေနဖို႔နဲ႔၊ မိမိကိုယ္ကိုလည္း သူမ်ားကို သည္းခံျခင္း၊ ခြင့္လႊတ္ျခင္းေပါ့ေနာ္၊ ဒီလို သြားမွသာလွ်င္ ဒီမုိကေရစီႏိုင္ငံကို ျပည္သူလူထုပါမွ ေရာက္ႏိုင္တယ္ဆုိတဲ့ဥစၥာလည္း ေျပာပါတယ္။”

ေလရီွးၿမိဳ႔မွာ ၿမိဳ႔ေတာ္ခမ္းမတည္ေဆာက္ေရး၊ ထမံသီ-ေလရီွးလမ္းျပဳျပင္ေရး၊ က်န္းမာေရး၀န္ထမ္းေတြ ပိုမို ခန္႔ထားေရး အပါအဝင္ ျပည္သူေတြရဲ့ ေတာင္းဆို တင္ျပမႈ ေတြကိုေတာ့ သက္ဆုိင္ရာ ၀န္ၾကီးဌာနေတြက သူတုိ႔ရဲံ လက္ရိွ ေဆာင္ရြက္ေနတဲ့အေျခအေန ေတြကို ရွင္းျပခဲ့ၾကသလို ေနာက္ဆက္ၿပီး လုပ္ေဆာင္ဖုိ႔ စီစဥ္ထားတာေတြ ကိုလည္း ေျပာၾကားခဲ့ၾကတယ္ လို႔ ေျပာပါတယ္။

လူထုေတြ႔ဆံုပဲြကို ေလရီွးၿမိဳ႔နယ္အတြင္းရိွ ေက်းရြာအေတာ္မ်ားမ်ားက ျပည္သူေတြ ပါ၀င္ တက္ေရာက္ခဲ့တာ ေၾကာင့္ မူလစီစဥ္ထားတဲ့ေနရာ ကေန ေဘာလံုးကြင္းမွာ ေျပာင္းေရႊ႔က်င္းပခဲ့ရတယ္လို႔ လည္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦး မင္းႏုိင္က ေျပာပါတယ္။

“ က်ေနာ္တုိ႔ ေလရီွးၿမိဳ႔မွာ ၿမိဳ႔ေတာ္ ခမ္းမဆိုတာ မရိွေသးဘူးဗ်။ က်ေနာ္တုိ႔ ေထြအုပ္ရိပ္သာဆုိတာ တစ္ခုရိွတယ္။ ေထြအုပ္ရိပ္သာမွာ လူ ၂၀၀ေလာက္ပဲြ ဆန္႔တယ္။ ဆန္႔တယ္အခါက်ေတာ့ အေမစုက လူထုရဲ့ အင္အားၾကည့္ၿပီးေတာ့မွ ဒီမွာမျဖစ္ဘူး ဆုိၿပီးေတာ့မွ ေဘာ္လံုးကြင္းမွာေလ ေဘာ္လံုးကြင္းမွာ ပဲြၾကည့္စင္မွာ အေမစုတုိ႔က ေနရာယူၿပီးေတာ့မွ ပရိသတ္ၾကေတာ့ ေဘာ္လံုးကြင္းမွာဗ်။ လူေတြကေတာ့ ၇၀၀- ၈၀၀- တစ္ေထာင္နီးနီးတက္တယ္ခင္ဗ်။ နယ္ကလည္း ေတာ္ေတာ္လာတယ္။ ဆြမၼရာတုိ႔၊ ပန္ဆတ္တို႔၊ ကူကီးတို႔၊ ကိုကိုင္လံုတို႔၊ ဟိုး ငက်န္ေပါ့ေနာ္ ေတာ္ေတာ္ေလးလာၾကတယ္ဗ်။ ေလရီွးၿမိဳ႔နယ္က ေတာ္ေတာ္လာၾကတယ္။”

ေလရီွးၿမိဳ႔ကို မနက္ ၁၀နာရီေလာက္မွာ ေရာက္ခဲ့ၿပီး ၁၁နာရီေက်ာ္ေလာက္မွ ေဒၚေအာင္ဆန္း စုၾကည္ဟာဗန္းေမာက္ၿမိဳ႔ကို ဆက္လက္ ထြက္ခြာခဲ့တာပါ။

ဗန္းေမာက္ၿမိဳ႔ ခရီးစဥ္မွာေတာ့ ပထမ ဇလံုေတာင္ ဘုရားကိုသြားေရာက္ဖူးေမွ်ာ္ရာမွာ ဇလံုေတာင္ ဆရာေတာ္က ဇလံုေတာင္မွာ လွ်ပ္စစ္မီးရရိွဖို႔နဲ႔ အသက္ၾကီးသူေတြအတြက္ ဓါတ္ေလွကားတပ္ဆင္ဖုိ႔ မိန္႔ၾကားခဲ့တယ္လို႔ တုိင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီဟန္က ေျပာပါတယ္။ ဒါ့အျပင္ ဗန္းေမာက္ၿမိဳ႔မွာ က်င္းပတဲ့ လူထုေတြ႔ဆံုပဲြမွာ ဒၚေအာင္ဆန္းစုၾကည္ က ပညာေရးနဲ႔ က်န္းမာေရး ဆိုင္ရာကိို အေလးထား ေဆြးေႏြးသြား တာ ေတြ႔ရတယ္လို႔ လည္းေျပာပါတယ္။

“ ပညာေရး၊ က်န္းမာေရးအဓိကေပါ့။ ေနာက္ အသက္ေမြး၀မ္းေက်ာင္းပညာေတြကို ဦးစားေပးၿပီးေတာ့ လုပ္ေစခ်င္တယ္ေပါ့။ တကၠသိုလ္ဘဲြ႔ရမွ ပညာတတ္ေခၚတာမဟုတ္ဘူးေပါ့။ အဲဒါေတြ ဦးစားေပးေျပာတယ္။ ေနာက္တစ္ခါက်ေတာ့ ေဒသရဲ့ လမ္းပန္းဆက္သြယ္ေရးရယ္၊ လွ်ပ္စစ္မီးရရိွေရးရယ္ ဦးစားေပးခ်င္တဲ့သေဘာေပါ့။ အဲဒါေတြ ေျပာတယ္။ ”

ဒီေတြ႔ဆံုပြဲ အတြင္းမွာ ေဒသတြင္း လမ္းတံတား၊ ေက်ာင္း၊ ေဆးရံု၊ ရဲစခန္းတည္ေဆာက္ေရးနဲ႔ လွ်ပ္စစ္မီး ရရိွေရးကိစၥေတြ လုပ္ ေဆာင္ေပးဖုိ႔ ေဒသခံေတြရဲ့ တင္ျပခ်က္ေတြကိုေတာ့ စစ္ကိုင္းတုိင္းေဒသၾကီး အစိုးရအဖဲြ႔က လံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာ၀န္ၾကီး ဗုိလ္မႈးၾကီး သန္းထြန္းေအာင္က ျပန္လည္ရွင္းလင္းေျဖၾကား ေပးခဲ့တယ္ လို႔လည္း ေျပာပါတယ္။

ဗန္းေမာက္က လူထုေတြ႔ဆံုပဲြၿပီးတဲ့ေနာက္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္စာ ကေလးၿမိဳ႔ကို ဆက္လက္ထြက္ခြာ သြားတာ ျဖစ္ၿပီး မနက္ျဖန္မွာေတာ့ အိႏိၵယျမန္မာနယ္စပ္ေဒသက တမူးၿမိဳ႔မွာ လူထုေတြ႔ဆံုပဲြက်င္းပဖုိ႔ စီစဥ္ ထားပါတယ္။

မေန႔ အဂၤါေန႔ကေတာ့ ခႏီၱးၿမိဳ႔က တဆင့္ နန္းယြန္းၿမိဳ႔၊ ဟုမၼလင္း၊ ပင္လည္ဘူးၿမိဳ႔ေတြကို သြားေရာက္ခဲ့ရာမွာ နန္းယြန္းနဲ႔ ပင္လည္ဘူးၿမိဳ႔မွာ လူထုေတြ႔ဆံုပဲြက်င္းပၿပီး ပညာေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ေရးနဲ႔ ေဒသဖံြ႔ျဖိဳးေရးကိစၥရပ္ေတြကို ေဆြးေႏြးခဲ့့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

နိုင်ငံတော်အတိုင်ပင်ခံ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရောက်ရှိ

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ် ဒုတိယနေ့မှာ လေရှီးနဲ့ ဗန်းမောက်မြို့တွေကို သွားရောက်ပြီး လူထုတွေဆုံပွဲတွေကျင်းပပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယနေ့ ခရီးစဉ်မှာ ပထမဆုံး ဟုမ္မလင်းမြို့ကနေ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ကို ရဟတ်ယာဉ် ၂စီးနဲ့ သွားရောက်ပြီး လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ပါတယ်။

လေရှီးမြို့ လူထုတွေ့ဆုံပွဲမှာ ဒီမိုကရေစီ နိုင်ငံတည်ဆောက်ဖို့ ပြည်သူက အရေး ပါကြောင်း ဒေါ်အောင်ဆန်းစုကြည် က အဓိကထား ပြောကြား ခဲ့တယ်လို့ လေရှီးဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းနိုင်က ပြောပါတယ်။

“ နိုင်ငံတော်အပြောင်းအလဲမှာပေါ့နော် ပြည်သူလူထုလည်း စည်းကမ်းရှိရှိ နေဖို့နဲ့၊ မိမိကိုယ်ကိုလည်း သူများကို သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းပေါ့နော်၊ ဒီလို သွားမှသာလျှင် ဒီမိုကရေစီနိုင်ငံကို ပြည်သူလူထုပါမှ ရောက်နိုင်တယ်ဆိုတဲ့ဥစ္စာလည်း ပြောပါတယ်။”

လေရှီးမြို့မှာ မြို့တော်ခမ်းမတည်ဆောက်ရေး၊ ထမံသီ-လေရှီးလမ်းပြုပြင်ရေး၊ ကျန်းမာရေးဝန်ထမ်းတွေ ပိုမို ခန့်ထားရေး အပါအဝင် ပြည်သူတွေရဲ့ တောင်းဆို တင်ပြမှု တွေကိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သူတို့ရဲံ လက်ရှိ ဆောင်ရွက်နေတဲ့အခြေအနေ တွေကို ရှင်းပြခဲ့ကြသလို နောက်ဆက်ပြီး လုပ်ဆောင်ဖို့ စီစဉ်ထားတာတွေ ကိုလည်း ပြောကြားခဲ့ကြတယ် လို့ ပြောပါတယ်။


လူထုတွေ့ဆုံပွဲကို လေရှီးမြို့နယ်အတွင်းရှိ ကျေးရွာအတော်များများက ပြည်သူတွေ ပါဝင် တက်ရောက်ခဲ့တာ ကြောင့် မူလစီစဉ်ထားတဲ့နေရာ ကနေ ဘောလုံးကွင်းမှာ ပြောင်းရွှေ့ကျင်းပခဲ့ရတယ်လို့ လည်း လွှတ်တော်ကိုယ်စားလှယ် ဦး မင်းနိုင်က ပြောပါတယ်။

“ ကျနော်တို့ လေရှီးမြို့မှာ မြို့တော် ခမ်းမဆိုတာ မရှိသေးဘူးဗျ။ ကျနော်တို့ ထွေအုပ်ရိပ်သာဆိုတာ တစ်ခုရှိတယ်။ ထွေအုပ်ရိပ်သာမှာ လူ ၂၀၀လောက်ပွဲ ဆန့်တယ်။ ဆန့်တယ်အခါကျတော့ အမေစုက လူထုရဲ့ အင်အားကြည့်ပြီးတော့မှ ဒီမှာမဖြစ်ဘူး ဆိုပြီးတော့မှ ဘော်လုံးကွင်းမှာလေ ဘော်လုံးကွင်းမှာ ပွဲကြည့်စင်မှာ အမေစုတို့က နေရာယူပြီးတော့မှ ပရိသတ်ကြတော့ ဘော်လုံးကွင်းမှာဗျ။ လူတွေကတော့ ၇၀၀- ၈၀၀- တစ်ထောင်နီးနီးတက်တယ်ခင်ဗျ။ နယ်ကလည်း တော်တော်လာတယ်။ ဆွမ္မရာတို့၊ ပန်ဆတ်တို့၊ ကူကီးတို့၊ ကိုကိုင်လုံတို့၊ ဟိုး ငကျန်ပေါ့နော် တော်တော်လေးလာကြတယ်ဗျ။ လေရှီးမြို့နယ်က တော်တော်လာကြတယ်။”

လေရှီးမြို့ကို မနက် ၁၀နာရီလောက်မှာ ရောက်ခဲ့ပြီး ၁၁နာရီကျော်လောက်မှ ဒေါ်အောင်ဆန်း စုကြည်ဟာဗန်းမောက်မြို့ကို ဆက်လက် ထွက်ခွာခဲ့တာပါ။

ဗန်းမောက်မြို့ ခရီးစဉ်မှာတော့ ပထမ ဇလုံတောင် ဘုရားကိုသွားရောက်ဖူးမျှော်ရာမှာ ဇလုံတောင် ဆရာတော်က ဇလုံတောင်မှာ လျှပ်စစ်မီးရရှိဖို့နဲ့ အသက်ကြီးသူတွေအတွက် ဓါတ်လှေကားတပ်ဆင်ဖို့ မိန့်ကြားခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟန်က ပြောပါတယ်။ ဒါ့အပြင် ဗန်းမောက်မြို့မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဒါ်အောင်ဆန်းစုကြည် က ပညာရေးနဲ့ ကျန်းမာရေး ဆိုင်ရာကို အလေးထား ဆွေးနွေးသွား တာ တွေ့ရတယ်လို့ လည်းပြောပါတယ်။

“ ပညာရေး၊ ကျန်းမာရေးအဓိကပေါ့။ နောက် အသက်မွေးဝမ်းကျောင်းပညာတွေကို ဦးစားပေးပြီးတော့ လုပ်စေချင်တယ်ပေါ့။ တက္ကသိုလ်ဘွဲ့ရမှ ပညာတတ်ခေါ်တာမဟုတ်ဘူးပေါ့။ အဲဒါတွေ ဦးစားပေးပြောတယ်။ နောက်တစ်ခါကျတော့ ဒေသရဲ့ လမ်းပန်းဆက်သွယ်ရေးရယ်၊ လျှပ်စစ်မီးရရှိရေးရယ် ဦးစားပေးချင်တဲ့သဘောပေါ့။ အဲဒါတွေ ပြောတယ်။ ”

ဒီတွေ့ဆုံပွဲ အတွင်းမှာ ဒေသတွင်း လမ်းတံတား၊ ကျောင်း၊ ဆေးရုံ၊ ရဲစခန်းတည်ဆောက်ရေးနဲ့ လျှပ်စစ်မီး ရရှိရေးကိစ္စတွေ လုပ် ဆောင်ပေးဖို့ ဒေသခံတွေရဲ့ တင်ပြချက်တွေကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး သန်းထွန်းအောင်က ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့တယ် လို့လည်း ပြောပါတယ်။

ဗန်းမောက်က လူထုတွေ့ဆုံပွဲပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်စာ ကလေးမြို့ကို ဆက်လက်ထွက်ခွာ သွားတာ ဖြစ်ပြီး မနက်ဖြန်မှာတော့ အိန္ဒိယမြန်မာနယ်စပ်ဒေသက တမူးမြို့မှာ လူထုတွေ့ဆုံပွဲကျင်းပဖို့ စီစဉ် ထားပါတယ်။

မနေ့ အင်္ဂါနေ့ကတော့ ခန္တီးမြို့က တဆင့် နန်းယွန်းမြို့၊ ဟုမ္မလင်း၊ ပင်လည်ဘူးမြို့တွေကို သွားရောက်ခဲ့ရာမှာ နန်းယွန်းနဲ့ ပင်လည်ဘူးမြို့မှာ လူထုတွေ့ဆုံပွဲကျင်းပပြီး ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG