သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဥက္ကဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်


Caption 2020-09-03 07:10:30 1
Caption 2020-09-03 07:10:30 1

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဥက္ကဌဟောင်း ဦးအောင်ရွှေ ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့ ည ၉ နာရီ ၃၆ မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၁၀၁ နှစ်ရှိပါပြီ။ ၁၉၉၀ ခုနှစ်ကာလတဝိုက် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ဖမ်းဆီးခံရချိန်ကစပြီး၊ NLD ပါတီကို ထိန်းသိမ်း ဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လည်လွှတ်မြောက်ပြီးနောက်ပိုင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအရ NLD ပါတီကို ပြန်လည်ဖွဲ့စည်းမှုမှာတော့ နိုင်ငံရေးအရ အနားယူသွားပါတယ်။ ဦးအောင်ရွေဟာ တပ်မတော်မှာ ၁၉၄၅ခုနှစ်ကစပြီး တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး၊ မြောက်ပိုင်းတိုင်း တိုင်းမှုးဘ၀ ဗိုလ်မှုးချုပ်အဆင့်နဲ့ တပ်မတော်က အနားယူခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သားသုံးဦး၊ သမီး သုံးဦး ကျန်ရစ်ခဲ့ပါတယ်။ ဦးအောင်ရွှေ ကွယ်လွန်သွားတဲ့သတင်းနဲ့ပတ်သက်လို့ မသီင်္ဂထိုက်က NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ အပါအဝင် ပါတီ ခေါင်းဆောင်ပိုင်းတွေ အဖမ်းခံနေရချိန် ပါတီအနေနဲ့ အခက်ခဲဆုံး အကြပ်တည်းဆုံး ကာလကို ဖြတ်သန်းရချိန်မှာ ပါတီကို ဦးဆောင်မှု ပေးခဲ့သူဖြစ်ပါတယ်လို့ ဒေါက်တာ မေးဝင်းမြင့်က အခုလို ပြောဆိုခဲ့ပါတယ်။

ဒေါက်တာမေဝင်းမြင့်။ ။ ၉ နာရီ ၃၆ မိနစ်မှာ ဆုံးသွားပါပြီ။

သိင်္ဂ ီထိုက်။ ။ သမ္မတကြီး လာကြည့်တာ ဒီကနေ့ပါလား။

ဒေါက်တာ မေဝင်းမြင့်။ ။ ဒီကနေ့ပါရှင့်။ ဒီကနေ့ ပြီးခဲ့တဲ့ ၂ နာရီ မိနစ် ၂၀ ၊ ၂၅ လောက်တုန်းက အဲဒီတုန်းက လာပါတယ်။

သိင်္ဂ ီထိုက်။ ။ သူနဲ့ ပတ်သက်လို့ အခု ပါတီဘက်ကရော၊ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော။ ဘာတွေများ ဆောင်ရွက်နေတာ ရှိပါလဲ။

ဒေါက်တာ မေဝင်းမြင့်။ ။ အခုဆုံးတဲ့ အချိန်က ဘယ်လိုပြောမလဲ မိုးလည်းအရမ်းချုပ်နေပြီလေ။ သက်ဆိုင်ရာကို သတင်းပို့ပြီးသွားပြီ။ စီစဉ်တာတော့ ပါတီဘက်ကဘဲ စီစဉ်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီးဘဲ ပါတီနဲ့ ဈာပန ကိစ္စကို လုပ်ပေးမှာ ဖြစ်ပါတယ်။ ကျမတို့ အသေးစိတ်တော့ မသိရသေးပါဘူးနော်။ သိတဲ့အခါမှ ပြောပြပါမယ်။

သိင်္ဂ ီထိုက်။ ။ ဆရာမ အမှတ်တရ တခုခု ပြောလို့ ရပါလား။

ဒေါက်တာ မေဝင်းမြင့်။ ။ အန်တီတို့လည်း စိတ်မကောင်း ဖြစ်နေရတယ်ပေါ့နော်။ အန်တီကတော့ အန်ကယ်နဲ့ တောက်လျှောက် တွဲခဲ့ရတာပေါ့နော်။ တွဲပြီးလုပ်ခဲ့ရတော့ အန်ကယ်က ၁၉၉၀ ပြည့်နှစ် မရမ်းကုန်းမြို့နယ် အမှတ် ၁ ကိုယ်စားလှယ်ပေါ့နော်။ မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ် ဖြစ်တဲ့ အခါကျတော့ တောက်လျှောက်တွဲခဲ့ရတယ်။ အဲဒီ အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ကျတယ်။ အဲဒီအခါမှာ အင်မတန် ခက်ခဲ ကြမ်းတမ်းတဲ့ ကာလ တခုလုံးကို အန်ကယ် ဦးအောင်ရွှေက ဥက္ကဌ အဖြစ်နဲ့ အဖွဲ့ချုပ်ရဲ့ အလံ၊ ဆိုင်းဘုတ် မကျအောင် ကြံ့ကြံ့ခံ ရပ်တည်ပေးခဲ့တဲ့ ခေါင်းဆောင်ကောင်း တဦး ဖြစ်ပါတယ်။

အဲဒီအခါမှာ အန်ကယ် ဟို ကျမတို့ မှတ်မှတ်ရရ ပြောမယ်ဆိုရင် ၁/ ၉၀ လက်မှတ်ထိုးတဲ့ အချိန်မှာ မကျေနပ်ပါဘူး။ ကျမတို့က ဘာကြောင့်ထိုးရလဲလို့ မေးတဲ့ အခါမှာ အန်ကယ် ပြန်ဖြေခဲ့တဲ့ စကားတခွန်း ရှိပါတယ်။ ထောင်တွင်းမှာ ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အဖွဲ့ဝင်တွေက အဖွဲ့ချုပ် ဆိုင်းဘုတ်နဲ့ ပါတီ ရှိနေမှသာလျင် သူတို့ အတွက် ကယ်တင်နိုင်မယ်။ အဲဒီတုန်းက ၁/ ၉၀ ကို လက်မှတ်မထိုးရင် ဖမ်းမှာလေ။ ဆိုင်းဘုတ်ချပြီး လုပ်မှာဆိုတော့ ဒါကို ကြံ့ကြံံ့ခံပြီး ဒါကို ရပ်တည်ပြီး အန်ကယ် လက်မှတ်ထိုးရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အန်ကယ် စိတ်မကောင်းလွန်းလို့ အန်ကယ့် ဘောပင်နဲ့တောင် လက်မှတ် မထိုးပါဘူးတဲ့။ သူတို့ဘောပင်နဲ့ဘဲ လက်မှတ်ထိုးပါတယ် ဆိုတဲ့ စကားလေးက အခုအချိန်ထိ ကျမရင်ထဲမှာ စွဲနေတာ ရှိပါတယ်။ ဒါလေးကတော့ အမှတ်တရပေါ့နော်။

U Aung Shwe
please wait

No media source currently available

0:00 0:02:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG