သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအမႈစြဲခ်က္တင္ 


ပညာေရးဖြံ႔ၿဖိဳးမႈအေကာင္အထည္ေဖာ္ေရးဆုိင္ရာ အစည္းအေဝးကာလအတြင္း ခင္းက်င္းျပသထားတဲ့ လက္မႈပစၥည္းမ်ားကို ၾကည့္႐ႈေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္။ (ဇန္နဝါရီ ၂၈၊၂၀၂၀)

[[Zawgyi/Unicode]]


ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ ရန္ကုန္နဲ႔ ေနျပည္ေတာ္တို႔မွာ အေဆာက္အဦးနဲ႔ ေျမေနရာေတြ ရယူရာမွာ အဂတိလိုက္စားတယ္လို႔ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ပုဒ္မ ၅၅ နဲ႔ အမႈ ၄ မႈအတြက္ စြဲခ်က္တင္လိုက္ပါတယ္။

ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္ထဲမွာ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းအတြက္ အေဆာက္အဦးနဲ႔ ေျမေနရာ ရယူမႈနဲ႔ပတ္သက္လု႔ိ ေဒၚေအာင္ဆန္းစုၾကည္တေယာက္တည္းကို အမႈ ၁ ခုနဲ႔ စြဲခ်က္တင္ပါတယ္။

ေနျပည္ေတာ္က လေရာင္ေတာ စိုက္ပ်ိဳးသက္ေမြးပညာ သင္တန္းေက်ာင္းစီမံကိန္းအတြက္ ေျမေနရာ ၂ ခုရယူမႈနဲ႔ပတ္သက္လို႔ NLD အစိုးရလက္ထက္က ေနျပည္ေတာ္ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ မ်ိဳးေအာင္၊ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးနဲ႔ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီဝင္ ဦးမင္းသူတို႔ အမႈ ၂ ခုမွာ ပူးတြဲ စဲြခ်က္တင္ခံရပါတယ္။ ဒါ့အျပင္ လေရာင္ေတာစီမံကိန္းအတြင္း ေနထိုင္ဖို႔ ေနအိမ္ေဆာက္လုပ္လို႔ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ ၁ ေယာက္တည္းကို အမႈ ၁ မႈအတြက္ စြဲခ်က္တင္လိုက္တာမို႔ စုစုေပါင္း ၄ မႈအတြက္ စြဲခ်က္တင္ခံရတာျဖစ္ပါတယ္

ဒီေန႔ ေနျပည္ေတာ္ အထူးတရားရံုးမွာ ဒီအမႈေတြအျပင္ စီးပြားေရးလုပ္ငန္းရွင္ ေမာင္ဝိတ္က လာဘ္ ထိုးတဲ့ ေဒၚလာေငြ ၅ သိန္း ေဒၚေအာင္ဆန္းစုၾကည္ လက္ခံယူခဲ့တယ္ဆိုတဲ့အမႈကိုလည္း ၾကားနာခဲ့ပါတယ္။ ေနာက္တေခါက္ရံုးခ်ိန္းက်ရင္ေတာ့ လုပ္ငန္းရွင္ ေမာင္ဝိတ္ကိုယ္တိုင္ လာေရာက္ထြက္ဆိုရမယ္လို႔ တရား႐ုံုးက ဆံုးျဖတ္ပါတယ္။ ဒီကေန႔စစ္ေဆးတဲ့အမႈေတြကို ေရွ႕သီတင္းပတ္ ေမလ ၃၁ ရက္ အဂၤါေန႔မွာ ဆက္လက္ စစ္ေဆးၾကားနာမွာျဖစ္ပါတယ္။ ဒီေန႔ တရားရံုးလာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးအေျခအေန လည္းေကာင္းမြန္တယ္လို႔ သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္ဥပေဒခ်ိဳး ေဖာက္မႈ၊ သဘာဝကပ္ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္မႈ၊ အဂတိလိုက္စားမႈေတြအပါအဝင္ အမႈေပါင္း ၁၈ မႈနဲ႔ တရားစြဲခဲ့ၿပီး အမႈ ၆ မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုစွဲချက်တင်


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နဲ့ နေပြည်တော်တို့မှာ အဆောက်အဦးနဲ့ မြေနေရာတွေ ရယူရာမှာ အဂတိလိုက်စားတယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၅ နဲ့ အမှု ၄ မှုအတွက် စွဲချက်တင်လိုက်ပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် အဆောက်အဦးနဲ့ မြေနေရာ ရယူမှုနဲ့ပတ်သက်လု့ိ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းကို အမှု ၁ ခုနဲ့ စွဲချက်တင်ပါတယ်။

နေပြည်တော်က လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းအတွက် မြေနေရာ ၂ ခုရယူမှုနဲ့ပတ်သက်လို့ NLD အစိုးရလက်ထက်က နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ အမှု ၂ ခုမှာ ပူးတွဲ စွဲချက်တင်ခံရပါတယ်။ ဒါ့အပြင် လရောင်တောစီမံကိန်းအတွင်း နေထိုင်ဖို့ နေအိမ်ဆောက်လုပ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ၁ ယောက်တည်းကို အမှု ၁ မှုအတွက် စွဲချက်တင်လိုက်တာမို့ စုစုပေါင်း ၄ မှုအတွက် စွဲချက်တင်ခံရတာဖြစ်ပါတယ်

ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ဒီအမှုတွေအပြင် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က လာဘ် ထိုးတဲ့ ဒေါ်လာငွေ ၅ သိန်း ဒေါ်အောင်ဆန်းစုကြည် လက်ခံယူခဲ့တယ်ဆိုတဲ့အမှုကိုလည်း ကြားနာခဲ့ပါတယ်။ နောက်တခေါက်ရုံးချိန်းကျရင်တော့ လုပ်ငန်းရှင် မောင်ဝိတ်ကိုယ်တိုင် လာရောက်ထွက်ဆိုရမယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။ ဒီကနေ့စစ်ဆေးတဲ့အမှုတွေကို ရှေ့သီတင်းပတ် မေလ ၃၁ ရက် အင်္ဂါနေ့မှာ ဆက်လက် စစ်ဆေးကြားနာမှာဖြစ်ပါတယ်။ ဒီနေ့ တရားရုံးလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ လည်းကောင်းမွန်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုး ဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှုတွေအပါအဝင် အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။

============

XS
SM
MD
LG