သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ် ဒုတိယနေ့မှာ သြစတြေးလျ ရွှေ ၃ ခုနဲ့ ဦးဆောင်နေ


အမျိုးသား Hockey ပြိုင်ပွဲ Australia အသင်းနှင့် Spain အသင်း
အမျိုးသား Hockey ပြိုင်ပွဲ Australia အသင်းနှင့် Spain အသင်း

Rio ၂၀၁၆ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်မှာ သြစတေးလျနိုင်ငံက ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂ စုစုပေါင်း ဆုတံဆိပ် ၅ ခုနဲ့ ဦးဆောင်နေပါတယ်။ အီတလီနိုင်ငံကတော့ ရွှေ ၂ ခု၊ ငွေ ၃ ခု၊ ကြေး ၂ ခု ၊ စုစုပေါင်း ဆုတံဆိပ် ၇ ခုနဲ့ ဒုတိယနေရာက လိုက်နေပါတယ်။ တရုတ်နိုင်ငံကတော့ ရွှေ ၂ ခု၊ ငွေ ၂ ခု၊ ကြေး ၃ ခုနဲ့ တတိယ နေရာမှာ ရှိနေပါတယ်။

တောင်ကိုရီးယားနိုင်ငံက ရွှေ ၂ ခု၊ ငွေ ၂ ခု၊ ကြေး ၁ ခု စုစုပေါင်း ဆုတံဆိပ် ၅ ခုရရှိထားပြီး အမေရီကန်ပြည်ထောင်စုကတော့ ရွှေ ၁ ခု၊ ငွေ ၅ ခု၊ ကြေး ၁ ခု စုစုပေါင်း ဆုတံဆိပ် ၇ ခု ရရှိထားပါတယ်။ ဂျပန်နိုင်ငံဟာလည်း ရွှေ ၁ ခု၊ ကြေး ၆ ခုနဲ့ စုစုပေါင်း ဆုတံဆိပ် ၇ ရရှိထားပြီး ဖြစ်ပါတယ်။

အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာတော့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ရွှေတံဆိပ် တခု၊ ဗီယက်နမ်နိုင်ငံက ရွှေ ၁ ခု အသီးသီး ရရှိထားကြပြီး ဖြစ်ပါတယ်။

၂၀၁၆ ရီယို အိုလံပစ်ပွဲတော်မှာ တနင်္ဂနွေနေ့က တင်းနစ်ချန်ပီယံ Serena Williams က ဒုတိယ အချီပြိုင်ပွဲမှာ Australia က Daria Gavrilova ကို ၆ မှတ် ၄ မှတ်- ၆ မှတ် ၂ မှတ်နဲ့ အနိုင်ရသွားပါတယ်။

တနင်္ဂနွေနေ့မှာ လေက တနာရီ ၁၅ မိုင်နှုန်းနဲ့ တိုက်နေတာမို့ ပြိုင်ပွဲတွေကို တနာရီခွဲလောက် နောက်ကျပြီးမှ ပြုလုပ်ခဲ့ရသလို ရီယိုဒီဂျနဲရိုးက Barra အဆောက်အဦးလည်း ပျက်စီးခဲ့ရပါတယ်။

အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပနေတုန်းမှာလည်း သတင်းမီဒီယာ ရဟတ်ယာဉ်တွေနဲ့ လိုက်ကြည့်ပြီး သတင်းမယူနိုင်ပဲ မြေပြင်မှာပဲ ရပ်ထားရတာပါ။ လေပြင်းတိုက်ခတ်မှုကြောင့် စနေနေ့က လှေတစင်း တိမ်းမှောက်ခဲ့ရတဲ့အတွက် ပြိုင်ပွဲဝင်တွေရဲ့ ပြောဆိုမှုတွေကြောင့် လှေလှော်ပြိုင်ပွဲတွေလည်း အချိန်ရွှေ့ဆိုင်းခဲ့ရပါတယ်။

တားမြစ်ဆေး သုံးစွဲမှုနဲ့ အိုလံပစ် ကော်မတီက ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြန်ပြီးခွင့်ပြုခဲ့တဲ့ နာမည်ကြီး ရုရှား ရေကူးသမားတွေထဲက Yulia Efimova က မီတာ ၁၀၀ ကူးပွဲမှာ အနိုင်ရခဲ့ပါတယ်။

အိုလံပစ်ရာဇဝင်မှာ စံတင်လောက်တဲ့ အမေရိကန် ရေကူးချန်ပီယံ Michael Phelps လည်း တနင်္ဂနွေနေ့က အလွတ်ကူး လက်ဆင့်ကမ်း ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။

အမျိုးသမီး မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲမှာ စံချိန်သစ် တင်ထားတဲ့ အမေရိကန်က အသက် ၁၉ နှစ်အရွယ် Katie Ledecky လည်း ဝင်ရောက်ယှဉ်ပြိုင်နေ တာပါ။

ဒုတိယနေ့ ပွဲစဉ်တွေထဲမှာ အမျိုးသား တန်းကျော်ပြေးပွဲ၊ ဂျူဒို၊ အမျိုးသမီး စက်ဘီးပြိုင်ပွဲ တွေလည်း ကျင်းပခဲ့ပါတယ်။

Rio အိုလံပစ် ဒုတိယနေ့မှာ သြစတြေးလျ ရွှေ ၃ ခုနဲ့ ဦးဆောင်နေ
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG